Apps, Review

iOS Appsများကို Android Deviceများမှာ သုံးလို့ရစေမယ့် Project Cider

iOS Appsများကို Android Deviceများမှာ သုံးလို့ရစေမယ့် Project Cider

iOS Appsများနဲ့ ဂိမ်းများကို Android Deviceများမှာ အသုံးပြုချင်သူများအတွက် သတင်းကောင်းတစ်ပုဒ်တင်ဆက်ပေးပါရစေ။ အဲဒီလိုအသုံးပြုနိုင်တဲ့နည်းများရှိပေမယ့် နည်းလမ်းအများစုဟာ Virtual Machineကို အသုံးပြုရတာကြောင့် အဆင်ပြေမှု မရှိပါဘူး။ Project Ciderက အဲဒီပြဿနာကို ဖြေရှင်းပေးမှာ ဖြစ်ပြီး iOS Appsများကို Virtual Machineများ သုံးစရာမလိုဘဲ Androidမှာ အသုံးပြုလို့ရစေမှာ ဖြစ်ပါတယ်။

ကိုလမ်ဘီယာ တက္ကသိုလ်မှ သုတေသနပညာရှင်များက “Operating System Compatibility Architecture”ကို တီထွင်လိုက်ပါတယ်။ အဲဒီနည်းပညာက iOS Appsများရဲ့ Source Codeများကို ပြင်ဆင်ခြင်းမရှိဘဲ Androidမှာ Runနိုင်အောင်သာ အသုံးပြုတာ ဖြစ်ပါတယ်။ Androidရဲ့  3D Hardware Accelerationကလည်း အထောက်အပံ့ ပေးနိုင်တယ်လို့ သိရပါတယ်။

Ciderကို ဖန်တီးနေတဲ့ Developerများက iOSနဲ့ Android Appsများဟာ KitKatမောင်းနှင်တဲ့ Nexus 7 Tabletမှာ ဘေးချင်းယှဉ်ပြီး Runနေတဲ့ သရုပ်ပြဗီဒီယိုကို ပြသခဲ့ပါတယ်။ အခုလောလောဆယ်မှာ Ciderက 2D Hardware Renderingကို အထောက်အပံ့ မပေးသေးတဲ့အတွက် iOS Appsအများစုရဲ့ UI Performanceဟာ နိမ့်ကျသေးတာကို တွေ့ရပါတယ်။ 3D Benchmark Test ပြုလုပ်ကြည့်တဲ့အခါမှာ iOS Appsများဟာ တက်ဘလက်ရဲ့ GPU Hardwareကို အသုံးချနိုင်တာကို တွေ့ရပါတယ်။ 3D စွမ်းဆောင်ချက်များနဲ့ Frame Rateများဟာ ပြည့်စုံပါတယ်။

iOS Appsများ ဖြစ်တဲ့ Yelp, iTunes, iBooksနဲ့ Appleရဲ့ Stock Appsများကို တက်ဘလက်မှာ စမ်းသုံးပြခဲ့တာ ဖြစ်ပါတယ်။ တည်ငြိမ်မှု မရှိသေးပေမယ့် အားလုံးဟာ တက်ဘလက်မှာ အသုံးပြုနိုင်ပါတယ်။ Ciderက Appsများသာမက iOS Frameworkနဲ့ Serviceများကို အထောက်အပံ့ပေးတာ တွေ့ရပါတယ်။

Ciderဟာ ပြည့်စုံမှု မရှိသေးဘဲ နည်းပညာ အခက်အခဲများ ရှိနေပါသေးတယ်။ ဒါပေမယ့် ထူးခြားဆန်းသစ်တဲ့ စီမံကိန်းဖြစ်ပြီး Androidရဲ့ အသွင်ပြောင်းနိုင်ပြီး စွယ်စုံသုံးလို့ရတဲ့ စွမ်းရည်ကို ပြသလိုက်တာ ဖြစ်ပါတယ်။

သရုပ်ပြ ဗီဒီယိုကို အောက်မှာ ကြည့်နိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *