Apps

အလွယ်ကူဆုံး သုံးနိုင်မယ့် English Myanmar Dictionary

Developer, NDTက ရေးဆွဲ ဖြန့်ချိတာ ဖြစ်ပြီး မတ်လ ၂၉ရက်နေ့က ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ အခမဲ့ ရယူနိုင်မယ့် App ဖြစ်ပြီးတော့ အင်္ဂလိပ်-မြန်မာ စနစ်အဖြစ် သုံးမယ်ဆိုရင် စာလုံးပေါင်း ၃၃,၀၀၀နီးပါးနဲ့ မြန်မာ-အင်္ဂလိပ်စနစ်နဲ့ ရေးမယ်ဆိုရင်တော့ စာလုံးပေါင်း ၃၆,၀၀၀ကျော်ကို သုံးနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး အားသာချက် တစ်ခုက ရှာဖွေနေကျ စာလုံးများကို အလုံးပေါင်း ၁၅၀ထိ သိမ်းထားချင်ရင် သိမ်းထားနိုင်သလို၊ ဖျက်ပစ်တာတွေ အသစ်ထပ် မှတ်တာတွေလည်း လုပ်နိုင်မှာ ဖြစ်ပါတယ်။

တကယ်လို့ ဒီAppနဲ့ ပတ်သက်ပြီး မေးချင်တာတွေ၊ အကြံပေးချင်တာတွေ ရှိရင် [email protected] ကို Mailပို့ပြီး ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။ Appရဲ့ အရွယ်အစားကတော့ 2.8 MB ရှိမှာ ဖြစ်ပြီး Download အရေအတွက်က ၅၀,၀၀၀ကျော် နေပြီ ဖြစ်ပါတယ်။ လက်ရှိ ထုတ်လုပ်ထားတဲ့ Versionက 2.0.3 ဖြစ်ပြီး Android Version 2.1 နဲ့ နောက်ပိုင်း ထွက်တဲ့ စနစ်သုံး ပစ္စည်းတွေမှာ ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Download လုပ်ချင်သူတွေ အတွက်ကိုတော့ အောက်က Source Linkမှတစ်ဆင့် ရယူနိုင်ပါတယ်။

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *