Featured, How-to

Android မှ ဒေတာများကို iOSသို့ ကူးပြောင်းနည်းများ

Android မှ ဒေတာများကို iOSသို့ ကူးပြောင်းနည်းများ

Appleရဲ့ iPhone 6နဲ့ 6 Plusဟာ ပိုမိုကောင်းမွန်လာပါပြီ။ များပြားလှတဲ့ မျက်နှာပြင်ကြီး Android Phoneတွေဟာ iOSကို ကာလရှည်ကြာ အနိုင်ယူထားတာပါ။ အခုတော့ Appleရဲ့ အလှည့်ပါ။ ဒါပေမယ့်လည်း Android ကနေ iOSကို ပြောင်းလဲဖို့ဆိုတာ ခေါင်းကိုက်စရာပါ။ Androidမှာ သိမ်းထားတဲ့ ဒေတာတွေကို iOSကို ပြောင်းလဲနည်းကို ရေးပေးလိုက်ပါတယ်။

Mail, Calendar, Contacts

Googleရဲ့ Cloudမှာ ဒေတာတွေကို သိမ်းထားတယ်ဆိုရင်တော့ iOSကို ပြောင်းဖို့လွယ်ပါတယ်။ Apple IDတစ်ခုတော့ လိုအပ်ပါတယ်။ ဒါပေမယ့်လည်း Google Accountကို iOS မှာ ထည့်သွင်းနိုင်ပါတယ်။

သင့်ရဲ့ iPhoneမှာ Google Accontကို ထည့်သွင်းပါ။ ဒီလိုလုပ်ဖို့ Settings>Mail, Contacts, Calendarsထဲသွားပြီး Add Accountကို နှိပ်ပါ။ ပြီးရင်တော့ Mail, Contacts, Calendars, Notesများကို Syncပြုလုပ်ပါ။

Android Phoneမှာပဲ Contactsတွေကို သိမ်းထားရင် SD Cardထဲကို Exportလုပ်ပါ။ ကွန်ပြူတာနဲ့ ချိတ်ဆက်ပြီး Exportလုပ်ထားတဲ့ .vcf ဖိုင်ကို ကူးပါ။ ပြီးရင် Google Accountထဲ Login၀င်ပါ။ Gmail>Contactsထဲသွားပြီး Moreကို နှိပ်ပါ။ Importကိုနှိပ်ပြီး .vcfဖိုင်ကို ရွေးပါ။ ဒါဆိုရင် iPhoneမှာ Google Accountကို ထည့်သွင်းရင် Contactsတွေ ပါလာမှာပါ။

Keyboards

iOS 8မှာ Third-Party Keybaordများကို အသုံးပြုခွင့် ပေးလိုက်တဲ့အတွက် Android Phoneမှာ သုံးနေကျ ကီးဘုတ်နဲ့ ဆင်တူတဲ့ ကီးဘုတ်တွေကို iPhoneမှာ အသုံးပြုဖို့ အခွင့်အရေးများပြားလာပါပြီ။

iPhoneမှာ Third-Party Keyboardကို ထည့်သွင်းဖို့ လွယ်ကူပါတယ်။ App Storeမှ ကီးဘုတ် Appကို ဒေါင်းပြီး Settings>General>Keyboards>Add New Keyboardကို နှိပ်ပါ။ Third-Party Keyboardကဏ္ဍကို သွားရင် သင်ဒေါင်းထားတဲ့ ကီးဘုတ်ကို တွေ့ရမှာပါ။ အသုံးပြုချင်တာကို ရွေးချယ်ပါ။ စနစ်တစ်ခုလုံးမှာ အသုံးပြုဖို့ ခွင့်ပြုချက်ပေးပါ။ အိုကေပါပြီ။

နာမည်ကြီးကီးဘုတ်တွေဖြစ်တဲ့ SwiftKey, Swype, Fleksy, TouchPalတို့ကို iOS 8မှာ သုံးနိုင်ပါပြီ။

Widgets

iOS 8မှာ Notification Centerမှ Today Viewမှာ Widgetsတွေကို ပြသပေးနေပါပြီ။ အပေါ်ကနေ အောက်ကို ဆွဲချပြီး ကြည့်နိုင်ပါပြီ။ အဲဒီမှာ Notificationတွေကိုလည်း တွေ့ရမှာပါ။

Widgetsတွေအတွက်တော့ Yahoo Weather App နောက်ဆုံးဗားရှင်းမှာ တည်နေရာများကို Flickrမှ ဓါတ်ပုံများနဲ့ ပြသပေးထားပြီး လက်ရှိနဲ့ အနာဂတ် အပူချိန်များကို ပြသပေးထားပါတယ်။ Readdle’s Calendars 5 လို Calendar Appများက Apple Calendarထက်ပိုကောင်းတဲ့ နေ့စဉ်အလုပ်ကိစ္စများကို လျှင်မြန်စွာ ကြည့်နိင်အောင် Notification Center Widgetsကို ပံ့ပိုးပေးထားပါတယ်။

Dropbox, Evernote, OpenTableတို့ကလည်း ဒီလို Widgetများကိုပြုလုပ်ပေးထားပါတယ်။ 9to5Macမှာ Notification Center Widgetsကို ပံ့ပိုးပေးထားတဲ့ Appsများကိုစာရင်းလုပ်ပေးထားပါတယ်။ နောက်ထပ်လည်း အများကြီး ပေါ်ထွက်လာအုံးမှာပါ။

Apps

ကံဆိုးစွာပဲ သင့်ရဲ့ Android Appများကို iOS Deivceကို ကူးပြောင်းဖို့ နည်းမရှိပါဘူး။ iPhoneမှာ Appတွေကို သင်ကိုယ်တိုင် ပြန်လည်ထည့်သွင်းရမှာပါ။

သင်အနှစ်သက်ဆုံးနဲ့ နေ့စဉ်အသုံးပြုတဲ့ Appများကို စာရင်းပြုစုပါ။ ကျန်တာတွေကို ထားလိုက်ပါတော့။ ဒါဆိုရင် အသုံးမပြုတဲ Appများကို iOSမှာ ရှင်းလင်းပြီးသားလည်း ဖြစ်သွားပါပြီ။

အနည်းငယ်ကလွဲပြီး Android Appအားလုံးနီးပါးကို iOSအတွက် ပြုလုပ်ပေးထားပါတယ်။ Android Appတစ်ခုကို ပိုက်ဆံပေး၀ယ်ယူထားရင်တော့ Customer Serviceကို သတင်းပို့သင့်ပါတယ်။ iOS Versionကို ၀ယ်ယူရင် လျှော့ဈေးနဲ့ ရနိုင်ပါတယ်။ တစ်ဒေါ်လာလောက်သာ တန်တဲ့ Appဆိုရင်တော့ သတင်းပို့ မနေဘဲ ၀ယ်သာသုံးလိုက်ပါ။

Photos, Music, PDFs, Other Media

Android Phoneမှ သင်နှစ်သက်တဲ့ ဓါတ်ပုံ၊ ဗီဒီယို၊ သီချင်းတွေကို iPhoneကို ကူးပြောင်းချင်ရင် လွယ်ပါတယ်။ Androidကို ကွန်ပြူတာနဲ့ ချိတ်ဆက်ပြီး ကူးထည့်ပါ။ Outlook or Exchangeတို့ကို သုံးပြီး Syncလုပ်နိုင်ပါတယ်။ ပြီးရင် iTunesကနေ iPhoneထဲထည့်ပါ။ ဒီလိုလုပ်ဖို့ iPhoneကို ကွန်ပြူတာနဲ့ကြိုး သို့မဟုတ် ဝိုင်ဖိုင်ကိုသုံးပြီး ချိတ်ဆက်ပါ။ iTunesကိုဖွင့်ပြီး Sync with Phoneကို နှိပ်ပါ။ ပြီးရင် နှစ်သက်ရာ မီဒီယာကို ရွေးချယ်ပြီး ထည့်သွင်းနိုင်ပါပြီ။ စာအုပ်၊ ရုပ်ရှင်၊ တီဗီရှိုး၊ မှတ်စု၊ ဓါတ်ပုံ၊ သီချင်း အားလုံးကို ကူးနိုင်ပါတယ်။

PDFs, ePubတွေကို ကူးပြောင်းရင်တော့ iBooks ဒါမှမဟုတ် အခြား PDF Readerနဲ့ iOSမှာ ဖတ်နိုင်ပါတယ်။ Office Documentsတွေဆိုရင်တော့ Apple Pages, Numbers, Keynoteတို့မှာ ဖတ်နိုင်၊ ပြုပြင်နိုင်ပါတယ်။ iOSအတွက် Microsoft Officeကိုလည်း သုံးနိုင်ပါတယ်။

သီချင်းတွေအတွက်တော့ Spotify, Rdioတို့ကို သုံးသူမဟုတ်ရင် iTunesမှာ ထည့်လိုက်တာနဲ့ Apple Music Appမှာ နားထောင်နိုင်ပါတယ်။ သင့်ရဲ့ သီချင်းတွေ အားလုံးကို နေရာချပြီးတာနဲ့ နောက်ထပ်သီချင်းတွေကို ၀ယ်ယူနိုင်ပါသေးတယ်။ iTunesမှာ ရုပ်ရှင်၊ တီဗီရှိုးတွေကို ၀ယ်ယူနိုင်ပါတယ်။

Evernote, Google Drive, Dropboxမှာသိမ်းထားတဲ့ ဖိုင်တွေအတွက်တော့ iOS Versionကို ဒေါင်းလုပ်ပြုလုပ်တာနဲ့ Syncပြုလုပ်ပြီး ရယူနိုင်ပါပြီ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *