Apps

အန်းဒရွိုက်အတွက် Vine Appအသစ်

မြန်မာအိုင်စီတီ ပရိသတ်တွေအတွက် အန်းဒရွိုက်မှာ သုံးနိုင်မယ့် အသစ်ထွက် Vine Appကို တင်ဆက်ပေးလိုက် ပါတယ်။ အဆိုပါ Vine Appဟာ Twitterက ပိုင်ဆိုင်တာ ဖြစ်ပြီးတော့ ဗီဒီယို ဇာတ်လမ်းတို လေးတွေကိုတင်ပြီး Twitter, Facebookစတဲ့ လူမှုကွန်ရက်တွေမှာ Shareလုပ်နိုင်မယ့် Appတစ်ခု ဖြစ်ပါတယ်။ အစတုန်းကတော့ Vine Appဟာ Appleရဲ့ iOSမှာသာ အသုံးပြုလို့ ရတာဖြစ်ပေမယ့် Twitterအနေနဲ့ ၎င်းAppကို အခြား Platformတွေမှာပါ သုံးလို့ရအောင် စီစဉ်ခဲ့လို့ အခုဆိုရင် အန်းဒရွိုက် Deviceတွေမှာ သုံးလို့ရနေပြီ ဖြစ်ပါတယ်။

အခုထွက်ရှိလာတဲ့ ဗားရှင်းကတော့ Vine For Android 1.3.4ဖြစ်ပြီး ဖိုင်အရွယ်အစား 18MBနဲ့ ဒီနေရာမှာ အခမဲ့ဒေါင်းလုဒ် ရယူနိုင်ပါတယ်။ Vineဟာလည်း Twitter, Facebookတို့လို လူမှုကွန်ရက်တစ်ခု ဖြစ်ပြီးတော့ လက်ရှိမှာ လူကြိုက်များနေတဲ့ Appတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်မို့ သင်တို့လည်း ခေတ်နောက်မကျရအောင် အခုပဲ Vine Appကို ရယူသုံးစွဲပြီး ခံစားလိုက်ကြပါစို့လား။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *