Featured, How-to

၀င်းဒိုးမှာ ဘယ် Appsတွေက အင်တာနက် ချိတ်ဆက်နေသလဲဆိုတာ လေ့လာနည်း

၀င်းဒိုးမှာ ဘယ် Appsတွေက အင်တာနက် ချိတ်ဆက်နေသလဲဆိုတာ လေ့လာနည်း

သင့်ရဲ့ အင်တာနက် အမြန်နှုန်း ကျဆင်းလာတာဟာ အကြောင်းအချက်များစွာ အပေါ်မူတည်ပါတယ်။ ISP, Routerနဲ့ အခြား Networkကိရိယာတွေမှာ ပြဿနာ မရှိဘူးဆိုရင် သင့်ရဲ့ ကွန်ပျူ တာကို ပြန်လည် စစ်ဆေးဖို့ အချိန်ပါပဲ။

နောက်ကွယ်မှာ သံသယဖြစ်စရာတွေ မဖြစ်နေဘူးဆိုတာ သေချာစေဖို့ သင့်ကွန်ပျူ တာမှ ဘယ် Appsတွေဟာ အင်တာနက် ချိတ်ဆက်နေလဲဆိုတာ စစ်ဆေးဖို့ သင့်ပါတယ်။ Networkဆက်သွယ်မှုတွေကို ခြေရာခံနိုင်တဲ့ Windows Resource Managerဆိုတဲ့ Toolဟာ ၀င်းဒိုးမှာ နဂိုပါရှိပါတယ်။ အသုံးပြုနည်းက ဒီလိုပါ။

၁။ Resource Monitorကို ဖွင့်ပါ။ ဒီလိုဖွင့်ဖို့ နည်းလမ်းများစွာ ရှိပေမယ့် အမြန်ဆုံးနည်းက Start>Run ကိုနှိပ်ပြီး resmonလို့ ရိုက်ပြီး အန်းတားခေါက်ပါ။ (Windows 8 အသုံးပြုသူတွေကတော့ resmon.exeကို ရှာရမှာပါ။) ဖွင့်ပြီးရင် Network Tabထဲသွားပါ။

ထိပ်ဆုံးမှာ ရှိတဲ့ Processes with Network Activityထဲမှာ အောက်က သတင်းအချက်အလက်တွေကို ပြသပေးထားပါတယ်။

Image: Process executable file တစ်နည်းအားဖြင့် Appနာမည်ဖြစ်ပါတယ်။

PID: Process ID Number

Send(B/sec): နောက်ဆုံး မိနစ်ပေါ်မှာ Processက ပေးပို့တဲ့ bytes pre secondရဲ့ ပျမ်းမျှ နံပါတ်ပါ။

Receive (B/sec): နောက်ဆုံးမိနစ်ပေါ်မှာ Processက လက်ခံရယူတဲ့ bytes per secondရဲ့ ပျမ်းမျှ နံပါတ်ပါ။

Total (B/sec): နောက်ဆုံမိနစ်ပေါ်မှာ Processက ပေးပို့ ရယူတဲ့ ပျမ်းမျှ bytes per second

Network Tabမှ Panesတွေထဲမှာတော့ ဒီတစ်ခုဟာ Running Processesတွေကို ထိတွေ့နိုင်တဲ့ တစ်ခုတည်းသော နေရာပါ။

၂။ သင်မသိတဲ့ Appတွေအတွက် Process Listကို လေ့လာပါ။ Process Nameပေါ်မှာ Right-Clickနှိပ်ပြီး Search Onlineကို နှိပ်ရင် Webမှာ လေ့လာနိုင်ပါတယ်။

သင်မသိတဲ့ Processတစ်ခုက svchost.exeဖြစ်ပါတယ်။ အဲဒီ Processကို Appsတွေ ၀င်းဒိုးနဲ့ ချိတ်ဆက်ဖို့ အသုံးပြုတာပါ။ အဲဒီ Processကို ဒီအတိုင်း Runနေပါစေ။ ဘယ်Appတွေက svchostကို သုံးနေလဲဆိုတာ သိချင်ရင် Microsoftမှ အခမဲ့ ရယူနိုင်တဲ့ Process Explorerကို အသုံးပြုနိုင်ပါတယ်။

၃။ Processတစ်ခုချင်းစီရဲ့ ဒေတာ အသုံးပြုမှုကို လေ့လာပါ။ အခြား Processထက် ဒေတာ အသုံးပြုမှုများပြားတဲ့ တစ်ခုကို တွေ့ပြီး လက်ရှိ အဲဒီ Appကို အသုံးပြုခြင်းမရှိဘူးဆိုရင် Right-Clickနှိပ်ပြီး End Processကို နှိပ်ပါ။

သင့်ရဲ့ အင်တာနက်ကို အသုံးပြုနေတဲ့ Appsတွေကို မကြာခဏစစ်ဆေးဖို့ အရေးကြီးပါတယ်။ Antivirus or Antimalware Softwareတွေကို သုံးတယ်ဆိုရင်တောင် အင်တာနက်ကို အလွန်အကျွံ သုံးနေတဲ့ Appတွေကို မသိနိုင်ပါဘူး။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *