Apps

iOS 7 Beta 5က Final Version ဖြစ်ဖို့ ပိုနီးလာ

Apple Developer များအတွက် iOS 7 ရဲ့ Beta 4 Version ကို ဖြန့်ချိပြီး တစ်ပတ်ကျော်အကြာမှာတင် Apple က 150 MB အရွယ်အစားရှိ iOS 7 Beta 5 ကို ဖြန့်ချိ လိုက်ပြန်ပါပြီ။ iOS 7 Beta 4 တုန်းကတော့ အသုံးပြုသူမှ မြင်ရတဲ့ပုံစံကို ပြောင်းလဲပြင်ဆင်ခဲ့ပါတယ်။ ဒါ့အပြင် အရင်ကထွက်ခဲ့တဲ့ Beta Version တွေထက်ပိုပြီးတော့ Stable လည်းဖြစ်လာပါတယ်။ iOS မှာအသုံးအများဆုံး Free App တွေကို ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ်။ iosbeta3-vs-iosbeta5 အခုအသစ်ထွက်ရှိလာတဲ့ iOS 7 beta 5 ဗားရှင်းအသစ်မှာ Setting App ထဲကိုကြည့်လိုက်မယ်ဆိုရင်ေတာ့ Twitter Icon အသစ်လေးကို မြင်ရမှာ ဖြစ်ပြီး အခြား iconများကိုလည်း update လုပ်ထားပါတယ်။ ဒီ beta ဗားရှင်းမှာ ဘာတွေ ထူးထူးခြားခြား ပြောင်းလဲသွားလဲ ဆိုတာကိုလည်း ဆက်လက်လေ့လာနေပြီး ပြောင်းလဲတာလေးများရှိပါကလည်း ထပ်မံတင်ပြပေးေသွားပါ့မယ်။ Beta ဗားရှင်းကို ယခုလို ခဏချင်းအတွင်းမှာပင် ထုတ်လုပ်လိုက်တာကြောင့် “Final Product” ကို တွေ့မြင်ရတော့မယ်လို့ ခံစားနေရပြီ ဖြစ်ပါတယ်။ ဘယ်ဘက်က iOS 7 Beta 2 နဲ့ ညာဘက်မှာ Beta 3 ကို ယှဉ်ပြထားတာပါ။ ဖုန်းရဲ့ Lock Screen အပေါ်ဘက်မှာ Battery Icon က အနည်းငယ်ကြီးလာတာကို သတိထားမိကြမှာဖြစ်ပြီး ရက်စွဲအစား Battery Charging လို့ ပေါ်နေတာကို သတိထားမိမှာပါ။ Home Screenက Folder တွေ Transparent ပိုများနေတာတွေ့နိုင်ပါတယ်။ Command Center ကိုကြည့်လိုက်ရင်လည်း Transparent ပိုဖြစ်တာကို တွေ့ရမှာပါ။ “Helvetica Neue Light” ကနေ “Helvetica New Regular”ကို ပြောင်းလဲခဲ့ပါတယ်။ ပုံမှာ ကြည့်ရင် ညာဘက်က ပုံက Font တွေ ပိုထူနေတာကို သတိထားမိမှာပါ။ Weather App ကိုလည်း ပြောင်းလဲခဲ့ပါတယ်။ User အနေနဲ့ အသစ်အသုံးပြုထားတဲ့ Weather App မှာ မြို့တွေအများကြီးရဲ့ ရာသီဥတုတွေကို ဖျတ်ခနဲကြည့်ရုံနဲ့ သိနိုင်အောင် ညာဖက်အောက်ထောင့်မှာ List View Icon လေးထားရှိပေးထားပါတယ်။ App တွေရဲ့ Notification တွေလည်း အနည်းငယ် ပြောင်းလဲသွားတာကို တွေ့နိုင်ပါတယ်။ Message app လည်း ပြောင်းလဲသွားပါတယ်။  Helvetica Neue Fontကို OS တစ်ခုလုံးမှာ  ပြင်ဆင်အသုံးပြုခဲ့လို့ ဖြစ်ပါတယ်။ Setting ထဲမှာလည်း App Icons တွေ ပိုပြီး ပြားပြားချပ်ချပ် ရှိလာပါတယ်။ အောက်ခြေမှာရှိတဲ့ “Top Charts” Button နဲ့ ညာဖက်အပေါ်ထောင့်မှာရှိတဲ့ Wishlist View Iconတို့ ကွာခြားပြောင်းလဲသွားပါတယ်။ အသစ်ပြောင်းလဲလိုက်တဲ့ စာလုံးထူတဲ့ Font ကြောင့် Note တွေ ရေးမှတ်တဲ့နေရာမှာ ပိုပြီး ဖတ်ရှုရလွယ်ကူစေပါတယ်။ “iTunes Radio” ရဲ့ အောက်ခြေက Playlists Icon လေးလည်း ပြောင်းလဲသွားတာကို တွေ့ရမှာပါ။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *