Apps, Featured, Review

iOSနဲ့ Androidမှာ Google Mapsကို Offlineအသုံးပြုနည်း

iOSနဲ့ Androidမှာ Google Mapsကို Offlineအသုံးပြုနည်း

Google Mapကို iOSနဲ့ Androidမှာ အသုံးပြုချင်ရင် အင်တာနက် ချိတ်ဆက်ပြီးမှ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် Googleက Mapကို Offlineအသုံးပြုနိုင်အောင် မြေပုံဒေတာတွေကို Saveလုပ်နိုင်တဲ့ စွမ်းဆောင်ချက်ကို မကြာမီက ထည့်သွင်းပေးထားပါတယ်။ အဲဒီအတွက် အင်တာနက် ကွန်နက်ရှင် မလိုဘဲ Google Mapကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

မြေပုံကို သိမ်းဖို့နည်းလမ်းဟာ iOSနဲ့ Androidမှာ အတူတူပဲ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ iOSနဲ့ Androidမှာ Google Mapကို အဆင့်မြှင့်ပါ။ iOSVersion 3.0နဲ့ Android Version 8.0မှာ မြေပုံကို သိမ်းနိုင်တဲ့ စွမ်းဆောင်ချက် စတင်ပါရှိလာပါတယ်။ တကယ်လို့ ဗားရှင်းအဟောင်းများကိုပဲ သုံးချင်သူများအတွက်လည်း နည်းလမ်းရှိပါတယ်။ နည်းလမ်း နှစ်ခုလုံးကို အောက်မှာ ဆက်ဖတ်ပါ။

ဗားရှင်းကို Updateလုပ်သူများက Google Mapကို ဖွင့်ပြီးရင် Search Barရဲ့ ညာဘက်မှ Profile Iconကို နှိပ်ပါ။

Ashampoo_Snap_002_

အောက်ခြေကို ဆင်းပါ။ အဲဒီမှာ Save map to use offlineကို တွေ့ရမှာပါ။

Ashampoo_Snap_003_

အဲဒါကို နှိပ်ရင် မြေပုံကို ဖော်ပြပေးမှာ ဖြစ်ပြီး သိမ်းချင်တဲ့နေရာကို ပေးထားတဲ့ လေးထောင့်ပုံစံဘောင်ထဲကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ ဒါက ဗားရှင်းကို အဆင့်မြှင့်ထားတဲ့ သူတွေအတွက်ပါ။

Ashampoo_Snap_004_

ဗားရှင်းအဟောင်းသုံးသူများက Profile Iconကို နှိပ်စရာ မလိုပါဘူး။ သိမ်းချင်တဲ့ နေရာကို မြေပုံမှာ ဖွင့်ပါ။ Search Boxမှာ Ok Mapsလို့ ရိုက်ပြီး အန်းတားနှိပ်ပါ။ ဒါဆိုရင် မြေပုံကို သိမ်းပေးပါလိမ့်မယ်။

သိမ်းချင်တဲ့ မြေပုံဟာ အရမ်းကြီးနေရင် Zoom Inလုပ်ခိုင်းပါလိမ့်မယ်။ Zoom Inလုပ်ပြီး သိမ်းပေးရမှာပါ။

တစ်ခုမှတ်ထားရမှာက သိမ်းထားတဲ့ မြေပုံများကို ရက်သုံးဆယ်သာ သုံးလို့ရမှာ ဖြစ်ပါတယ်။ ရက်သုံးဆယ်ကျော်ရင်တော့ ဖုန်းအတွင်းမှာ နေရာလွတ်များ ရရှိစေဖို့ ရှင်းလင်းလိုက်မှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *