Featured, Mobile, News, Review

iPhone အစား Android Phone ကို ၀ယ်ယူသင့်တဲ့ အကြောင်းအရင်း ခုနစ်ချက်

iPhoneအစား Android Phoneကို ၀ယ်ယူသင့်တဲ့ အကြောင်းအရင်း ခုနစ်ချက်

Android Phone နဲ့ iPhoneနှစ်လုံးထဲက တစ်လုံးကို ရွေးချယ်ရတော့မယ်ဆိုရင် စဉ်းစားရမယ့် အချက်တွေ ရှိပါတယ်။ iPhone အစား Android Phoneကို ရွေးချယ်လိုက်တယ်ဆိုရင် ကောင်းတဲ့အချက်တွေ ရှိပါတယ်။ Android Phone တွေဟာ Gmail, Google Maps, Google Calendar တို့လို Google Services တွေနဲ့ Sync ပြုလုပ်ရာမှာပိုမို ကောင်းမွန်ပါတယ်။ အဲဒီထုတ်ကုန် တွေက အကောင်းဆုံး စွမ်းဆောင်ချက်တွေကို iPhone User တွေထက်လည်း ပိုမို အချိန်စောစွာ အသုံးပြုနိုင်ပါတယ်။

Android Phone အများစုမှာ ဘက်ထရီကို လဲလှယ်နိုင်ပါတယ်။ ဘက်ထရီတွေရဲ့ စွမ်းအင် သိုလှောင်မှုဟာအချိန် ကြာလာတာနဲ့ အမျှ ကျဆင်းတတ်တဲ့အတွက် ဒီအချက်ဟာ ကောင်းမွန်ပါတယ်။ Android Phone တော်တော်များများမှာ အပိုသိုလှောင်မှု အတွက် SD Card တွေကို ထည့်သွင်းနိုင်ပါတယ်။ Android Phone တွေမှာHome Screen ကိုသင့်စိတ်တိုင်းကျ Customize လုပ်နိုင်တဲ့ Appsတွေဖြစ်တဲ့ Launcherတွေကို အင်စတော လုပ်နိုင်ပါ တယ်။ သူတို့ကို ဘုံအသုံးပြုကြတဲ့ Standard USB Cable နဲ့ အားသွင်းနိုင်ပါတယ်။ iPhoneတွေကိုတော့ Appleရဲ့ Lightning Plug နဲ့သာအားသွင်းနိုင်တဲ့ ကန့်သတ်ချက်တွေရှိပါတယ်။

Androidကို ရွေးချယ်ရင်တော့ Hardware အမျိုးအစားများစွာကို ရွေးချယ်နိုင်မှာပါ။ ခြောက်လက်မ မျက်နှာပြင်ကနေ မျက်နှာပြင်ကွေး စသဖြင့် အရာရာတိုင်းပါ။ စွမ်းဆောင်ရည်မြင့် Android Phoneကို iPhoneရဲ့ တစ်၀က်ဈေးနဲ့ ရရှိနိုင်ပါတယ်။ ဒေါ်လာ ၃၅၀ တန် OnePlus One ဖုန်းလိုပေါ့။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *