Apps, News

၂၀၁၃ ခုနှစ်ရဲ့ “Top 10” iPhone, iPad Application တွေကို Apple က ကြေညာလိုက်ပြီ

Apple ဟာ ၂၀၁၃ ခုနှစ်အတွက် Top အဖြစ်ဆုံးသော Applications တွေကို ကြေညာခဲ့ပါတယ် ။ အဲဒီ့ အထဲမှာမှ King.com က တီထွင်ထုတ်လုပ်ထားတဲ့ Candy Crush Saga ကတော့ US မှာ Download အလုပ်ခံရဆုံး iPhone, iPad Application ဖြစ်တယ်လို့ သိရပါတယ် ။ Apple ဟာ တစ်နှစ်တာအတွက် Download အလုပ်ခံရဆုံး စာရင်းကို တနင်္လာနေ့က တရား၀င်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ် ။ ဒါပေမဲ့ Apple ဟာ Download Figure တွေကို တိတိကျကျတော့ ထုတ်ပြန်ခဲ့တာမဟုတ်ပါဘူး ။

iPhone နဲ့ iPad အတွက် ”Top 10” Free Application နဲ့ Paid Application List တွေအပါအ၀င် မတူညီတဲ့ခေါင်းစဉ် အမျိုးအစားကွဲ များအတွက်လည်း “Top 10” စာရင်းတွေကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ် ။ Minecraft-Pocket Edition ကတော့ Paid Application “Top 10” စာရင်းထဲမှာ ထိပ်ဆုံး နေရာကိုရယူနိုင်ခဲ့တာဖြစ်ပါတယ် ။

ဓာတ်ပုံတွေကို Share လုပ်ပေးပြီးနောက် အဲ့ဒီ ဓာတ်ပုံတွေကို လက်ခံသူ ကြည့်ရှု့ပြီးတာနဲ့ အလိုအလျှောက်ပြန်ဖျက်ပေးနိုင်တဲ့ Snap Chat ဆိုတဲ့ Application ဟာ Facebook နဲ့ Instagram တို့ထက် Download လုပ်ခံရတဲ့ အကြိမ်အရေတွက်ဟာ များပြားခဲ့ပါတယ် ။ Twitter ကတော့ iPhone, iPad တို့ရဲ့ ဘယ် “Top 10” စာရင်းမှာမှ မပါခဲ့ပါဘူး ။ ဒီလို “Top 10” စာရင်းဇယားတွေကို လေ့လာခြင်းအားဖြင့် ဘယ် Application တွေဟာ iPhone, iPad အသုံးပြုသူတွေကို ပိုပြီးဆွဲဆောင်မှုရှိတယ်ဆိုတာကို လေ့လာ သိရှိနိုင်ပါတယ် ။ စာရင်းများအရဆိုရင်တော့ iPad အသုံးပြုသူတွေဟာ Game တွေကို အဓိက ဆော့ကစားတယ် လို့ သိရှိရပါတယ် ။ ၂၀၁၃ ခုနှစ်အတွင်းမှာ iPad တွေကနေ ၀င်ငွေအများဆုံးရရှိတဲ့ Application တွေကတော့ DoubleDown Casino, Big Fish Casino, and Slotomania HD စသည့် လောင်းကစားနဲ့ ဆက်စပ်တဲ့ Game များပဲဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က iPhone နဲ့ iPad တွေရဲ့ Popular အဖြစ်ဆုံး Application တွေကတော့ YouTube နဲ့ Skype တို့ပဲ ဖြစ်ကြပါတယ် ။ ဒီနှစ်မှာလည်း YouTube နဲ့ Skype တို့ဟာ Top Five ထဲမှာ ပြန်လည် ပါ၀င်ခဲ့ပါတယ် ။

Top free apps for iPhone

1. Candy Crush Saga
2. YouTube
3. Temple Run 2
4. Vine
5. Google Maps
6. Snapchat
7. Instagram
8. Facebook
9. Pandora Radio
10. Despicable Me: Minion Rush

Top paid apps for the iPhone

1. Minecraft
2. Heads Up!
3. Temple Run: Oz
4. Angry Birds Star Wars
5. Plague Inc.
6. Afterlight
7. Free Music Download Pro – Mp3 Downloader
8. Bloons TD 5
9. Sleep Cycle alarm clock
10. Plants vs. Zombies

Top free apps for the iPad

1. Candy Crush Saga
2. YouTube
3. Temple Run 2
4. Calculator for iPad Free
5. Skype for iPad
6. Netflix
7. Despicable Me: Minion Rush
8. iBooks
9. Facebook
10. The Weather Channel for iPad

Top paid apps for the iPad

1. Minecraft – Pocket Edition
2. Pages
3. Temple Run: Oz
4. Plants vs. Zombies HD
5. Angry Birds Star Wars HD
6. Notability
7. Angry Birds Star Wars II
8. iMovie
9. The Room
10. Bad Piggies HD

Top Grossing iPhone Apps

1. Candy Crush Saga
2. Clash of Clans
3. Pandora Radio
4. MARVEL War of Heroes
5. Hay Day
6. Big Fish Casino
7. The Simpsons: Tapped Out
8. Modern War
9. Kingdoms of Camelot: Battle for the North
10. The Hobbit: Kingdoms of Middle-earth

Top Grossing iPad Apps

1. Candy Crush Saga
2. Clash of Clans
3. Hay Day
4. DoubleDown Casino
5. Big Fish Casino
6. Modern War
7. Bingo Bash HD – Free Bingo Casino
8. The Simpsons: Tapped Out
9. Slotomania HD – FREE Slots
10. GSN Casino

Apple ဟာ Application တွေကိုပဲ ရွေးချယ်ခဲ့တာ မဟုတ်ပါဘူး ။ Apple Company ဟာ Entertainment တွေမှာ Top ဖြစ်ခဲ့တာတွေကိုလည်း အောက်ပါအတိုင်း ရွေးချယ်ခဲ့ပါတယ် ။

• Song of the Year — Royals by Lorde
• Music Album of the Year — The Heist by Macklemore & Ryan Lewis
• Movie of the Year – Gravity
• Show of the Year — Breaking Bad

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *