News

Facebook က Snapchat ကို၀ယ်ယူဖို့ $1 Billion ဖြင့်ကမ်းလှမ်း

Facebook က Photo-Sharing App ဖြစ်တဲ့ Snapchat ကို ဒေါ်လာ သန်းတစ်ထောင်နဲ့ ကမ်းလှမ်းခဲ့ပါတယ်။ Snapchat CEO Evan Spiegel ကကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။ ဘယ်တုန်းကကမ်းလှမ်းခဲ့တယ်ဆိုတာကိုတော့မသိရှိပါဘူး လို့ Wall Street Journal ကဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က Instagram ကိုလည်း ဒေါ်လာ သန်းတစ်ထောင်နဲ့ပဲကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

Snapchat အသုံးပြုသူတွေကတစ်ရက်ကို Photo Messages ပေါင်း သန်း ၃၅၀ ပို့ကြတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က Facebook က Snapchat နဲ့ဆင်တူပြီးပို့ပြီးတာနဲ့ အချိန်တိုအတွင်းမှာအလိုလိုပျေက်ကွယ်သွားတဲ့ပုံတွေကိုပေးပို့နိုင်တဲ့   Poke  ကိုစတင်ပြုလုပ်ပေးခဲ့ပါတယ်။

Facebook နဲ့  Snapchat တို့ကတော့ ဒီသတင်းတွေကို တုန့်ပြန်မှုမရှိခဲ့ကြပါဘူး။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *