Mobile

မြန်မာပြည်အတွက် သင့်တော်တဲ့ BlackBerryစမတ်ဖုန်း

BlackBerryရဲ့ ကာလရှည်ကြာစွာ လူပြောသူပြော များနေတဲ့ A10 Handsetကတော့ ထပ်ပြီး အပြင်ကို ပေါက်ကြားလာပြန် ပါပြီ။ ဒီတစ်ခါမှာတော့ Z30ပါ ပါ၀င် လာတယ်လို့ သိရပါတယ်။ ၅လက်မ အရွယ် AMOLED Displayမှာ 720p Resolutionနဲ့ Runပြီး Dual-Core Processor, 8MP Cameraတို့နဲ့ အတူ16GB Storageလည်း တပ်ဆင်ထားရှိပါတယ်။ Specsတွေကတော့ ရှေ့ကထွက်ခဲ့တဲ့ သတင်းတွေအတိုင်းပဲ ဖြစ်ပြီး အဆိုပါ Z30စမတ်ဖုန်းဟာ Samsungရဲ့ Galaxy S4ပုံစံနဲ့ HTC Oneရဲ့ Two-Tone Color Schemeတို့ကို ပေါင်းစပ်ထားတဲ့ ပုံစံဖြစ်နေပါတယ်။

“AT&T”ဆိုတဲ့ Logoကြီးက ဖုန်းရဲ့ အနောက်ဘက်မှာ ထင်ထင်ရှားရှားကြီး ဖြစ်နေတဲ့အတွက် ဒါဟာ USမှာ ပွဲထုတ်ပြသခဲ့တယ် ဆိုတာကို ဖော်ညွှန်းလျက် ရှိပါတယ်။ အဆိုပါဖုန်းကို ထုတ်လုပ်ဖြန့်ချိဖို့ ရက်အတိအကျကိုတော့ မထုတ်ပြန်သေးပါဘူး။ လက်ရှိ စမတ်ဖုန်းလောကမှာ BlackBerryကို တတိယနေရာ ပြန်ပို့ဖို့ အခွင့်အရေးအတွက် အဆိုပါ စမတ်ဖုန်းဟာ အချိန်မီထွက်ရှိ လာပါ့မလား ဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

တစ်လက်စတည်းနဲ့ သတင်းတွေထွက်ပြီး ဖုန်းထွက်မလာသေးတဲ့ BlackBerry A10အကြောင်းလည်း မြန်မာအိုင်စီတီပရိသတ်ကြီး သိရအောင် တင်ဆက်ပေးလိုက်ပါတယ်။

A10ဟာ BlackBerry 10.2 OSကိုအသုံးပြု မောင်းနှင်ထားပြီး Qualcomm MSM8960Pro Snapdragon Chipsetတပ်ဆင် ထားပါတယ်။ CPUကတော့ Dual-Core 1.7GHz Kraitဖြစ်ပြီး HTML5 Browserပါ၀င်ကာ ရေဒီယိုတော့ ပါ၀င်လာခြင်း မရှိပါဘူး။ စာပို့စနစ်တွေအနေနဲ့ SMS, MMS, Email, Push Email, IM, BBM 6တို့ကို အသုံးပြုနိုင်မှာ ဖြစ်ပြီး Accelerometer, Gyro, Proximity, Compass စတဲ့ Sensorတွေလည်း အပြည့်အစုံ ပါ၀င်လာပါတယ်။

အဓိက ကင်မရာမှာ 8MP, 3264×2448Pixelsနဲ့ AutoFocus, LED Flash, Geo-Tagging, Face Detection, Image Stabilizationစတဲ့ Featureတွေလည်း ပါ၀င်လာပါတယ်။ Videoတွေကို 1080p@30fps ရုပ်ထွက်အရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပြီး Video Stabilizationလည်း ပါ၀င်ပါတယ်။ ရှေ့ကင်မရာကတော့ 2MP တပ်ဆင်ထားပါတယ်။

Li-ion 2800 mAh Batteryတပ်ဆင်ထားပြီး GSM 850/900/1800/1900 Networkတွေအပြင် CDMAပါ သုံးလို့ရတာကြောင့် မြန်မာပြည်နဲ့ အထူးသင့်လျော်တဲ့ BlackBerryစမတ်ဖုန်း တစ်လုံးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် 3G Networkမှာ HSPDA, CDMA2000 1×EVDOနဲ့ 4G Networkမှာ ဆိုရင် LTEဗားရှင်း အားလုံးနဲ့ ချိတ်ဆက် အသုံးပြုနိုင်တယ်လို့ ဆိုထားပါတယ်။ Capactive Touch Screenဖြစ်ပြီး 720×1280 Pixels Resolutionနဲ့ Multi Touchလည်း ရပါတယ်။ မြင်ကွင်းအကျယ် ၅လက်မရှိပါတယ်။ SIM ကဒ်ကိုတော့ ကဒ်ချိုးထည့်ရမှာ ဖြစ်ပြီး Micro-SIMအသုံးပြုရမှာ ဖြစ်ပါတယ်။

2GB RAMတပ်ဆင်ပေးထားပြီး Internal Memoryအနေနဲ့ 16GB Storageပါရှိ ပါတယ်။ မလုံလောက်သေးဘူးဆိုရင် microSD Cardကို 64GBအထိ ထပ်မံထည့်သွင်း အသုံးပြုနိုင်ပါသေးတယ်။ Dataတွေ ကူးပြောင်းဖို့ GPRS, EDGEစနစ်တွေ အပြင် Wi-Fi 802.11 a/b/g/n, Dual Band, DLNAပါ၀င် ပါတယ်။ Bluetooth 4.0ဗားရှင်း ဖြစ်ပြီးတော့ microUSB 2.0နဲ့ NFCစနစ်လည်း ပါ၀င်ပါတယ်။ အရောင်ကတော့ အမည်းရောင်တစ်မျိုးပဲ ထုတ်မယ်လို့ သတင်းထွက်ထားပြီး HDMI Portလည်း ပါ၀င်တာကို တွေ့ရပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

One thought on “မြန်မာပြည်အတွက် သင့်တော်တဲ့ BlackBerryစမတ်ဖုန်း

  1. Myanmar ICT says:

    Like

Leave a Reply

Your email address will not be published. Required fields are marked *