Featured, News

Adobe Lightroom ကို Android မှာသုံးနိုင်ပြီ

Adobe Lightroom ကို Android မှာသုံးနိုင်ပြီ
   Adobe Lightroom Mobile အပလီကေးရှင်းဟာ ယခင်ဟာ iOS ပစ္စည်းတွေမှာပဲ သုံးလို့ရခဲ့ပြီးတော့ အခုတော့ နောက်ခြေလှမ်းအနေနဲ့ Android ရဲ့ Jellybean နဲ့ နောက်ဆုံးဗားရှင်းဖြစ်တဲ့ Lollipop တင်ထားတဲ့ ဘယ်ပစ္စည်းမှာမဆို သုံးလို့ရအောင် ထုတ်လိုက်ပါပြီ။ Lightroom Mobile on Android ဟာ စမတ်ဖုန်းနဲ့ တက်ဘလက်တွေ မှာသုံးနိုင်အောင် ရည်ရွယ်ထားပြီး ကွန်ပျူတာ Desktop သုံးနေတဲ့လူတွေဆိုရင် ယခင်သူတို့သုံးနေတဲ့ desktop က cloud နဲ့လည်း ချိတ်ဆက်ပြီး သုံးနိုင်ပါတယ်။ iOS မှာတော့ ရင်းနှီးကျမ်းဝင်ပြီးသား ဖြစ်ပါတယ်၊ ဒါကြောင့် အိုင်အိုအက်စ် အသုံးပြုသူတွေနဲ့လည်း ယခင်က ဒယ်တာတွေကို Adobe Lightroom ရဲ့ တရားဝင် Creative Cloud ကနေပြီး sync လုပ်လို့ရပါတယ်။ ဖိုင်တွေကို အပ်ဒိတ်လုပ်လို့ရမယ်၊ ဖိုင်တွေဟာ cloud ပေါ်မှာပဲရှိပြီး ဘယ်ဝင်းဒိုးပလက်ဖောင်းကပဲ သုံးသုံး cloud ကိုချိတ်ပြီး sync လုပ်လိုက်တာနဲ့ ကိုယ့်ရဲ့ဒယ်တာတွေကို သုံးနိုင်ပါတယ်။ Mobiel app မှာ စသုံးမယ်ဆိုရင် ကိုယ့်ရဲ့ရှိပြီးသား Adobe ID ကို sign in လုပ်ပြီးသုံးရမှာ ဖြစ်ပါတယ်၊ တကယ်လို့ အသုံးပြုသူအနေနဲ့ ယခုမှသာ ဒီစနစ်ကို စသုံးတယ်ဆိုရင်တော့ Adobe အကောင့်အသစ် ဖွင့်ပြီးမှသာ သုံးနိုင်မှာပါ။ အိုင်ဒီ ရှိပြီးသာ သူတွေက ဝင်ပြီးတာနဲ့ ကိုယ့်ရဲ့ desktop မှာ သုံးထားတဲ့ ဒယ်တာတွေကို အလိုလို sync လုပ်သွားမှာ ဖြစ်ပြီး၊ Android ကနေပြီးတော့ ကိုယ်က ပုံတွေထပ်ထည့်လိုက်တယ်ဆိုရင်လည်း photo gallery ထဲကို ရောက်သွားပြီးတော့ ကိုယ့်အကောင့်ရဲ့ desktop မှာလည်း အလိုလို sync လုပ်မှာ ဖြစ်ပါတယ်။
   Lightroom ကို အသုံးပြုတွေအတွက် ပိုမိုအဆင်ပြေအောင် ပြုလုပ်ထားတဲ့အတွက် ကိုလိုအပ်တဲ့ ဖီးချားတွေကို လျင်မြန်စွာ အသုံးပြုနိုင်မယ်၊ မြန်ဆန်စွာ ဓါတ်ပုံတွေကို ညှိနိုင်၊ ပြင်နိုင်မယ်။ ပြီးတော့ ပြင်တဲ့အခါမှာလည်း ကိုယ့်ရဲ့ ဖုန်းဖြစ်ဖြစ်၊ တက်ဘလက်ဖြစ်ဖြစ် လက်နဲ့ထိတွေ့ရတဲ့အတွက် ကိုယ်ဖြတ်ထုတ်ချင်တဲ့ အမှတ်ကို ပိုမိုမြန်ဆန်စွာ ပြုလုပ်နိုင်ပါတယ်။ ဒါကြောင့် ဒီ Android မှာ သုံးရတာဟာ ပုံကို ဖြတ်ထုတ်ရာမှာ အားသာတာကို မြင်တွေ့နိုင်ပါတယ်။ တစ်ခြား ဖီးချားတွေကတော့ desktop မှာပါတဲ့ ဖီးချားတွေဖြစ်တဲ့ ပုံတွေကို စတားပေးတာတို့၊ အမှန်ခြစ်ပေးတာတို့ နဲ့ တစ်ခြား ဆုံလင်တဲ့ဖီးခြားတွေကို အသုံးပြုသူတွေ ကိုယ်တိုင်သုံးကြည့်ရင် ပိုမိုခံစားနိုင်မှာပါ။ Android ကနေပြီးတော့ တစ်ခြား အပလီတွေကိုလည်း ဖုန်းကနေ ဒါမှမဟုတ် အီးမေးကနေ၊ Bluetooth device တွေကတောင်မှ ရှဲနိုင်ပါသေးတယ်။ တစ်ခြား ရှဲတဲ့ အပလီတွေ ကိုယ့်ရဲ့ Android မှာပါရင်လည်း အဲဒီ အပလီတွေကို အသုံးပြုပြီးတော့ ရှဲနိုင်ပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ အယ်လဘမ်ထဲက ကိုယ် collection လုပ်ထားတဲ့ တစ်ခုလုံးကိုလည်း web အပလီကေးရှင်းတွေမှာလို လင့်ပေးပြီးတော့ ရှဲနိုင်ပါတယ်။ Lightroom Mobile Android App ဟာ အခုလက်ရှိ အသုံးပြုနေတဲ့ desktop အသုံးပြုသူနေ အနေနဲ့ အလိုအပ်ဆုံး လိုအပ်ချက်တစ်ခုလို့လည်း ပြောနိုင်ပါတယ်။ အဲဒိအပလီဟာ Android 4.1.x နဲ့ အထက်ကို ထောက်ပံ့ပြီး 1.7 GHz or အဲဒိထက်မြင့်တဲ့ ဗားရှင်းတွေနဲ့ ARMv7 အာခီတက်ချာ အသုံးပြုထားတဲ့ quad-core CPU တွေနဲ့ ကောင်းကောင်း အလုပ်လုပ်ပါတယ်။ RAM အနေနဲ့ 1 GB ကို အနည်းဆုံးထားပြီးတော့ သုံးနိုင်ပါတယ်၊ storage အနေနဲ့ကတော့ 8 GB ပမာဏကို recommend ပေးထားပြီးတော့။ အဲဒီ recommend ပေးထားတဲ့ support တွေနဲ့သာ အသုံးပြုမယ်ဆိုရင် အပလီကေးရှင်းဟာ ပါဖော်မန့်ကောင်းကောင်း အသုံးပြုနိုင်မှာပါလို့ ပြောပါတယ်။
author-avatar

About Kaung Sint Aung

ခင်ဗျားမှာ ခံယူချက်ဆိုတာ မရှိသေးသရွေ့တော့ ဘယ်အရာကမှ အရေးကြီးမှာ မဟုတ်ပါဘူး။ ခံယူချက်ဆိုတာရှိနေပြီဆိုရင်တော့ အဲဒိခံယူချက်လောက် ဘယ်ဟာကမှ အရေးမကြီးတော့ပါဘူး။ Nothing really matters unless you have a code! May be sharing the things what I know to the audiences to be pleased is my code! Sincerely I am not a writer or author, I am learning how to write and sharing or translating what's going on over the world! Sometimes I combined my opinions or thinking to that articles. I'm really welcome of your some advises or opinions as your perspective about my articles, just point me out! It can really drive home to be a better writer or author to me! Thanks!

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *