Apps

Android ဖုန်းတိုင်းထည့်သွင်းသင့်သော App များ

ယနေ့ခေတ်မှာ Smartphone တွေကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလာကြပြီး Open Source တစ်ခုဖြစ်တဲ့ Android အတွက် App လည်းများစွာထွက်ပေါ်လာပါတယ်။ အခပေး App, အခမဲ့ App များစွာရှိတဲ့အထဲက User တွေအတွက် အသုံး၀င်ဆုံးဖြစ်တဲ့ App တွေကိုစုစည်းတင်ဆက်ပေးလိုက်ပါတယ်။

နံပါတ်တစ်ကတော့ “Google Chrome” ပါ။ မော်ဒယ်မြင့် Android ဖုန်းတွေမှာတော့ Default ပါ၀င်ပြီးသားဖြစ်ပေမယ့် အဆိုပါ Browser မရှိသေးတဲ့ ဖုန်းတွေအတွက် Google Chrome မှာ ရယူနိုင်ပါတယ်။ Android အတွက် အကောင်းဆုံး Browser လို့လည်းဆိုထားပါတယ်။

နံပါတ်နှစ်ကတော့ ဒေါ်လာ၃.၉၉ ပေးရတဲ့ “Swift Key” ဆိုတဲ့ Keyboard App လေးပါ။ အဆိုပါ Keyboard ရဲ့ ထူးခြားချက်ကတော့ Social Media တွေ၊ Email တွေမှာ သင့်ရဲ့ စာရိုက်ပုံအကျင့်စရိုက်တွေကို မှတ်ထားပြီး သင်ဘာကိုရိုက်မယ်ဆိုတာ ကြိုတင်ခန့်မှန်းပေးခြင်းပဲ ဖြစ်ပါတယ်။ လိုချင်ရင်တော့ Swift Key မှာ ရယူနိုင်ပါတယ်။

နောက်တစ်ခုကတော့ Free ရတဲ့ Flayvr ဆိုတဲ့ Gallery App လေးပါ။ ကိုယ့်ရဲ့ Gallery ကိုအကောင်းဆုံး Manage လုပ်ပေးနိုင်ပါတယ်။ Flayvr မှာ အလွယ်တကူ Download ရယူနိုင်ပါတယ်။

နံပါတ်လေးအနေနဲ့ “Plume” ဆိုတဲ့ Twitter App လေးဖြစ်ပါတယ်။ Facebook ကိုပါ Sync လုပ်ပေးနိုင်ပြီး လှပတဲ့ Widget, Design လေးတွေနဲ့ Twitter App အစား ပေါ့ပါးစွာအသုံးပြုနိုင်ပါတယ်။ Plume မှာရယူနိုင်ပါတယ်။

နံပါတ်ငါးကတော့ “Spotify” ဆိုတဲ့ Music Streaming App ပါ။ အသစ်ထွက်သီချင်းတွေကို သင့်ရဲ့ Android ဖုန်းထဲကနေတိုက်ရိုက် နားဆင်နိုင်ပါတယ်။ Spotify မှာ Free ရယူနိုင်ပါတယ်။

1weather ဆိုတဲ့ ရာသီဥတုသတင်း App ပါ။ GPS သုံးပြီး သင်သွားတဲ့ နေရာတွေကို လိုက်ပါခန့်မှန်းကာ ရာသီဥတုအခြေအနေတွေကို Up To Date ဖော်ပြပေးနိုင်ပါတယ်။ 1weather မှာ ရယူလိုက်ပါဦး။

နောက်တစ်ခုအနေနဲ့ လက်ရှိမှာခေတ်စားနေတဲ့ Instagram ဆိုတဲ့ App ပါ။ သုံးရလွယ်ကူပြီး ရိုးရိုးရှင်းရှင်း Filters တွေပါ၀င်တဲ့ “Photo Social” တစ်ခုပါ။ ရယူချင်ရင်တော့ Instagram

နံပါတ်ရှစ်အနေနဲ့ အားလုံးသိကြတဲ့ Viber App ကိုတင်ဆက်ပေးချင်ပါတယ်။ အင်တာနက်ဖွင့်ပြီး ဖုန်းပြောတာ၊ Message ပို့တာတွေ အခမဲ့လုပ်နိုင်တဲ့အပြင် လူအယောက်(၄၀) တစ်ပြိုင်နက်တည်းစကားပြောနိုင်ပါတယ်။ အခု Viber App ကို ဖုန်းတွေအတွက်သာမက အခြား Device တွေမှာပါ သုံးလို့ရအောင် ထုတ်လုပ်နေပြီဖြစ်ပါတယ်။ လွယ်ကူရိုးရှင်းတဲ့ Viber App လေးကို Viber မှာရယူနိုင်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ Tango App ပါ။ Viber လို ဖုန်းခေါ်၊ Message ပို့တာတွေ လုပ်နိုင်တဲ့အပြင် Video Chat တွေလုပ်နိုင်ပါသေးတယ်။ ဒါ့အပြင် ဗီဒီယိုဖိုင်တွေကိုလည်း ပို့နိုင်ပါသေးတယ်။ မြန်မာပြည်မှာတော့ အဆင်မပြေတဲ့ အချက်လေးတွေရှိတဲ့အတွက် သိပ်မသုံးဖြစ်ကြပါဘူး။ ရယူချင်တဲ့လူတွေအတွက် Tango မှာရှိပါတယ်ဗျာ။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *