Review, Tablets

Alldocube အမှတ်တံဆိပ် M5X Pro 4G တက်ဘလက်

အခုတစ်ခါမှာတော့ ငွေရောင်လေးနဲ့ ချစ်စရာကောင်းပြီး သုံးရတာ အင်မတန်အဆင်ပြေတဲ့ Alldocube အမှတ်တံဆိပ် M5X Pro 4G တက်ဘလက်လေးကို မိတ်ဆက်ပေးပါရစေ။

အမျိုးမျိုးသောလုပ်ဆောင်ချက်တွေ မြန်ဆန်သွက်လက်စွာ လုပ်ဆောင်နိုင်ပြီး ကြီးမားလေးလံတဲ့ ဂိမ်းတွေလည်း ထည့်ထားလို့ရပါတယ်။ အဲဒါအပြင် HD ရုပ်ရှင်ဇာတ်ကားတွေနဲ့ သီချင်းအပုဒ်ရေ သောင်းဂဏန်းနဲ့ချီပြီး ဆန့်ပါသေးတယ်။

ထပ်ထည့်ချင်သေးရင်လည်း TF နဲ့ ထပ်ထည့်လို့ရတဲ့အတွက် သိပ်ကိုဟန်ကျတဲ့ တက်ဘလက်‌လေးပါ။

10.1 လက်မမျက်နှာပြင်ဧရိယာမှာ resolution 2560 x 1600 ထွက်ရှိပါတယ်။ IPS display ဖြစ်တဲ့အတွက် အရောင်အရည်အသွေး တောက်ပစိုပြေပါတယ်။ ဘက်ထရီကတော့ 6,600 mAh ဖြစ်တဲ့အတွက် အကြာကြီး အသုံးခံပါတယ်။

ကင်မရာအနေနဲ့ကတော့ နောက်ကင်မရာကို 5000W megapixel auto focus HD ကင်မရာတပ်ဆင်ပေးထားပြီး ရှေ့ကင်မရာက 2000W megapixel ကင်မရာဖြစ်ပါတယ်။

ပရိုဆက်ဆာက Deca-core (A72×[email protected],A53×[email protected],A53×[email protected]) ဖြစ်ပြီး Memory (RAM): 4GB နဲ့ Storage (ROM): 128GB ထည့်သွင်းပေးထားပါတယ်။

ဈေးနှုန်းက K253,000 ပဲရှိလို့ သုံးပျော်တဲ့ ‌ဈေးပါပဲ။ အာမခံ ၁ နှစ်ပေးထားပါတယ်။

ဝယ်မယ်ဆိုရင် အောက်က link ကို နှိပ်ပါခင်ဗျ။

https://www.ict.com.mm/…/alldocube-m5x-pro-4g-tablet-silve…/

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *