Apps

Android စနစ်သုံး Alarm Clock App အသစ်က အချိန်မှန် နှိုးစက်ပေးမည်

warmly-app

မကြာသေးခင်ကမှ အသစ်ထွက်ရှိခဲ့တဲ့ Android စနစ်သုံး Warmlyအမည်ရှိ Alarm Clock Appက သင့်ကို အချိန်မှန်မှန်နဲ့ သာယာပျော့ပျောင်းသော အသံ တွေနဲ့ အိပ်ယာက နှိုးပေးမှာ ဖြစ်ကြောင်း သိရပါတယ်။ ယခင် Alarm Appများနှင့် မတူညီတာက သာယာ ငြိမ့်ငြောင်းသော အသံများနှင့် Alarmသံ စတင် ထွက်ပေါ်လာမှာဖြစ်ကာ သုံးစွဲသူအား စိတ်ချမ်းသာမှု ကို အပြည့်အ၀ ပေးနိုင်အောင် ကြိုးစား ဖန်တီးထား ကြောင်း သိရပါတယ်။ အဆိုပါ Appမှာ Chaos Collective အခြေစိုက်အဖွဲ့မှ တီထွင် ဖန်တီး တင်ဆက် ထားတာဖြစ်ပြီး၊ ငွေကြေးအောင်မြင်မှု ရရှိရန် မျှော်မှန်း ထုတ်လုပ်ခြင်း မဟုတ်ကြောင်းတို့ကို Chaos Collective ရဲ့ ပူးပေါင်း တည်ထောင်သူတစ်ယောက် ဖြစ်သူ Adam Kumpfက ပြောပါတယ်။ “Warmlyဟာ စမ်းသပ်ချက် တွေ အများကြီး လုပ်ပြီးမှ ဖြန့်ချိခဲ့တဲ့ Appတစ်ခု ဖြစ်ပါ တယ်။

ဒါကြောင့် ပူးပေါင်း လုပ်ဆောင်မှုတွေ အများကြီး လည်း လုပ်ဆောင်ခဲ့ပြီး ဖြစ်သလို စံတော်ချိန်တွေနဲ့လည်း တိုက်ဆိုင် စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့ပြီးပါပြီ”လို့ Kumpfက ဆက်လက် ပြောကြားပါတယ်။ Warmly Appအား ဈေးနှုန်းကိုတော့ ၁.၉၉ဒေါ်လာဖြင့် ဈေးကွက် တင်ထားလျက်ရှိပြီး သင့်တော်တဲ့ ဈေးနှုန်းဟု ယူဆမိ ကြောင်း Kumpfက ဆက်လက်ပြောပါတယ်။

Ref: www.techcrunch.com

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *