Apps, How-to, Mobile, Review

Android App တစ်ခုချင်းစီအတွက် Settingsများကို ပြုပြင်နည်း

Android App တစ်ခုချင်းစီအတွက် Settings များကို ပြုပြင်ပြောင်းလဲချင်တဲ့ အခြေအနေမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ ဥပမာအားဖြင့် Video Player ကို Landscape Mode နဲ့ဖွင့်ဖို့၊ Music Player ကိုဖွင့်ရင် သတ်မှတ်ထားတဲ့ အသံအနေအထားနဲ့ ဖွင့်ဖို့၊ App တစ်ခုကို ဖွင့်ရင် Mobile Data အစား WiFi ကို အသုံးပြုဖို့ စတာတွေဖြစ်ပါတယ်။

App တစ်ခုဖွင့်တိုင်း အဲဒီအလုပ်တွေကို ကိုယ်တိုင်ပြုလုပ်လို့ရပေမယ့် အလုပ်ရှုပ်ပါတယ်။ App တစ်ခုကိုဖွင့်တိုင်း မိမိနှစ်သက်တဲ့ Settings တွေနဲ့ အလုပ်လုပ်ဖို့ ပြုလုပ်ပေးနိုင်တဲ့ App က App Config Free ဖြစ်ပါတယ်။ App Config Free က အောက်က Settings တွေကို ပြောင်းလဲပေးနိုင်ပါတယ်။
1. Screen Brightness
2. Screen Orientation
3. Screen Timeout
4. Volume
5. Mobile Data
6. WiFi
7. Bluetooth
အင်တာနက်အသုံးပြုခွင့် မပေးချင်တဲ့ App ကို Mobile Data ရော WiFi ပါ အသုံးပြုလို့မရအောင် ပိတ်ထားနိုင်ပါတယ်။ App တစ်ခုရဲ့ Screen Brightness ကိုမြှင့်ချင်၊ နှိမ့်ချင် လို့လည်း ရပါတယ်။ Bluetooth Keyboard or Speaker တွေနဲ့တွဲဖက် အလုပ်လုပ်တဲ့ App ကိုဖွင့်ရင် Bluetooth ကို ဖွင့်ပေးဖို့ ပြုလုပ်နိုင်ပါတယ်။ Dialer App ရဲ့ အသံ အနိမ့်အမြင့်ကို ပြောင်းလဲနိုင်ပါတယ်။ App တစ်ခုကို သတ်မှတ်ထားတဲ့ အသံအနေအထားနဲ့ဖွင့်ဖို့ စတာတွေပြုလုပ်နိုင်ပါတယ်။

App Config Free က သင်နှစ်သက်ရာ Settings တွေ သတ်မှတ်ထားတဲ့ App ကိုဖွင့်တိုင်း အလိုအလျှောက်ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ App ကို ပိတ်လိုက်တာနဲ့ နဂို Settings ကို ပြန်ပြောင်းပေးမှာ ဖြစ်ပါတယ်။

App Config Free မှာ သင့်ဖုန်းမှာ အင်စတောလုပ်ထားတဲ့ App အားလုံး ကို ပြသပေးထားပါတယ်။ App တစ်ခုရဲ့ Settings ကို ပြောင်းဖို့ အတွက် အဲဒီ App ကို နှိပ်ပါ။ နောက်အဆင့်မှာ Settings တွေကို နှစ်သက်ရာ ပြောင်းနိုင်ပါတယ်။ App Config Free မှာ Settings တွေ ပြုပြင်ထားတဲ့ App တွေကို Bold အနေနဲ့ ဖော်ပြပေးထားမှာပါ။

App Config Free ကို အခမဲ့အသုံးပြုရင် ကြော်ညာတွေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အခပေးဗားရှင်းမှာ ကြော်ညာတွေ ထည့်သွင်းထားခြင်း မရှိသလို ပြုပြင်နိုင်တဲ့ Settings တွေလည်း ပိုမိုများပြားပါတယ်။

Download App Config Free

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *