Apps

ယနေ့အချိန်အထိ အသုံးပြုအများဆုံး Free ရတဲ့ iOS App များ

မြန်မာပြည်မှာသာမက ကမ္ဘာမှာပါ နာမည်ကြီးနေတဲ့ Apple iDeviceတွေအတွက် မီလီယံနှင့်ချီတဲ့ Appတွေထဲမှ ယနေ့အချိန်အထိ အသုံးပြုအများဆုံး Free ရတဲ့ App တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ iOS သုံး Facebook Appပါ။

Facebook App For iPhones

Facebook App For iPhones

၂။ ကမ္ဘာပေါ်မှာ ဘယ်နေရာကိုရောက်ရောက် တေးဂီတတွေနဲ့ အဆက်မပြတ်စေတဲ့ Pandora Radio ပါ။ နာရီလေးဆယ် အခမဲ့နားထောင်နိုင်ပြီးတော့ နာရီလေးဆယ်ထက်နားထောင်ချင်ရင် 0.99 ဒေါ်လာ ပေးဆောင်ရမှာပဲ ဖြစ်ပါတယ်။

Pandora Radio

Pandora Radio

၃။ အခုလက်ရှိ ခေတ်စားနေတဲ့ Instagram ပါ။ Instagram ဆိုတာကတော့ ဓာတ်ပုံတွေချည်းပဲတင်လို့ ရတဲ့ App တစ်ခုဖြစ်ပြီး Facebook လို Statusတော့ တင်လို့ မရပါဘူး။

Instagram

Instagram

၄။ နံပါတ်လေးကတော့ ကမ္ဘာ့လူကြည့်အများ Channel တစ်ခုလို့ တင်စားခေါ်ေဝါ်ရမယ့် You Tube app ပါ။ iPhone လို ဖုန်းအကောင်းစားမှာတော့ Video တွေကို ကောင်းကောင်း Run နိုင်ပြီး Free ရတဲ့ Top App တစ်ခုပါ။

You Tube

You Tube

၅။ iOS သုံး Skype App ပါ။ သူငယ်ချင်းတွေ မိသားစုတွေနဲ့ Voice Call, Video Call, Text Message စတာတွေကို ပေးပို့နိုင်ပါတယ်။

Skype

Skype

၆။ Words With Friends Free ဆိုတဲ့ Game လေးပါ။ Facebookက သူငယ်ချင်းတွေနဲ့အတူတူ ဆော့ကစားနိုင်တဲ့ Scrabble ဂိမ်းလေးပါ။

"Words With Friends" Scrabble Game

“Words With Friends” Scrabble Game

၇။ The Weather Channel ဆိုတဲ့ iOS သုံး ရာသီဥတုသတင်းတွေ စဉ်ဆက်မပြတ် ဖော်ပြတဲ့ App ပါ။

The Weather Channel

The Weather Channel

၈။ Social Site တစ်ခုဖြစ်တဲ့ Twitter ပါ။ မြန်မာတွေကတော့ Facebookတစ်ခုတည်းကို အသုံးများကြပေမယ့် နိုင်ငံခြားသားများက Twitterကိုပါ အတော်လေး သုံးကြပါတယ်။

Twitter

Twitter

၉။ ဟိုတစ်လောကမှ အရမ်းနာမည်ကြီးခဲ့တဲ့ Temple Run ဂိမ်းပါ။ ဆော့ဖူးတဲ့ လူတိုင်း နှစ်သက်ကြပြီးတော့ အဲဒီဂိမ်းကို iPhone မှာ ဆော့ရတာ အကောင်းဆုံးပါပဲ။

Temple Run

Temple Run

၁၀။ ကမ္ဘာ့အသုံးအ၀င်ဆုံးနဲ့ လူသုံးများဆုံး Search Engine ဖြစ်တဲ့ Google Search App ပါ။ သိလိုသမျှကို ရိုက်ထည့်ပြီး ရှာဖွေလိုက်တာနဲ့ အချက်အလက်အပြည့်အစုံနဲ့ သိရမှာပါ။

Google Search

Google Search

၁၁။ Streaming TV app တစ်ခုဖြစ်တဲ့ Netflix ပါ။ ရုပ်ရှင်၊ ဇာတ်လမ်း ဝါသနာအိုးတွေအကြိုက်တွေ့စေမှာပါ။

Netflix App

Netflix App

၁၂။ “Shazam for iPhone” ဆိုတဲ့ သီချင်း App လေးပါ။ ကိုယ်နားထောင်နေတဲ့ သီချင်းရဲ့ Information အစုံအလင်ကိုသိရမယ့်အပြင် Comment လည်းပေးနိုင်ပါတယ်။

Shazam for iPhone

Shazam for iPhone

၁၃။ iOS မှာသာမက Android OS မှာပါ နာမည်ကြီးတဲ့ Angry Birds ဂိမ်းလေးပါ။ ဖင်လန်အခြေစိုက် Rovio ကုမ္ပဏီမှ ထုတ်လုပ်တာဖြစ်ပြီးတော့ Version အမျိုးမျိုးနဲ့ တော်တော်လေးအောင်မြင်နေတဲ့ ဂိမ်းတစ်မျိုးပါပဲ။

Angry Birds Game

Angry Birds Game

၁၄။ “Draw Something Free” တဲ့။ နှစ်သက်ရာပုံလေးတွေဆွဲပြီး သူငယ်ချင်းတွေကိုပါ မျှေ၀နိုင်တဲ့ Free App လေးတစ်ခုပါပဲ။

Draw Something Free

Draw Something Free

၁၅။ မြန်မာပြည်မှာတော့ မီးပျက်တာကို ခဏခဏကြုံဖူးကြမှာပါ။ သင့် iPhone ကိုလည်း ဓာတ်မီးတစ်ခုအဖြစ်သုံးနိုင်ပါသေးတယ်။ “Flashlight” app တော့ရှိထားဖို့ လိုပါတယ်။ App Store မှာ အခမဲ့ရယူ နိုင်ပါတယ်။

Flashlight app for iOS

Flashlight app for iOS

၁၆။ Facebook က သူငယ်ချင်းတွေကိုစကားပြောဖို့တော့ Facebook App ကြီးဖွင့်နေစရာမလိုပါဘူး။ Facebook Messenger နဲ့တင် ကိစ္စပြီးပါတယ်။ Free Message တွေပို့ပြီး Chat နိုင်ရုံသာမက ဓာတ်ပုံတွေလည်း မျှေ၀နိုင်ပါတယ်။

Facebook Messenger

Facebook Messenger

၁၇။ တစ်ကမ္ဘာလုံးကို လှည့်လည်မသွားလာနိုင်သေးလို့ စိတ်မကောင်းမဖြစ်ပါနဲ့။ မြန်ဆန်တဲ့ Internet Connection နဲ့ “Google Earth” app သွင်းထားတဲ့ iPhone တစ်လုံးသာရှိရင် ကမ္ဘာ့မြို့ကြီးတွေရဲ့ အလှအပကို လေ့လာခံစားနိုင်ပါတယ်။

Google Earth app for iOS

Google Earth app for iOS

၁၈။ Touch Screen ကောင်းတဲ့ ဖုန်းတွေမှာသာ ဆော့လို့ကောင်းတဲ့ နာမည်ကြီး “Fruit Ninja” ဂိမ်းလေးပါ။ အခမဲ့ ပါပဲ။

Fruit Ninja Game

Fruit Ninja Game

၁၉။ သင်က နိုင်ငံခြားရောက်နေလို့ သင့်နိုင်ငံက ရေဒီယိုလိုင်းတွေကို တမ်းတနေပါသလား? “iHeart Radio” ဆိုတဲ့ Free App လေးက ကမ္ဘာအရပ်ရပ် Radio Station က Channel တွေကို ကြည်လင်ပြတ်သားစွာနဲ့ ဖမ်းယူပေးမှာပါ။

iHeart Radio

iHeart Radio

၂၀။ You Tube ကတော့ ရုပ်ရှင်တွေရော၊ သီချင်းတွေ၊ ဟာသနဲ့ ဗဟုသုတ စတာတွေအကုန် အစုံအလင်တင်တဲ့ Channel ကြီးတစ်ခုပေါ့။ အခု Flixster app က ရုပ်ရှင်တွေချည်းပဲ သီးသန့်စုစည်းထားတာပါ။ နောက်ဆုံးထွက် ရုပ်ရှင်တွေနဲ့ ၎င်းတို့ရဲ့ ဇာတ်လမ်းအကျဉ်းချုပ်၊ အချက်အလက် တွေအားလုံးကို အချိန်နဲ့ တစ်ပြေးညီသိရှိနိုင်မှာပါ။

Flixster App

Flixster App

၂၁။ “Bump” တဲ့။ အဲဒီ Free App လေးကို သုံးပြီး သူငယ်ချင်းတွေနဲ့ ဓာတ်ပုံတွေ Share လို့ရပါတယ်။ iPhone ကနေ PC ကို ပုံတွေကူးပြောင်းဖို့လည်း အသုံး၀င်ပါတယ်။

Bump

Bump

၂၂။ အွန်လိုင်းရောင်း၀ယ်ရေး ၀က်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ eBay ပါ။ iPhone အတွက် Free App ဖြစ်ပါတယ်။

eBay App

eBay App

၂၃။ Arcade Game တစ်မျိုးဖြစ်တဲ့ “PAC-MAN Lite” ပါ။ နာမည်ကြီးပြီး တော်တော်လေးဆော့လို့ကောင်းပါတယ်။

PAC-MAN Lite

PAC-MAN Lite

၂၄။ “Groupon” တဲ့။ အထူးသဖြင့် စားသောက်ဆိုင်တွေမှာ အစားအသောက်၀ယ်ယူတဲ့အခါ သုံးကြတာများပါတယ်။

Groupon

Groupon

၂၅။ မကြာသေးခင်ကမှ ထွက်ရှိခဲ့တဲ့ “Google Maps” ဟာလည်း Free App တွေထဲက တစ်ခုအပါအ၀င်ပဲ ဖြစ်ပါတယ်။ Google Map ကို Offline သုံးတဲ့နည်းလည်း Myanmar ICT Website မှာဖော်ပြထားပါတယ်။

Google Maps for iOS

Google Maps for iOS

Source: Mashable

One thought on “ယနေ့အချိန်အထိ အသုံးပြုအများဆုံး Free ရတဲ့ iOS App များ

Leave a Reply

Your email address will not be published. Required fields are marked *