How-to

iOS 7 ရဲ့ Features တွေကို Android မှာသုံးချင်လား ?

iOS 7 ရဲ့ Features တွေကို Android မှာအသုံးပြုချင်သူတွေအတွက် Third-Party Developer တွေ က iOS နဲ့တစ်ခြား နာမည်ကြီး Android Phone တွေမှာပါရှိလာတဲ့ Features တွေကို သာမာန် Android User တွေသုံးနိုင်အောင် Application များ ပြုလုပ်ပေးကြပါတယ်။

Control Center

iOS 7 ရဲ့ ထူးခြားပြောင်းလဲမှုတစ်ခုကတော့ iOS Control Center ဖြစ်ပြီး Wi-Fi , Bluetooth,Brightness,Music Playback တွေကို Control အလွယ်တကူ လုပ်နိုင်ပါတယ်။ ဒါ့အပြင် Flashlight,Calculator,Camera စတာတွေအားလုံးကိုလည်း Screen ရဲ့အပေါ်ကဘားကနေ Control လုပ်နိုင်ပါတယ်။

Android User တွေ မှာလည်း အဲဒီ Feature တွေ ပါရှိပြီးသားဖြစ်ပါတယ်။ iOS 7 Control Center လိုဒီဇိုင်းမျိုးနဲ့သုံးချင်ရင်တော့ iOS 7 Control Center ဆိုတဲ့ Android App ကိုသုံးပါ။ နောက်တစ်ခုကတော့ 1 Tab Quick Bar ဖြစ်ပြီး Noti Bar က App Shortcut တွေကိုသင်နှစ်သက်ရာ Shortcut လှလှလေးတွေ နဲ့ပြောင်းလဲနိုင်ပါတယ်။

AirDrop

iPhone 5 နဲ့နောက်ပိုင်းမှာ AirDrop ပါရှိလာပါတယ်။ iPhone User အချင်းချင်း ဖိုင်တွေကိုလွယ်လွယ်ကူကူ Transfer လုပ်ပေးနိုင်တဲ့ App တစ်ခုပါ။

Android မှာလည်းဖိုင်တွေကို Transfer လုပ်ဖို့အတွက် App တွေအများကြီးရှိတာကိုအားလုံးသိကြပါတယ်။ Samsung ကလည်း သူ့ရဲ့ဖုန်း အချင်းချင်း မှာဖိုင်တွေ Transfer လုပ်ဖို့S Beam ဆိုတဲ့ App ကိုပြုလုပ်ပေးထားပါတယ်။ အဲဒီအတွက် AirDrop က သိပ်ပြီးပြောပလောက်တဲ့ Feature မဟုတ်ပါဘူး။

Camera Features

iOS 7 ရဲ့ Camera App မှာ Cropping,Filters စတဲ့ Pre-process features တွေ ပါရှိလာပါတယ်။ Burst mode ကလည်း iPhone 5 မှာကတည်းကပါရှိလာတာပါ။ iPhone 5S မှာ slo-mo ရိုက်နိုင်တဲ့ Feature အသစ် ပါရှိလာပါတယ်။

Android Phone မှာ Burst mode, slo-mo စတာတွေကိုသုံးနိုင်ဖို့ Fast Burst Camera Lite ,AndroVid Video Trimmer လို Apps တွေသုံးနိုင်ပါတယ်။ Fast Burst Camera Lite က တစ်စက္ကန့် ကို ပုံ သုံးဆယ်ရိုက်ပေးနိုင်ပါတယ်။ AndroVid Video Trimmer ကတော့ Video တွေကို slow motion အနေနဲ့ ပြောင်းပေးနိုင်ပါတယ်။

HTC One , Galaxy S4 တို့မှာ အဲဒီ Features တွေက ပါရှိပြီးသားဖြစ်ပြီးတစ်ခြား Apps တွေမလိုပါဘူး။

Multi-Tasking

iPhone User တွေအတွက် Apps တွေ ပြောင်းသုံးချင်ရင် Home Button ကို Double Tap လုပ်နိုင်ပါတယ်။ iOS 7 မှာတော့ Multi-Tasking ပိုမိုကောင်းမွန်လာပြီး App Preview လုပ်တာတွေ၊ App တစ်ခုကို Swipe လုပ်ပြီး Force Close လုပ်တာတွေ ပါရှိလာပါတယ်။

Multi-Tasking ကိုလည်း Android Phone တွေမှာ အရင်ထဲကအသုံးပြုလို့ ရတာဖြစ်ပြီး Home Button ကို ဖိထားပြီး App တွေ ပြောင်းသုံးလို့၊ ပိတ်လို့ရပါတယ်။ တစ်ချို့Android Version တွေမှာ System Controls တွေပါပြုလုပ်နိုင်ပါတယ်။ Multi-Tasking လုပ်ဖို့အတွက် ကောင်းမွန်တဲ့ Android Apps တွေများစွာရှိပြီး Sidebar , SwipePad တို့ကိုသုံးနိုင်ပါတယ်။

Audio Calls Over FaceTime

iOS 7 ရဲ့ FaceTime App က Video Call အပြင် Audio Call တွေပါခေါ်ဆိုလာနိုင်ပါတယ်။

Audio Calls ဟာ အထူးအဆန်းမဟုတ်ပါဘူး။ Audio Calls အတွက် Android App တွေများစွာရှိပြီး Viber,Skype,Tango စတာတွေကိုသုံးနိုင်ပါတယ်။

Safari

iOS 7 ရဲ့ Safari Browser မှာ Search Bar ပါရှိလာပြီး Tab Management လည်းပိုကောင်းလာပါတယ်။ Private Browsing , Do Not Track စတာတွေလည်းပါရှိလာပါတယ်။

အဲဒီ Feature တွေအားလုံးကို Google Chrome Browser ကဖြည့်ဆည်းပေးနိုင်ပါတယ်။ Chrome က Tab Management ကိုကောင်းစွာပြုလုပ်နိုင်သလို Incognito Tab လည်းသုံးနိုင်ပါတယ်။ Search Bar နဲ့ Address Bar ကိုလည်းပေါင်းစည်းထားတဲ့ အတွက်အဆင်ပြေလှပါတယ်။ Do Not Track လည်းပါရှိပါတယ်။

ဒါ့အပြင် Desktop Version အနေနဲ့ ၀က်ဆိုက်တွေကြည့်နိုင်သလို Bandwidth ကို Manage လုပ်တာတွေ၊ Desktop Browser က Tab တွေနဲ့ Sync လုပ်တာတွေပါလုပ်နိုင်ပါသေးတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *