How-to

Android Device မှာ ဘက်ထရီ သက်တမ်းကြာရှည်စွာ အသုံးပြုနိုင်မယ့်နည်းများ

Android Device တွေကို Default Settings အတိုင်းအသုံးပြုမယ်ဆိုရင် ဘက်ထရီ သက်တမ်း တိုတောင်းမှာဖြစ်ပါတယ်။ ဘက်ထရီ သက်တမ်းကြာရှည်စေမယ့် နည်းများကို ရေးသားပေးလိုက်ပါတယ်။

Location Reporting and History ကို Disable လုပ်ပါ။
GPS ကို အသုံပြုခြင်းဟာ ဘက်ထရီ ကို အလွန်ကုန်စေပါတယ်။ ဒီစွမ်းဆောင်ချက်က ဖုန်းရဲ့ GPS Chip , Cell Towers, WiFi Hotspot က တည်နေရာ နဲ့ ပတ်သက်တဲ့ ဒေတာ တွေကို အစဉ်မပြတ်ရယူနေတာဖြစ်ပါတယ်။ ဖုန်း တည်နေရာ ကို တွက်ချက်လေလေ ဘက်ထရီ ကုန်လေလေ ဖြစ်ပါတယ်။

Android Phone များမှာ GPS ၀န်ဆောင်မှု နှစ်ခုဖြစ်တဲ့ Location Reporting and Location History ပါရှိပါတယ်။ Google က ရေးသားထားတာက အဲဒီ၀န်ဆောင်မှု တွေဟာ Google Apps တွေနဲ့ တွဲဖက် အလုပ်လုပ်ကြပါတယ်။

အဲဒီ၀န်ဆောင်မှု တွေကို အသုံးမပြုရင် Settings> Location>Google Location Reporting မှာ Disable လုပ်နိုင်ပါတယ်။

Google Now ကို Disable လုပ်ပါ။

Android 4.1 နဲ့ သူ့အထက်မှာ Google က ကိုယ်ရေးလက်ထောက် Google Now ကို ထည့်သွင်းပေးထားပါတယ်။ ကိုယ်ရေးလက်ထောက် ကို အသံနဲ့ အမိန့်ပေးပြီးအလုပ်တွေ ခိုင်းစေနိုင်ပါတယ်။ Google Now က Card တွေနဲ့ ဖုန်းပိုင်ရှင် ခိုင်းတာ ကို ဖော်ပြပေးပါတယ်။ အဲဒီ ကဒ် တွေ က ဘက်ထရီ ကို ကုန်စေပါတယ်။

ကဒ် တွေကို ပိတ်ဖို့အတွက် Google Now ကိုဖွင့်ပါ။ အောက်ခြေ ကို သွားပြီး Magic Wand ကို နှိပ်ပါ။ GPS နဲ့ ပတ်သက်တဲ့ ကဒ် တွေက ဘက်ထရီ အကုန်ဆုံး ဖြစ်ပါတယ်။ အဲဒီကဒ်တွေ ဖြစ်တဲ့ “Travel Time”, Nearby Places” တို့ကို ပိတ်ပါ။

WiFi Scanning
WiFi ကို ဖွင့်ထားခြင်းကလည်း ဘက်ထရီ ကို ကုန်စေပါတယ်။ WiFi ကို ပိတ်ထားတာတောင်မှ ဖုန်း က Network တွေကို ရှာဖွေနေတတ်ပါတယ်။ ဒီလို WiFi Scanning လုပ်နေတာကိုပိတ်ဖို့ WiFi Settings > Advanced ထဲသွားပါ။ WiFi Scanning မှာ အမှန်ခြစ်ဖြုတ်ပေးပါ။ WiFi ကို ကိုယ်တိုင် ချိတ်ဆက်ရမှာ ဖြစ်ပေမယ့် ဘက်ထရီ ကြာရှည်ခံစေပါတယ်။

Battery Tool ကို အသုံးပြုပါ။

ဘက်ထရီ ကို အလွန်အကျွံစားသုံးတဲ့ Apps တွေရှိပါတယ်။ ဘယ် App က ဘက်ထရီ ကို ဘယ်လောက်စားသုံးလဲဆိုတာ သိချင်ရင် Settings ထဲက Battery ထဲသွားကြည့်နိုင်ပါတယ်။ အဲဒီမှာ App တွေရဲ့ ဘက်ထရီ အသုံးပြုမှု ကို တွေ့နိုင်ပါတယ်။ ဘက်ထရီ စားသုံးမှုများပြားတဲ့ App တွေကို ဖြုတ်ပစ်ပြီး ဘက်ထရီ အသုံးပြုမှု နည်းပါးတဲ့ App တွေနဲ့ ပြောင်းလဲအသုံးပြုနိုင်ပါတယ်။

ဒီနည်းတွေကို အသုံးပြုပြီး Android Phone ရဲ့ ဘက်ထရီ သက်တမ်း ကို ကြာရှည်ခံအောင် ပြုလုပ်နိုင်ပါတယ်။ Laptop တွေရဲ့ ဘက်ထရီ သက်တမ်း ကို ကြာရှည်စွာ အသုံးပြုနိုင်တဲ့ နည်းတွေကို ဒီဆောင်းပါး မှာ လေ့လာနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *