News

India ရဲ့အကြီးဆုံး Smartphone ထုတ်လုပ်တဲ့ Company က ဥရောပ မှာစတင်ရောင်းချတော့မည်

Micromax ဆိုတဲ့နာမည်ကို သင်အခုကြားဖူးချင်မှကြားဖူးမှာပါ။ ဒါပေမယ့် အနာဂတ်မှာတော့ အဲဒီနာမည် ကိုသင်ရင်းနှီးလာပါလိမ့်မယ်။ India ရဲ့အကြီးမားဆုံး Smartphone ထုတ်လုပ်တဲ့ Company ဖြစ်တဲ့ Micromax က Hollywood နာမည်ကြီးသရုပ်ဆောင် Hugh Jackman ကို ငှားရမ်းပြီး သူ့  ရဲ့  Canvas Turbo Smartphone ကို ရောင်းအားမြှင့်တင်ဖို့ပြုလုပ်နေပါပြီ။ Turbo က 1920×1080 Display ပါရှိပြီး 1.5 GHz MediaTek Chip တပ်ဆင်ထားပါတယ်။ 2GB RAM ပါရှိပြီး အရှေ့ကင်မရာ  က 5MP , အနောက်ကင်မရာက 13MP ရှိပါတယ်။ Android 4.2.1 ကိုမောင်းနှင်အသုံးပြုမှာဖြစ်ပါတယ်။ Micro SD Slot မပါရှိဘဲ On-board 16 GB Storage ပဲပါရှိပါမယ်။ ဈေးနှုန်းကတော့ $325 သတ်မှတ်ထားတဲ့အတွက်သက်သာတယ်လို့ပြောနိုင်ပါတယ်။ Canvas Turbo ကို မနက်ဖြန် India မှာရောင်းချပေးမှာဖြစ်ပါတယ်။ နောက်နှစ်မှာတော့ Russia မှာစမ်းသပ်ရောင်းချမှာဖြစ်ပါတယ်။ Russia မှာရောင်းအားကောင်းမယ်ဆိုရင် Micromax ရဲ့ Smartphone တွေကို ဥရောပ ဈေးကွက်တွေမှာ တွေ့မြင်လာရဖွယ်ရှိပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *