Apps

Android အတွက် မြန်မာ ပြက္ခဒိန် MM Year 100

သူကတော့ ကျွန်တော်တို့ မြန်မာ လူမျိုးတွေ အကြည့်များတဲ့ နှစ်တစ်ရာ ပြက္ခဒိန်ဖြစ်ပြီး အရင်က စာရွက်လှန်ပြီး ကြည့်နေရတဲ့ ဘ၀ကနေ ကိုယ့်ရဲ့ ဖုန်းထဲ၊ တက်ဘလက်ထဲမှာ ထည့်ထားရုံနဲ့ လွယ်ကူစွာ ကြည့်နိုင်မှာ ဖြစ်ပါတယ်။ ပထမဆုံး Android သုံး မြန်မာ Calendar App ဖြစ်တယ်လို့ ဆိုထားပါတယ်

4teeလို့ ခေါ်တဲ့ Developerက ဖန်တီးထာဖြစ်ပြီး မေလ ၂၆ရက်နေ့က စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ ပြသပေးနိုင်မယ့် ခုနှစ် ပြက္ခဒိန်တွေကတော့ ၁၉၀၁ ခုနှစ် ကနေ ၂၀၁၆ထိအောင် ဖြစ်တာမို့ တကယ်ကို အသုံး၀င်မှာ ဖြစ်ပါတယ်။ နောက်ပြီး Appထဲက Fontတွေရဲ့ အရွယ်အစားတွေကို စိတ်ကြိုက် ပြင်ဆင်နိုင်မှာ ဖြစ်တာကြောင့် အားသာချက် ဖြစ်စေမှာပါ။ နောက်ပြီး မြန်မာ့ရိုးရာ ရုံးပိတ်ရက်တွေကိုလည်း ဖော်ပြပေးသည့်အတွက် လွန်စွာ အသုံးဝင်မှာ ဖြစ်ပြီး အင်တာနက် မလို offlineအဖြစ်လဲ သုံးစွဲနိုင်ပါတယ်။

တကယ်လို့ သုံးစွဲရင်း ချို့ယွင်းချက်တွေ ရှိရင်တော့ [email protected] ကို Mailပို့ပြီး ပြောနိုင်မှာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

Appရဲ့ အရွယ်အစားက 3.8 MB ရှိမှာ ဖြစ်ပြီး လက်ရှိမှာ Download အကြိမ်ပေါင်း ၅၀,၀၀၀ ကျော်လောက် ရှိနေပြီ ဖြစ်ကာ Versionက 2.0 ဖြစ်ပါတယ်။ သူ့ကို ထည့်သွင်း အသုံးပြုချင်ရင်တော့ Android Version 2.2နဲ့ အထက်ရှိတဲ့ စနစ်သုံး ပစ္စည်းတွေမှာ သုံးနိုင်မှာ ဖြစ်ပြီး Download လုပ်ချင်ရင် https://play.google.com/store/apps/details?id=com.mmyear100 မှာ ရယူနိုင်ပါတယ်။

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *