How-to

Wikipediaကို Offline ဖတ်လို့ရအောင် ဒေါင်းမယ်

Wiikipedia ဆောင်းပါးတွေကို ဒေါင်းလုပ်လုပ်ပြီး Offline ဖတ်ချင်သူတွေအတွက် နည်းလမ်း မျှ​ဝေပါတယ်။ Kiwixဆိုတဲ့ Applicationက Android Phoneအပါအ၀င် Windows, Mac OS X and Linuxမှာ အသုံးပြုနိုင်ပြီး Wikipedia ဆောင်းပါးတွေကို ဒေါင်းလုပ်လုပ်ပေးနိုင်ပြီး Offline ဖတ်ရှုနိုင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။

အခု ဆောင်းပါးမှာတော့ ၀င်းဒိုး Clientကို အသုံးပြုပြီး ဆောင်းပါးတွေကို ဒေါင်းလုပ်လုပ်နည်းကို ရေးပါမယ်။ Kiwixကို ဒေါင်းပြီးရင် Installလုပ်ရမယ့် Versionနဲ့ Portable Versionဆိုပြီး နှစ်ခုတွေ့ပါမယ်။ နှစ်သက်ရာကို သုံးနိုင်ပါတယ်။ Kiwixကို ပထမဆုံး Runလိုက်ရင်  Librariesအသစ်တွေကို Checkလုပ်ဖို့ ပြောပါလိမ့်မယ်။ Checkလုပ်ပေးပါ။ ပြီးရင် နှစ်သက်ရာ Languageကို ရွေးပေးပါ။ ဒါဆိုရင် Name, File Sizeစတာတွေကို တွေ့မြင်ပြီး နှစ်သက်ရာကို Download Button နှိပ်ပြီး ဒေါင်းနိုင်ပါတယ်။

Myanmar Versionကို ဒေါင်းနေတဲ့ပုံကို အောက်မှာ တွေ့မြင်နိုင်ပါတယ်။ Pause, Resumeလည်း လုပ်နိုင်ပါတယ်။ ဆိုက်ကြီးတဲ့ ဖိုင်တွေကို နောက်နေ့တွေမှာ ဆက်ဒေါင်းဖို့လည်း Resumeရတဲ့အတွက် အဆင်ပြေပါတယ်။

Downloadပြီးရင် Wikiကိုကြည့်ရှုနိုင်ပြီး အောက်ကပုံမှာလို တွေ့ မြင်ရမှာပါ။

Downloadလုပ်ပြီးသား Wikipedia ဆောင်းပါးတွေကို Searchကနေ ရှာနိုင်သလို Browse Library button ကိုနှိပ်ပြီးလည်း ကြည့်ရှုနိုင်ပါတယ်။

ဒါ့အပြင် Kiwixမှာ Zoomလုပ်နိုင်တာတွေ၊ Full Screen ကြည့်နိုင်တာတွေ၊ Print ထုတ်နိုင်တာတွေ၊ နှစ်သက်တဲ့ ဆောင်းပါးတွေကို Bookmark လုပ်နိုင်တာတွေ၊ Word or Phrase အလိုက် ရှာနိုင်တာတွေလည်း ပါရှိပါသေးတယ်။ Download Kiwix @ http://www.kiwix.org/wiki/Software
 

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *