Apps

ခရီးသွားတွေ အတွက် Yangon Map (Beta)

ကျွန်တော်တို့ဆီမှာ ကမ္ဘာလှည့် ခရီးသွားတွေလည်း များလာသည်နှင့်အမျှ နိုင်ငံတွင်း ခရီးသွားလာ လည်ပတ်သူတွေ၊  စီးပွားရေး၊ လူမှုရေး ကိစ္စတွေနဲ့ သွားလာ လှုပ်ရှားနေသူတွေအတွက် ဒီApp လေးက အဆင်ပြေစေမယ်လို့ ထင်ပါတယ်။ သူကတော့ သင့်ဖုန်းထဲ၊ တက်ဘလက်ထဲ အလွယ်လေး ထည့်ထားရုံနဲ့ ခရီးသွားများအတွက် သွားရေး လာရေးတွေမှာ အကောင်းဆုံး ကူညီပေးမှာပါ။

EduPro Android Teamက မတ်လ ၁၂ရက် နေ့မှာ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ Appရဲ့ အရွယ်အစားက 1.4 MBပဲ ရှိတာဖြစ်လို့ သင့်ရဲ့ စက်ထဲမှာလည်း နေရာ အကျယ်ကြီး မယူသလို Downloadပေါင်း ၃၀,၀၀၀ ကျော်လောက် ရှိပြီလည်း ဖြစ်ပါတယ်။

လက်ရှိ Versionက 1.0 ဖြစ်ပြီးတော့ Androidစနစ်သုံး ပစ္စည်းတွေမှာ ထည့်သွင်းသုံးနိုင်မှာ ဖြစ်ပြီး၊ Android Version 2.2ကနေ နောက်ပိုင်း ထွက်သမျှ စနစ်တွေမှာ သုံးနိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ Yangon Mapကို စိတ်၀င်စားရင် အောက်က Source Linkမှာ
သွားပြီး Download ရယူနိုင်ပါတယ်။

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *