How-to

မလာစေချင်တဲ့ Phone Call များ ကို Android Phone ကနေ Block နည်းများ

Android Phone တွေ မှာ Call Blocker App တွေဟာ Built-In မပါရှိပါဘူး။ ဒါပေမယ့် သင်ဖုန်းလက်ခံမပြောချင်တဲ့ ဖုန်းနံပါတ်က Phone Call တွေကို Block လုပ်နိုင်တဲ့နည်းတွေ ရှိပါတယ်။ အဲဒီအတွက် တစ်ခြား Apps တွေကို သုံးစရာမလိုဘဲ Phone Call တွေကို Block လုပ်လို့ရပါတယ်။

Call Blocker App တွေ Built-In ပါတဲ့ ဖုန်းများ။

Google က Android Phone တွေမှာ Call Blocker App တွေ Built-In ထည့်သွင်းထားခြင်းမရှိပါဘူး။ဒါပေမယ့် တစ်ချို့ Manufacturers တွေက အဲဒီ Feature ကို ထည့်သွင်းပေးထားပါတယ်။ဥပမာ အားဖြင့် Samsung Phones အချို့မှာ အဲဒီ Feature ပါရှိပါတယ်။

ဒီ Feature ကိုအသုံးပြုဖို့ Samsung Phone က Call App ကိုဖွင့်ပါ။Menu ကိုနှိပ်ပြီး Call Settings>Call Rejection>ွှAuto Reject List မှာ Block လုပ်နိုင်ပါတယ်။ Unknown Numbers တွေက ခေါ်ဆိုမှုတွေကိုအလိုလို Reject လုပ်ဖို့ Unknown Option ကို အမှန်ခြစ်ပေးထားနိုင်ပါတယ်။

Silence Calls or Send Calls to Voicemail

Android Phone တွေ မှာမကိုင်ချင်တဲ့ဖုန်းတွေကို Voicemail ကို ပို့ခိုင်းလို့ ရပါတယ်။ Silent Ringtone လုပ်ပြီးတော့လည်း ဖုန်းခေါ်ဆိုမှုတွေကို Block လုပ်ထားနိုင်ပါတယ်။ Voicemail ကို ပို့ခိုင်းဖို့ အတွက် Contact App ကနေ Block ချင်တဲ့ သူ ကို Select လုပ်ပြီး Menu ကိုနှိပ်ပါ။ All calls to voicemail ကိုနှိ်ပ်ပါ။Silent Ringtone လုပ်ဖို့ Set ringtone ကိုနှိပ်ပြီး None ကိုရွေးချယ်ပေးပါ။

2

Third-Party App များကို အသုံးပြုခြင်း။

အပေါ်က Feature တွေ မပါတဲ့ဖုန်းတွေ အနေနဲ့ Third-Party App တွေကို သုံးနိုင်ပါတယ်။Mr. Number လို App မျိုးသုံးခြင်းဖြင့် Phone Call တွေကို အလွယ်တကူ Block လုပ်နိုင်ပါတယ်။ Third-Party Call Blocking App တွေဟာ တစ်ချို့ ဖုန်းတွေ မှာတော့ ကောင်းကောင်းအလုပ်မလုပ်တာကို Review တွေကိုဖတ်ရင်တွေ့နိုင်ပါတယ်။အဲဒီ App ကသင့်ဖုန်းမှာကောင်းကောင်းအလုပ်မလုပ်ရင် တစ်ခြား Call Blocker App တွေကို Play Store မှာစမ်းသပ်အသုံးပြုနိုင်ပါတယ်။

3

Google Voice ကို အသုံးပြုပြီး Block ပါ။

တကယ်လို့ သင်ဟာ US မှာနေသူတစ်ယောက်ဆိုရင် Google Voice ကိုအသုံးပြုခွင့်ရှိပါတယ်။Google Voice က သင့်ဖုန်းနံပါတ်နဲ့ ချိတ်ဆက်ထားလို့ ရပြီး မ၀င်စေချင်တဲ့ Phone Call တွေကို Block လုပ်ပေးနိုင်ပါတယ်။ Google Voice Account ကို Login ၀င်ပြီး History ကိုနှိပ်ပါ။ Block လုပ်ချင်တဲ့ ဖုန်းနံပါတ်က more လင့်ကိုနှိပ်ပြီး Block Caller ကိုနှိပ်ပါ။

4

Phone Carrier ကို အကူအညီတောင်းပါ။

Carrier တွေက Phone Call တွေကို Block လုပ်ပေးနိုင်ပေမယ့် အခကြေးငွေပေးရမှာပါ။ တစ်ချို့ Carrier တွေကတော့ ကူညီကောင်းကူညီပါလိမ့်မယ်။ Carrier တစ်ခုနဲ့ တစ်ခု ကွာခြားနိုင်ပါတယ်။ သင့် Carrier ၀က်ဆိုက်မှာလေ့လာပါ။ဒါမှမဟုတ် ဖုန်းခေါ်ဆိုပြီး မေးကြည့်နိုင်ပါတယ်။
Phone Call တွေကို Block လုပ်ဖို့ အကောင်းဆုံးကတော့ သင်ကိုယ်တိုင်ပြုလုပ်နိုင်တဲ့နည်းတွေဖြစ်ပြီး Carrier တွေကသင့်ကို အခကြေးငွေကုန်ကျစေမှာပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *