News

Obama က U.S ကျောင်းသား 99% ကို မြန်နှုန်းမြင့် အင်တာနက် အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးမည်

Obama က Newyork မြို့ Brooklyn အခြေစိုက် သိပ္ပံ နှင့် နည်းပညာ အထူးပြု အထက်တန်းကျောင်းတစ်ခုမှာ နည်းပညာ နယ်ပယ် မှာ ကျောင်းသားတွေ အခွင့်အလမ်းတွေရရှိအောင်ပြုလုပ်ပေးဖို့ပြောကြားလိုက်ပါတယ်။ နောက်ပြီး U.S ကကျောင်းသားတွေအားလုံး မြန်နှုန်းမြင့် အင်တာနက်အသုံးပြုနိုင်ဖို့ အထူးအစီအစဉ်တွေချမှတ်ဆောင်ရွက်နေကြောင်းလည်းပြောကြားပါတယ်။

Obama ကတက်ရောက်လာသူတွေကို ပြောကြားရာမှာ “ကျောင်းသားတိုင်းကို ကမ္ဘာ့ သတင်းအချက်အလက်တွေပေးသင့်ပါတယ်။ နောက် ငါးနှစ်အတွင်းမှာ ကျောင်းသား 99% ကို မြန်နှုန်းမြင့် အင်တာနက်အသုံးပြုနိုင်အောင် အစိုးရ ကလုပ်ဆောင်နေပါတယ်။ နည်းပညာနဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နိုင်အောင် လူငယ်တွေကို ပြုစုပျိုးထောင်ဖို့ အထက်တန်းကျောင်းတွေ ကို လည်းပြုပြင်မွမ်းမံရပါမယ်။”

စာသင်ခန်းတွေထဲကို အကောင်းဆုံးနည်းပညာတွေ သယ်ဆောင်လာဖို့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေ၊ ထူးချွန်တဲ့ ပညာရေး၀န်ထမ်းတွေ နဲ့လည်းတွေ့ဆုံဆွေးနွေးပြီးပြီလို့ Obama ကဆက်ပြောပါတယ်။အရင်က Pathways in Technology Early College High School လို့ခေါ်တဲ့ P-Tech High School လိုကျောင်းမျိုးတွေပေါ်ထွက်အောင်ပြုလုပ်ရပါမယ်။

P-Tech High School ရဲ့  စာသင်နှစ်ခြောက်နှစ်အစီအစဉ် မှာ အတန်း(၉)  ကနေ(၁၄) အထိပါ၀င်မှာဖြစ်ပြီး လေးနှစ် ကို အထက်တန်း သင်ရိုးများသင်ကြားပြီး ကျန်နှစ် နှစ်ကို ကောလိပ် သင်ရိုးများသင်ကြားပေးတာဖြစ်ပါတယ်။ အဲဒီအတွက် ကျောင်းသားတွေဟာ ကောလိပ် ကျောင်းတွေမှာ ရတဲ့ဘွဲ့တွေကို P-Tech ကနေ အခကြေးငွေအနည်းငယ်နဲ့ရနိုင်ပါတယ်။ ခြောက်နှစ်လုံးကို  သိပ္ပံပညာ၊ အင်ဂျင်နီယာပညာ၊ကွန်ပြူတာပညာရပ်တွေကို အဓိက သင်ကြားတာဖြစ်ပါတယ်။

ကလေးတွေကို ဒီလိုကျောင်းမျိုးတွေကို တတ်နိုင်သလောက်ပို့နိုင်အောင်ကြိုးစားသင့်ပါတယ်။ ဒီနိုင်ငံကိုပြောင်းရွှေ့အခြေချလာတဲ့လူတိုင်းကိုလည်းဒီလိုအခွင့်အရေးမျိုးတန်းတူပေးနိုင်အောင်ကြိုးစားသင့်ပါတယ် လို့ Obama ကဆက်လက်ပြောဆိုပါတယ်။

P-Tech Program ကို ကျောင်းသားတွေ နည်းပညာအလုပ်အကိုင်တွေ မှာအဆင်သင့်၀င်ရောက်နိုင်အောင် New York Public Schools, IBM နဲ့ အစိုးရ ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ လုပ်ဆောင်နေတာပါ။

P-Tech  မှာ အတန်း (၉) ရောက်ရှိတဲ့သူတိုင်းကို IBM က ညွှန်ကြားသူတစ်ယောက်က အနီးကပ် ညွှန်ကြားပြသပေးနေမှာဖြစ်ပြီး ဘွဲ့ရတာနဲ့အလုပ်ရနိုင်အောင်ကူညီပေးနေမှာပါ။ သုံးနှစ်မြောက်မှာတော့ IBM, P-Tech တို့မှာ အလုပ်ခွင်၀င်ရောက်ပြီးသင်ကြားလေ့လာနိုင်ပါတယ်။

အဲဒီအတွက်ကောင်းမွန်တဲ့ လုပ်ငန်းခွင်အတွေ့အကြုံကိုရရှိစေပြီးအလုပ်အကိုင်ကောင်းတွေကိုရရှိစေမှာပါ။ Company တွေကလည်း ဒီလိုကျောင်းသားမျိုးတွေကိုခေါ်ယူချင်မှာပါ လို့ Obama ကပြောပါတယ်။ IBM ကပြောကြားရာမှာတော့  ဘွဲ့ရရှိတာနဲ့အလုပ်ကအဆင်သင့်ဖြစ်နေမှာပါ။ ကျောင်းစရိတ်တွေကိုလည်း အနည်းဆုံး ဖြစ်အောင်ပြုလုပ်ပေးထားပါတယ်။

ဒီကျောင်းတွေကို စဖွင့်ဖွင့်ချင်း ၂၀၁၁ ခုနှစ်မှာတော့ တင်းကျပ်ထားခဲ့ပြီး အနာဂတ်မှာတော့ P-Tech ကျောင်းပေါင်း ၁၆ ကျောင်းတိုးချဲ့ဖွင့်လှစ်ဖို့ New York State ကခွင့်ပြုဖို့ရှိပါတယ်။

Obama က  P-Tech ရဲ့ရည်မှန်းချက်တွေကို ထောက်ခံနေခဲ့တာဟာ ၂၀၁၂ ခုနှစ်ကတည်းကဖြစ်ပါတယ်။

New York မြို့တော်၀န် Michael Bloomberg ကလည်း   အထက်တန်းအောင်လက်မှတ်တွေဟာ အလယ်အလတ်အဆင့်အတန်းမဟုတ်တော့ပါဘူး။ P-Tech လို စမ်းသပ်နေဆဲ Program တွေကနေ နည်းပညာကျွမ်းကျင်လုပ်သားတွေကိုမွေးဖွားပေးနိုင်မှာပါ လို့ပြောဆိုပါတယ်။

 

 

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

3 thoughts on “Obama က U.S ကျောင်းသား 99% ကို မြန်နှုန်းမြင့် အင်တာနက် အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးမည်

  1. ဒီက”အာ”ဘားမားတွေကရော

  2. Ko Min says:

    စပွန်ဆာရှာနေတာ

  3. မြန်မာပြည် လာမည် နောင်အနှစ် ၃၀၀၀

Leave a Reply

Your email address will not be published. Required fields are marked *