How-to

ဖြစ်တတ်ပါတယ်

အခုလို အစစ အရာရာ တိုးတက်နေတဲ့ခေတ်ကြီးထဲမှာ စာရေးဖို့တောင် ကြောက်လာပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ရေးထားတဲ့ အကြောင်းအရာတွေကို ကူးယူဖေါ်ပြပြီး Credit လေးတောင် မလုပ်တဲ့ အွန်လိုင်းမီဒီယာ၊ အထူးသဖြင့် Facebookပေါ်မှာရှိတဲ့ ဘယ်သူလုပ်ထားလို့ လုပ်ထားမှန်းမသိတဲ့ သတင်း pageတွေ ကြောင့်ပါ။ ကိုယ်ရေးထားတဲ့ သတင်းတစ်ခုကို ကူးယူးဖေါ်ပြတယ်ဆိုရင် ကူးယူးဖေါ်ပြတဲ့သူကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျေးဇူးတင်စရာ မကောင်းလောက်အောင် စိတ်ပျက်တာက ကူးယူတဲ့အပြင်ကို ကျွန်တော်ရေးထားတာကိုပါ ပြင်လိုက်ပါသေးတယ်။

အကုန်လုံးလိုလိုကို ကူးပြီးတော့မှ နောက်ဆုံးမှာ သူ့ Talkyလေးထည့်လိုက်ပါတယ်။ ဘယ်က ကူးထားတယ်လို့ မဖေါ်ပြဘဲ မသိရင် သူဘဲရေးသလိုလို ကျွန်တော်ဘဲ အွန်လိုင်းကနေကူးပြီး ဂျာနယ်ထဲ ထည့်သလို ဖြစ်သွားတယ်ဗျာ။ အရမ်းကောင်းတဲ့ အွန်လိုင်း မီဒီယာသမား တစ်ယောက်ပါ။ ထားလိုက်ပါတော့၊ အခု ကျွန်တော် ပြောပြချင်တာက Android ဖုန်းတွေ အကြောင်းပါ။ တစ်နေ့ ကျွန်တော့်ဆိုင်ကို userတစ်ယောက် ရောက်လာပါတယ်။ ဖုန်းပြင်ချင်လို့ပါတဲ့၊ ဟုတ်ကဲ့ ရပါတယ်ပေါ့။ ဖုန်းက Huawei U8661၊ ဘာဖြစ်လို့လဲ ဆိုပြီး ကျွန်တော် မေးလိုက်ပါတယ်။ လာပြင်တဲ့ သူက ပြောပါတယ် ကျွန်တော်ဖုန်းက ဘာဖြစ်နေလဲ မသိဘူးဗျာ တစ်ခြားကဒ်တွေ ထည့်ရင် တိုင်တက်တယ်၊ ဒီကတ်နဲ့ ဒီဟန်းဆက်ဆိုရင် ဘာတိုင်မှ မတက်တော့ဘူးတဲ့။ သြော်ဆိုပြီး ကျွန်တော် စမ်းကြည့်လိုက်ပါမယ် ခဏစောင့်ပါဆိုပြီး စမ်းကြည့် လိုက်ပါတယ်။ သူပြောတဲ့ အတိုင်းပါဘဲ တစ်ခြားကဒ်နဲ့ဆို အဆင်ပြေပါတယ်။ ကျွန်တော် တစ်ခါထပ်ပြီး မေးလိုက်ပါတယ်၊ အရင်က ဘယ်လိုဖြစ်ဘူးသေးလဲလို့ သူကလဲ အရင်က ဘာမှမဖြစ်ဘူး သုံးနေတာအကောင်းဘဲတဲ့။ စဉ်းစားရ ကျပ်သွားတယ်၊ Errorက စမ်းတာကိုဗျ။ဒါနဲ့ကျွန်တော်လဲ Factory Resetချကြည့်တယ် မရပြန်ဘူး။ ဒါနဲ့ နောက်တစ်နည်း Firmware အသစ်ပြန်တင်တယ် မရပြန်ဘူး။

ခေါင်းတော်တော် စားနေပြီ၊ စက်ကို ဖွင့်ပြီး လမ်းကြောင်းတွေ စစ်ကြည့်တယ်၊ အထဲမှာလဲ အကုန်ကောင်းတယ်။ သွားပြီ ဘယ်လိုမှ မရတော့ဘူး။ လာပြင်တဲ့ လူကိုလဲ အားနာ၊ ပြင်လို့မရလို့လဲ စိတ်တို၊ ပြင်တဲ့လူတွေမှာလဲ ပြင်လို့မရရင် မျက်နှာပူတာပေါ့။ ပြင်သူတို့ရဲ့ ပြောနေကျအတိုင်း ထားခဲ့လို့ရရင် ထားခဲ့ပါလို့ ပြောလိုက်တယ်။ သူကလဲ ရပါတယ် အေးဆေးလုပ်ပါတဲ့၊ ထားခဲ့ပါမယ်တဲ့။ ပြီးပြီဟေ့လို့ စိတ်ထဲမှာ ငြီးလိုက်ပါတယ်။ ထားခဲ့မယ်ဆိုတော့လဲ ထားခဲ့ပေါ့ ဆိုပြီး၊ ကျွန်တော် အဲ့ဒီဖုန်းကို နည်းစုံစွာ စမ်း ပါတော့တယ်။ နောက်ဆုံး အဖြေက မရပါတဲ့။ စိတ်ပျက်ပြီး ဖုန်းကို ပါဝါပိတ်ပြီး ထားလိုက်ပါတယ်။ နောက်နှစ်ရက်လောက်နေတော့ လာအပ်သွားတဲ့ သူလဲမလာသေး ပြင်လို့ကလဲ မပြီးဆိုတော့၊ ဆက်ပြင်ကြည့်လိုက်ပါဦးမယ်ဆိုပြီး ပါဝါဖွင့်ကြည့်လိုက်တော့မှ ငတိက အိုကေနေတယ်။ ပျော်သွားတာပေါ့၊ ဒါပေမဲ့ မဟုတ်သေးပါဘူး ဘာမှမလုပ်ဘဲ ပြန်ကောင်းတယ်ပေါ့။ ပြန်ကောင်း သွားပြန်တော့လဲ စိတ်ညစ်နေရ ပြန်တယ်ဗျာ။ ဟုတ်တယ်လေ ကိုယ်ပြင်လို့ ပြန်ကောင်းတာမှ မဟုတ်တာ ဘယ်လို ပိုက်ပိုက်တောင်းမလဲဗျ၊ ညစ်တာပေါ့။ ကံဆိုးတာက Customer လာလဲရောက်လာတယ်၊ နောက်တစ်ခါ စိတ်ထဲက ပြောလိုက်ပါတဲ့ ပြီးပြီဟေ့လို့ ကျွန်တော်လဲ ပိုက်ဆံမတောင်းဘဲ ပြန်ပေးလိုက်ပါတယ်။

ဘာဖြစ်တာလဲလို့ မေးပြန်ရော ဖုန်းတွေက ဒီလိုဘဲ တစ်ခါတလေ ကြောင်တတ်တယ်လို့ ပြောပြလိုက်ပါတယ်။ သူလဲ ကျေနပ်သွားတယ်ထင်တယ် ဘာမှပြန်မပြောတော့ဘဲ ကျေးဇူးပါလို့ပြောပြီး ပြန်သွားပါ တော့တယ်။ ဒါပေမဲ့ ကျွန်တော် အရမ်းတင်းနေတယ် Customerကို မဟုတ်ပါ။ ဘာကြောင့်ဒီလိုဖြစ်တာလဲ ဘယ်လိုလုပ်ရမလဲပေါ့။ နောက်ဆုံး ဆုံးဖြတ်လိုက်ပါတယ်၊ ဆရာ့ကို မေးကြည့်မယ်လို့ ဆိုပြီး ဖုန်းဆက် မေးလိုက်ပါတယ်။ ဆရာက ပြောပါတယ် အဲ့လိုဖုန်းတွေက စက်ရုံက ထုတ်လိုက်တဲ့အချိန်က စပြီးသုံးနေတဲ့ အချိန်အတိုင်းတာတစ်ခုမှာ ဖြစ်တတ်တယ်။ ထုတ်ထားတဲ့ ဖုန်းတိုင်း မဟုတ်ဘူး၊ နောက်တစ်ခု ဖြစ်တတ်တာက အသုံးပြုတဲ့ ဖုန်းလိုင်းကဒ်က 3Gဆိုပါတော့ ဟန်းဆက်က 3G အပြည့်အ၀အလုပ်မလုပ်တဲ့ အခါအဲ့လို Error တွေဖြစ်တတ်ပါတယ်။ နောက်တစ်ခုက ကိုယ့်ဆီမှာရှိတဲ့ Operator နဲ့မကိုက်ညီတာလဲ ဖြစ်နိုင်ပါတယ်။

ကျွန်တော်လဲပြန်စဉ်းစားကြည့်ပါတယ် ဆရာပြောတာလဲ ဖြစ်နိုင်ပါတယ်ဆိုပြီး လက်လျှော့လိုက်ပါတော့တယ်။ တစ်ခြားဖုန်းပြင်တဲ့ သူတွေတော့မသိဘူး ကျွန်တော် စပြင်တဲ့အချိန်ကနေ အခုထိဒီလို Errorမျိုး မတွေ့ဘူးလိုက်ပါဘူး။ ဒါပထမဆုံးနဲ့ Errorအသစ်တစ်ခု တွေ့လိုက်တာပါ။ ကျွန်တော်ပြောချင်တာက ဒီလို Errorမျိုး ကြုံတွေ့တဲ့ ပြင်တဲ့သူတွေရော၊ Userတွေရော သိစေဖို့အတွက် ပြောပြရခြင်းပါ။ ကျွန်တော်မပြင်နိုင်ပေမဲ့လဲ ဒီလို Errorမျိူးကြုံတဲ့အခါ သိထားသင့်တာတွေ သိရအောင် လက်လှမ်း မီသလောက်ပြောပြခြင်းသာ ဖြစ်ပါသည်။ ဆရာလုပ်ပြီး ကြွယ်တယ်လို့တော့ မထင်စေချင်ပါ။ မှတ်ထားတတ်သလို မှတ်ထားလို့ရပါကြောင်း Android knowledgeအဖြစ် ပြောပြလိုက်ပါကြောင်း ပါခင်ဗျာ။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *