News

Singapore Institute of Management (SIM) ၏ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၀င်ခွင့်အတွက် ပညာရေးဆွေးနွေးပွဲများ ကျင်းပမည်

စင်ကာပူနိုင်ငံမှ Singapore Institute of Management (SIM) ဧ။် ပညာရေးဆွေးနွေးပွဲများကို ၂၀၁၃ခုနှစ်၊ သြဂုတ်လ ဒုတိယပတ်အတွင်း ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် ကျင်းပသွားမည် ဖြစ်ကြောင်း RVi CENTRE YANGON မှ သိရပါသည်။

Singapore Institute of Management (SIM) သည် စင်ကာပူနိုင်ငံ ပညာရေး၀န်ကြီးဌာန မှ အသိအမှတ်ပြုလက်မှတ် (Edu Trust Certification) ရရှိထားပြီး အစဉ်အလာ ကောင်းများရှိသော စင်ကာပူနိုင်ငံရှိ အကြီးဆုံး ပုဂ္ဂလိက တက္ကသိုလ်တစ်ခုဖြစ်ပါသည်။ US, UK, Australia နှင့် Switzerland နိုင်ငံများမှ အထင်ကရ တက္ကသိုလ်ကြီးများဖြင့် ပူးပေါင်း၍ နိုင်ငံတကာအဆင့်မီ Degree ဘာသာရပ်များကို သင်ကြားပို့ချ ပေးလျက်ရှိပါသည်။

SIM သည် IMI International Hotel Management Institute Switzerland၊ RMIT University Austria၊ University of Wollongong Australia၊ The University of Sheffield UK၊ The University of Warwick UK၊ University of Birmingham UK၊ University of London UK၊ University of Southampton UK၊ University of Stirling Scotland၊ University at Buffalo (The State University of New York, US) အစရှိသော ကမ္ဘာတစ်လွှားမှ နာမည်ကျော် ကျောင်းများနှင့် ချိတ်ဆက်ထားပြီး ကျောင်းသားများအား စင်ကာပူပညာရေးမှတဆင့် ကမ္ဘာ့ အသိအမှတ်ပြုပညာရေးအဆင့်ကို လက်လှမ်းမီစေမည့် အခွင့်အလမ်းများ အကောင်အထည် ဖော်ပေးလျက် ရှိပါသည်။
အခြေခံပညာအထက်တန်း အောင်မြင်ထားသူ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် SIM တွင် Diploma Level ကို ၁၈ လ ကြာ တက်ရောက်သင်ယူရမည်ဖြစ်ပြီး ထို့နောက်တွင် SIM နှင့် ချိတ်ဆက်ထားသော နိုင်ငံတကာကျောင်းများမှ ချီးမြှင့်မည့် Bachelor ကို မိမိစိတ်၀င်စားရာ ဘာသာရပ်ပေါ် မူတည်၍ ၁ နှစ်ခွဲ မှ ၄ နှစ်အတွင်း တက်ရောက်ပြီး ထပ်မံရရှိမည် ဖြစ်ပါသည်။
ရွေးချယ်စရာဘာသာရပ်များ အနေဖြင့်

• Accounting and Financial Management
• Banking & Finance
• Business
• Business Management with Communications
• Business Administration
• Computing & Information Systems
• Creative Computing
• Economics
• International Business
• International Trade
• International Hotel Management
• Logistics & Supply Chain Management
• Mathematics & Economics
• Marketing
• Retail Marketing
• Psychology
• Sociology အစရှိသဖြင့် ဖြစ်ပါသည်။

၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၀င်ခွင့် (Intake) အတွက် လိုအပ်ချက်များကို မြန်မာကျောင်းသား ကျောင်းသူများ သိရှိပြင်ဆင်နိုင်စေရန် ရည်ရွယ်ပြီး SIM မှ တာ၀န်ရှိသူများ ကိုယ်တိုင်လာရောက်၍ ရန်ကုန်မြို့ နှင့် မန္တလေးမြို့ များတွင် ပညာရေးဆွေးနွေးပွဲများကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

ရန်ကုန် ။ ။ သြဂုတ်လ (၁၃) ရက်၊ ၂၀၁၃ ခုနှစ်
ညနေ ၃း၀၀ နာရီ မှ ၅း၀၀ နာရီ အထိ
RVi CENTRE POSEIN (၁၂ (G)၊ ဖိုးစိန်လမ်း၊ တာမွေှမြို့နယ်)
မန္တလေး ။ ။ သြဂုတ်လ (၁၄) ရက်၊ ၂၀၁၃ ခုနှစ်
ညနေ ၂း၀၀ နာရီ မှ ၄း၀၀ နာရီ အထိ
MCTA : RVi Academy Mandaly (မ-၆၉/၂၊ ၅၃ လမ်း နှင့် ၃၇ လမ်း ထောင့်၊ ရဲမွန်တောင်၊ မန္တလေး)

စိတ်ပါ၀င်စားသူများအနေဖြင့် အသေးစိတ်သိရှိလိုပါက RVi CENTRE YANGON ဖုန်း ၀၁- ၂၄၂ ၄၁၀၊ ၅၄၁ ၈၈၆၊ ၅၃၅ ၄၃၃ (သို့မဟုတ်) MCTA: RVi Academy Mandalay ဖုန်း ၀၂ – ၇၃၃ ၂၅၊ ၅၄၁ ၇၃၃ ၂၆၊ ၂၃၃ ၂၈ သို့ ဆက်သွယ်စုံစမ်း ကြိုတင်စာရင်းပေးသွင်းထားနိုင်ပါသည်။

author-avatar

About APT

အမည်ရင်းမှာ အောင်ဖြိုးထွန်းဖြစ်ပြီး Soft Guide, Web Guideများ ရေးသားလျက်ရှိပါသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာ ပြုမည့် သတင်း အချက်အလက်များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *