News

iWatch နှင့် ပြိုင်မည့် Samsung IS

iWatch-VS-Samsung-IS

Apple ကုမ္ပဏီမှ မကြာမီ ထုတ်လုပ်တော့မည်ဟု သတင်းများ ထွက်ပေါ် လျက်ရှိသော iWatch နာရီကို ယှဉ်ပြိုင်နိုင်ရန်အတွက် Samsungမှ 1.5နာရီကို ထုတ်လုပ်ရန် ကြိုးစားလျက်ရှိကြောင်း သိရသည်။ နည်းပညာ ကုမ္ပဏီကြီးနှစ်ခုမှ ထုတ်လုပ်သည့် နာရီများသည် မိုဘိုင်းလ်ဖုန်းများနှင့် ချိတ်ဆက်အသုံးပြုနိုင်မည့်အပြင် အင်တာနက်မှ Application ပြုလုပ်ခြင်း၊ Download ပြုလုပ်ခြင်းနှင့် Email ပို့ခြင်းများကိုလည်း ပြုလုပ်နိုင်မည် ဖြစ်သည်။

ISနာရီသည် ဝယ်ယူသူများကို ထူးခြားသော စွမ်းဆောင်မှုများကို ပေးစွမ်းနိုင်သည့် ပထမဆုံး နာရီဖြစ်လာမည် ဖြစ်ကြောင်း၊ ISနာရီသည် စမတ်ဖုန်းများ၏ လုပ်ဆောင်မှု အများအပြားကို လုပ်ဆောင်နိုင်မည် ဖြစ်သော်လည်း နာရီပိုင်းနှင့် စပ်လျဉ်း၍ အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်း မရှိပါ။ ၎င်းနာရီသည် ပြေးလွှားနေစဉ် ဖုန်းခေါ်ဆိုမှုအား ဖြေကြားရန်အတွက် နာရီလက်ပတ်အိမ်မှ ဖြုတ်၍ အင်္ကီျအိတ်အတွင်း ထည့်ထားနိုင်သည်။
မိုဘိုင်းလ်ဖုန်းများကို နာရီအဖြစ် ဝတ်ဆင်နိုင်ရန်အတွက် ဒီဇိုင်း ပြောင်းလဲ ထုတ်လုပ်ထားခြင်း ဖြစ်ပြီး အသုံးအဆောင် ပစ္စည်း ထုတ်လုပ်သူများနှင့် ဒီဇိုင်း ထုတ်လုပ်သူများက အမျိုးမျိုးသော ပုံသဏ္႑ာများဖြင့် ယှဉ်ပြိုင် ထုတ်လုပ်လာကြပြီး Apple ကုမ္ပဏီမှ iPadကို မိတ်ဆက်စဉ်က Tablet ဈေးကွက်တွင် အကြီးအကျယ် အောင်မြင်မှု ရရှိခဲ့သည့် နည်းလမ်းအတိုင်း နာရီသစ်များကို မိုဘိုင်းလ်ဖုန်း ဈေးကွက်တွင် ရောင်းချသွားမည်ဟု ကျွမ်းကျင် ပညာရှင်များမှ ယူဆလျက်ရှိကြောင်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *