Mobile

Android Game တွေဆော့ဖို့ အကောင်းဆုံး Tablet များ

ရုပ်ထွက်ကောင်းမွန်ပြီး ဂိမ်းတွေကိုကောင်းကောင်း Run နိုင်တဲ့ Tablet တစ်လုံးဆိုရင် လူတိုင်း၀ယ်ယူကြမှာပါ။ အဲဒီလိုဖြစ်ဖို့ကလည်း Graphic ကောင်းပြီး Processor နဲ့ RAM တွေ နိုင်ဖို့လိုအပ်ပါတယ်။ အခုကတော့ Android Tablet တွေထဲကမှ ဂိမ်းတွေကို အမြန်ဆုံး၊ အကောင်းဆုံး ဆော့နိုင်တဲ့ Tablet အကောင်းစားတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

Sony Xperia Tablet S

Sony Xperia Tablet S

ပထမဦးဆုံး Tablet ကတော့ Sony ကထုတ်လုပ်တဲ့ Sony Xperia Tablet S ပဲဖြစ်ပါတယ်။ ဒေါ်လာ ၂၆၀ လို့ကြေညာထားပြီးတော့ “Splash Proof” လို့လည်းဆိုပါတယ်။ Xperia Z Smartphone လိုမျိုး Water Proof တော့ မဟုတ်ပေမယ့် ရေစင်တာ၊ မတော်တဆ ရေစိုတာတွေလောက်တော့ ကာကွယ်နိုင်ပါတယ်။ Android Version 4.1.1 ကိုသုံးထားပြီး RAM 1GB နဲ့ CPU ကို NVIDIA Tegra3 1.3 GHz, Graphic ကို ULP GeForce (12-core) တပ်ဆင်ထားကာ အလေးချိန် 1.22 lb ပဲရှိပါတယ်။

ASUS Transformer Infinity Pad TF700

ASUS Transformer Infinity Pad TF700

နောက်တစ်ခုကတော့ ASUS Transformer Infinity Pad TF700 ဆိုတဲ့ Tablet ပါ။ CPU ကို 1.6 GHz NVIDIA Tegra 3, RAM 1GB, Android Version 4.11 နဲ့ အထက်က Tablet အတိုင်း Graphic ကို ULP GeForce (12-Core) တပ်ဆင်ထားပါတယ်။ ဒေါ်လာ ၄၉၉ သတ်မှတ်ထားပြီး CNET ရဲ့ သတ်မှတ်ချက်အရတော့ “Very Good” လို့ဆိုထားပါတယ်။ Tablet အနေနဲ့သာမက Laptop တစ်လုံးပုံစံမျိုးပါ သုံးလို့ရပါတယ်။

Google Nexus 10 Tablet

Google Nexus 10 Tablet

Google ကထုတ်တဲ့ Google Nexus 10 Tablet ပါ။ CPU 1.7GHz Dual-Core Samsung Exynos 5 Dual (5250), Graphics ကို Mali- T604(quad-core), RAM 2GB, Android Version 4.2.2 နဲ့ အကောင်းစား Tablet တစ်လုံးပဲဖြစ်ပါတယ်။ Android ရဲ့ အကောင်းဆုံး iPad လို့တောင် တင်စားခြင်းခံရပါတယ်။ ဒေါ်လာ ၄၀၀ ခန့်သတ်မှတ်ထားပြီး Bluetooth, NFC စတဲ့ Feature တွေအကုန်ပါ၀င်ပါတယ်။ CNET ရဲ့ သတ်မှတ်ချက်အရတော့ “Excellent” လို့ ဆိုထားပါတယ်။

Sony Xperia Tablet Z

Sony Xperia Tablet Z

Sony ကပဲ ထုတ်လုပ်ထားတဲ့ Sony Xperia Tablet Z ဖြစ်ပါတယ်။ 1.5 GHz Qualcomm S4 Pro CPU နဲ့ Adreno 320 (single-core) Graphics သုံးထားပါတယ်။ RAM ကတော့ 2GB ပါ။ Android Version 4.1.2 သုံးထားပြီး ဒေါ်လာ ၅၀၀ခန့် သတ်မှတ်ထားပါတယ်။ ရေစိုခံ Water Proof အမျိုးအစားပဲဖြစ်ပါတယ်။ မျက်နှာပြင် ဆယ်လက်မနဲ့ အထူ ၀.၂၇ လက်မရှိပါတယ်။

“Google Nexus 7” (2013 version)

“Google Nexus 7” (2013 version)

နောက်ဆုံးတစ်ခုကတော့ နာမည်ကြီး “Google Nexus 7” (2013 version) ပါ။ HD Display, Android 4.3 Version, 16 GB နဲ့ 32 GB ဆိုပြီး မော်ဒယ်နှစ်မျိုးရှိပါတယ်။ 16 GB က ဒေါ်လာ ၂၃၀ပါ။ 32 GB ကတော့ ဒေါ်လာ ၂၇၀ ဖြစ်ပြီးတော့ 4G LTE Version ကို ဒေါ်လာ ၃၅၀ သတ်မှတ်ထားပါတယ်။ SD Card တော့ထပ်မထည့်နိုင်ပါဘူး။ လက်တစ်ဝါး အရွယ်ခန့်သာ ရှိပြီးတော့ Performance, Processing တွေ အလွန်ကောင်းမွန်ကာ နောက်ဆုံးထွက် အကောင်းဆုံး Tablet တစ်မျိုး ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *