How-to

Firefox OS Appsများကို Androidမှာ အသုံးပြုနည်း

Firefox OS Appsများကို Androidမှာ အသုံးပြုနည်း

Mozillaက သူ့ရဲ့ Web Browserကြောင့် နာမည်ကြီးပါတယ်။ ဒါ့အပြင် Mozillaက Firefox OS Smartphoneများကိုလည်း ရောင်းချနေပါတယ်။ Mozillaရဲ့ Firefox OS Appsများကို Androidမှာ စမ်းသပ်အသုံးပြုနိုင်တဲ့နည်းလမ်းတစ်ခုကို မျှဝေလိုက်ပါတယ်။

Google Chromeလိုပဲ Firefoxက Web Appsများကို အထောက်အပံ့ပေးပြီး OSနဲ့ Appsများဟာ တူညီတဲ့နည်းပညာနဲ့ ပြုလုပ်ထားတာပါ။ အဲဒီအတွက် Firefox OS Appsများကို Androidမှာ အသုံးပြုနိုင်တာပါ။ Firefox OS Appsများဟာ Browser Extensionsများလိုပဲဖြစ်တဲ့အတွက် Storageနည်းတဲ့ Android Phoneတွေနဲ့ Android Phoneအဟောင်းတွေမှာတောင် အသုံးပြုနိုင်ပါတယ်။ ပထမဆုံး Firefox for Android ဘရောက်စာကို Google Play Storeကနေ သင့် Android Phoneမှာ အင်စတောလုပ်ပါ။ ဖုန်းမှာ အင်စတောလုပ်ပြီးသားဆိုရင်လည်း Version 29ကို အဆင့်မြှင့်ပါ။

အင်စတောလုပ်ပြီးရင် Firefoxကို ဖွင့်ပြီး Firefox Marketplaceကို သွားပါ။ Firefox Marketplaceဟာ Firefox OS Appsများကို တင်ပေးထားတဲ့ App Storeဖြစ်ပါတယ်။ Marketplaceမှာ အသုံးပြုချင်တဲ့ Appကို တစ်ချက်နှိပ်ပါ။ Android Appများလိုပဲ အင်စတောမလုပ်ခင်မှာ Permissionsများတောင်းပါလိမ့်မယ်။ Acceptလုပ်ပြီး အင်စတောလုပ်ပါ။

အင်စတောလုပ်ပြီးရင် Home Screenမှာ Shortcutsများပေါ်လာမှာပါ။ Appsတွေကို အသုံးပြုချင်ရင် Firefoxကို ဖွင့်စရာမလိုပါဘူး။ Shortcutsများကနေ အသုံးပြုနိုင်ပါတယ်။

Firefox OS Appsများကို Androidမှာ အသုံးပြုရတာလွယ်ကူပါတယ်။ ဒါပေမယ့် Firefox OS Phoneမှာ အသုံးပြုသလိုတော့ စွမ်းဆောင်ရည် အပြည့်အ၀ရမှာ မဟုတ်ပါဘူး။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *