Apps

ခေတ်ဟောင်းကို ပြန်လည် အသက်သွင်းထားတဲ့ Vine App

အင်တာနက်ခေတ်ကြီးမှာ ရုပ်ရှင်ခေတ်ဦးကလို Stop-motionကို ပြန်လည် အသက်သွင်းပေးတဲ့ Vine App ထွက်ရှိလာပြီး တစ်ပတ်အတွင်းမှာ အင်တာနက် အသုံးပြုသူများရဲ့ စိတ်ဝင်စားမှုကို တစ်ခဲနက် ရရှိစေခဲ့ပါတယ်။ ဝေဖန်သူများမှလည်း ပက်ပက်ဆက်ဆက် ရံှုချကြသလို အပြုသဘော ဆောင်ပြီး စဉ်းစားကြသူများမှာတော့ အသုံးတည့်မည့် နေရာများစွာ ရှိလာနိုင်ကြောင်း ဆိုကြပါတယ်။

Vine app ဟာ လက်ရှိအချိန်အထိ iPhone, iPadနှင့်သာ သုံးလို့ ရတာဖြစ်ပြီး Android သုံးသူများအတွက် ဆံ့တငင်ငင်ဖြစ်နေစေပါတယ်။ သူ့ရဲ့ လုပ်ဆောင်ချက်ကတော့ iDevice နဲ့ ပါလာတဲ့ ကင်မရာနဲ့ အရာတစ်ခု (သို့) ကြိုက်သည့်နေရာကို ချိန်ပြီး iDeviceရဲ့ မျက်နှာပြင်ကို ထိလိုက်၊ လွှတ်လိုက်နဲ့ ၆ စက္ကန့်စာ ဗီဒီယိုကို ဖန်တီးရတာ ဖြစ်ပါတယ်။ Twitter မှာ စာလုံး ၁၄၀ ကန့်သတ် ထားသည့်အတိုင်း Vineမှာလည်း ဗီဒီယိုကို ၆ စက္ကန့် ကန့်သတ်ထားခြင်း ဖြစ်ပါတယ်။

ထို့ကြောင့် Twitter၏ အောင်မြင်မှုကို ကြည့်ပြီး ဒီ Vineဟာလည်း အသုံးများလာနိုင်ပါတယ်။ ထွက်ရှိပြီး ရက်ပိုင်းအတွင်းမှာတင် Vine app သုံးစွဲသူပေါင်း သိန်းနှင့် ချီခဲ့သည့်အတွက်ကြောင့် ဝေဖန်သူများကိုပါ အံ့အားသင့်စေခဲ့ပါတယ်။

Vine appကို ဖန်တီးသူ၏ အဆိုအရတော့ ဘဝမှာ ဖြစ်ပျက်နေသည်များကို ဒီလို ၆ စက္ကန့်စာ looping ပတ်နေတဲ့ ဗီဒီယိုတစ်ခု အနေဖြင့် မှတ်တမ်းတင်ထားခြင်းဟာ လိုရင်းတိုရှင်း ပြောချင်သည်များကို မိတ်ဆွေပေါင်းဖော်များနှင့် မျှဝေဖို့ အကောင်းဆုံးပါပဲဟု ဆိုထားပါတယ်။

လက်ရှိ အသုံးပြုနေသူများ၏ ၆ စက္ကန့်စာ ဗီဒီယိုများကို လေ့လာကြည့်လျင်လည်း မိသားစု မှတ်တမ်းတင် ဗီဒီယိုများသာမက စီးပွားရေး လုပ်ငန်းများ၏ ကြော်ငြာများနှင့်အတူ အနုပညာရှင်များ၏ ၆ စက္ကန့်စာanimationများနှင့် ဝေဆာနေသည့် အတွက်ကြောင့် ခေတ်ဟောင်းကို ပြန်အသက်သွင်းလိုက်တဲ့ Vine ဗီဒီယိုလေးမှာတော့ Twitterလို အောင်မြင်လာနိုင်ကြောင်း ဆိုလာပါတယ်။
ပြည်တွင်းအနေဖြင့်လည်း တိုးတက်ပြီး နိုင်ငံများမှာလို အင်တာနက် ကော်နက်ရှင် မမြန်သေးသည့် အတွက်ကြောင့် ၆ စက္ကန့် ဗီဒီယို upload ဟာ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ ထို့ကြောင့် ဒီ Vine appလေးနှင့် ပြည်တွင်းမှ အနုပညာရှင်များ၊ စီးပွားရေးသမားများလည်း ကမ္ဘာသိအောင် ချပြနိုင်ဖို့ ပိုမို နီးစပ်လာနိုင်ကြောင်း မျှဝေလိုက်ရပါတယ်။

Vine App စပေါ်ကတည်းက အသုံးပြုသူများရဲ့ အကောင်းဆုံး ၆ စက္ကန့်စာ ဗီဒီယိုလေးများ ပေါင်းချုပ်ထားသည်လေးကိုလည်း ခံစားလိုက်ပါဉီးဗျာ။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *