How-to

Softwareတွေကို သုံးချင်တဲ့အချိန် ပြန်သုံးနိုင်အောင်

Installing app to phone

ဖုန်းတစ်လုံးထဲမှာ အသုံးပြုတဲ့ Software တစ်ခုဟာ ကိုယ့်အတွက် အလွန်အသုံး၀င်နေတယ်၊ မရှိမဖြစ်အသုံးပြုတဲ့ Software တစ်ခုဖြစ်နေတယ်ဆိုရင် ကိုယ်ကလဲ အဲ့ဒီ Softwareကို ဖျက်လိုက် ပြန်ထည့်လိုက် မလုပ်ချင်ဘူးဆိုရင်၊ ဘယ်အချိန်ပြန်သုံးသုံး အဆင်သင့်ဖြစ်နေအောင် လုပ်နိုင်တဲ့ နည်းလမ်းရှိပါတယ်။ Facebook လိုလူသုံးများတဲ့  Apk တစ်ခုကို Factory Resetချပြီးတိုင်း ပြန်သွင်းနေရရင် အဆင်ပြေတော့ ပြေနိုင်ပါတယ်။

ဒါပေမဲ့ Software အလွယ်တကူ မရှိတဲ့အခါ အဆင်မပြေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဘယ်လို အခြေအနေမှာဘဲဖြစ်ဖြစ် ကိုယ်အသုံးပြုမဲ့ Apk တစ်ခုကို Firmwareထဲမှာ တစ်ပါရှိနေအောင် ထည့်ပေးထားရင် အဆင်ပြေပါတယ်။ ကျွန်တော်ပြောတဲ့နည်းက အရင်တစ်ပတ်က ပြောပြခဲ့သလိုပါပဲ။ အရင်တစ်ပတ်ကတော့ ဇော်ဂျီဖောင့် သွင်းတဲ့နည်း ပြောပြခဲ့တာပါ။ လုပ်ထုံးလုပ်နည်းကတော့ အတူတူပါပဲ။ လိုအပ်တာတွေ ပြန်ပြောပြပေးပါမယ်။ လိုအပ်တာတွေက ကိုယ်အသုံးပြုမယ့် Apk တစ်ခုရှိရမယ်၊ File Explorer ရှိရမယ် ဒါပါပဲ။

ဘယ်လိုလုပ်ရမလဲဆိုတာပါ ပြန်ပြောပြပေးပါမယ်။ လိုအပ်တယ်ဆိုတဲ့ Apk တွေ၊ File Explorer တွေကို SD Cardထဲ ကူးထည့်ထားပေးပါ။ File Explorerကို အရင် Install လုပ်ပါ။ ပြီးရင် File Explorerကို ဖွင့်လိုက်ပါ၊ Android> System Fileထဲကို ကိုယ်အသုံးပြုမယ့် Softwareကို ကူးထည့်ထားပေးပါ။ ပြီးသွားရင် စက်ပိတ်ပြီးပြန်ဖွင့်လိုက်ရင် Install လုပ်ပြီးသား Apk တစ်ခုကို တွေ့ရပါလိမ့်မယ်။ ကျွန်တော်ပြောပြပေးတဲ့ နည်းက Firmwareထဲမှာ အသေပါသွားတာပါ။ တကယ်လို့ အသုံးမလိုတော့တဲ့ အခါ ပြန်ဖျက်ချင်ရင် File Explorer> System File ထဲကနေပဲ ပြန်ဖျက်မှ ရမှာဖြစ်ပါတယ်။ ကျန်တဲ့ ဘာError မှမရှိပါဘူး။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *