Apps

MobileGo ကို သုံးမယ်ဆိုရင်

mobile-go

Android ဖုန်းတွေကို ကွန်ပျူတာပေါ်ကနေ Apkဖိုင် Installလုပ်မယ်၊ Data Backup လုပ်မယ် စသဖြင့် ကွန်ပျူတာပေါ်ကနေပဲ အဲ့ဒီကိစ္စတွေ လုပ်တော့မယ် ဆိုရင် ကွန်ပျူတာပေါ်မှာ Runမယ့် Software တစ် ခု ပါလိမ့်မယ်။ Software ရဲ့ နာမည်က MobileGo လို့ ခေါ်ပါတယ်။ ဘာ ကြောင့် ဒီ Software အကြောင်းလေးကို ပြော ရတာလဲဆိုတော့ Mobile Goကို ဖုန်းဆိုင် တော် တော်များများက အသုံးပြု ပြီး အဆင်ပြေတဲ့ Soft- ware တစ်ခု ဖြစ်နေလို့ပါ။ MobileGoသုံးပြီး Apk တစ်ခု Install လုပ်တာနဲ့ ဖုန်းထဲမှာ Apkတစ်ခု ထည့်ပြီး Installလုပ်တာ ဘာကွာလဲ ဆိုတာ သုံး ကြည့်ရင် သိပါလိမ့်မယ်။ Apk တစ်ခုကို ဖုန်းထဲမှာ Installလုပ်မယ်ဆိုရင် ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ရ ပါမယ်။ ဖုန်းထဲကနေ USB Connect လုပ်ရပါမယ်၊ နောက်ပြီး Installလုပ်မဲ့ Apkကို SD Cardထဲ ထည့် ရ ပါမယ်။ ပြီးတော့မှ ဖုန်းထဲမှာ Installလုပ်ရပါမယ်။ MobileGoကို အသုံးပြုမယ်ဆိုရင်တော့ ဖုန်းကို ကွန်ပျူ တာနဲ့ ချိတ်ပြီးရင် MobileGoက သူ့အလိုလို ချိတ်လိုက် တဲ့ ဖုန်းကို ရှာနေပါလိမ့်မယ်။

Connect ဖြစ်သွားပြီဆိုရင် Installလုပ်ချင်တဲ့ Apk ကို Clickနှစ်ချက်နှိပ်လိုက်တာနဲ့ Install စလုပ်နေပါ လိမ့်မယ်။ MobileGoကို အသုံးပြုပြီး ဒီလိုလုပ်မယ်ဆိုရင် လိုအပ်တာ တစ်ခုရှိပါတယ်။ MobileGoနဲ့ အသုံးပြုမယ့် ဖုန်းတိုင်းကို ကွန်ပျူတာက Driver သိနေဖို့ လိုအပ်ပါ တယ်။ ဒါမှအသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ MobileGoမှာ ပါ၀င်တဲ့ Toolsတွေက Manage SD Card၊ Install apps၊ About Deviceတွေပြင် တခြားလိုအပ်တဲ့ Tools တွေပါ ပါ၀င်နေပါတယ်။ Manage SD Cardဆိုတာကို နှိပ်လိုက်တာနဲ့ ဖုန်းရဲ့ SD Cardထဲမှာရှိတဲ့ Fileတွေ အကုန်လုံးကို မြင်တွေ့ရမှာဖြစ်ပြီး Fileတွေကို Copy၊ Pasteလုပ်နိုင်မယ့် Toolတစ်ခု ဖြစ်ပါတယ်။ Install Appsကတော့ Apkတွေ Installလုပ်နိုင်မှာ ဖြစ်ပါတယ်။ About Deviceဆိုတာ ဖုန်းရဲ့ Version၊ Model၊ Brand တွေကိုဖော်ပြပေးမှာ ဖြစ်ပါတယ်။ MobileGoကို အသုံး ပြုချင်တဲ့ သူတွေအတွက် Internetမှာ Full Versionရှာ ပြီး အသုံးပြုနိုင်ပါတယ်။

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *