How-to

ဖုန်း Message ကို PC ကနေ ဖတ်မယ် ၊ ပို့မယ်

Windows , Chrome, Android Phone အားလုံးမှာ ကောင်းမွန်တဲ့ Notification System တွေ ရှိကြပါတယ်။အဲဒီ System တွေကို တစ်နေရာထဲကနေအသုံးပြုလို့ရမယ်ဆိုရင် သင့်အတွက် အဆင်ပြေစေပါတယ်။ကွန်ပြူတာရှေ့ မှာရှိနေချိန် ဖုန်းကို Message ၀င်လာရင် ဖုန်းကို Unlock လုပ်ပြီး Message ဖတ်၊ Message ပြန်ရေးပြီး Reply လုပ်ရတာ အလုပ်ရှုပ်ပါတယ်။ ကွန်ပြူတာကနေပဲ Message ဖတ်၊ Reply လုပ်လို့ရရင်အဆင်ပြေပါတယ်။ဒီဆောင်းပါးမှာ အဲလို လုပ်လို့ရတဲ့နည်းတွေကို ရေးပါမယ်။

MightyText

MightyText က သင့်ဖုန်း ကို ၀င်လာတဲ့ Message တွေကို ကွန်ပြူတာကနေ ဖတ်ရှုနိုင်ပြီး ကွန်ပြူတာကနေပဲ Message တွေကို ပြန်လည်ပေးပို့နိုင်ပါတယ်။MightyText ရဲ့ Android App နဲ့ Extension ကို သင့်ဖုန်း နဲ့ သက်ဆိုင်ရာ Browser မှာအင်စတောလုပ်ပါ။ Chrome,Firefox,Safari,IE,Opera စတဲ့ Browser တွေမှာသုံးနိုင်ပါတယ်။ပြီးရင် Google အကောင့်နဲ့ ချိတ်ဆက်ပေးပါ။Extension မသုံးချင်တဲ့သူတွေ အနေနဲ့ MightyText ၀က်ဆိုက်မှာလည်းအသုံးပြုနိုင်ပါတယ်။ဒါဆိုရင် သင့် Browser ကနေပဲ ဖုန်း Message တွေကို ဖတ်နိုင်ပေးပို့ နိုင်ပါပြီ။

2

AirDroid

AirDroid app ကို သင့်ဖုန်းမှာအင်စတောလုပ်ပါ။AirDroid ၀က်ဆိုက်မှာအကောင့်တစ်ခုလုပ်ပါ။ ဖုန်းနဲ့ ကွန်ပြူတာက တူညီတဲ့ Network တစ်ခုထဲမှာရှိရပါမယ်။ AirDroid ကဖုန်း Message တွေကို Browser ကနေဖတ်နိုင် ပြန်ပေးပို့နိုင်တဲ့အပြင် App တွေကို Manage လုပ်တာ၊ ဖုန်းနဲ့ ကွန်ပြူတာကြား ဖိုင်တွေ ပေးပို့ ရယူတာတွေ၊ပျောက်သွားတဲ့ဖုန်းကို ပြန်ရှာတာတွေ ပါပြုလုပ်နိုင်ပါတယ်။
AidDroid app ကို Run ပြီးရင် ရလာတဲ့ ၀က်ဆိုက်လိပ်စာကို Browser ကနေဖွင့်ပါ။ Connection ကို Accept လုပ်ပါ။AirDroid page က Message အိုင်ကွန်ကိုနှိပ်ပြီး Message တွေ ဖတ်နိုင် ပေးပို့နိုင်ပါတယ်။

3

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *