Apps, Featured, News, Review

၂၀၁၄မှာ ထွက်ရှိခဲ့တဲ့ ကလေးများအတွက် အကောင်းဆုံး iPad Appsများ

၂၀၁၄မှာ ထွက်ရှိခဲ့တဲ့ ကလေးများအတွက် အကောင်းဆုံး iPad Appsများ

1. Jack and the Beanstalk by Nosy Crow (£2.99)
2. Toca Nature (£1.99)
3. Sago Mini Road Trip (£1.99)
4. ScratchJr (Free)
5. Night Zookeeper (Free + optional subscription)
6. Teach Your Monster to Read: First Steps (£2.99)
7. Noisy Neighbours by Ruth Green: Tate Read & Play (£2.99)
8. Skylanders Trap Team (Free, separate pack needed)
9. Twelve a Dozen (£1.49)
10. Nosy Crow Jigsaws (Free + in-app purchases)
11. Star Walk Kids (£0.69)
12. LumiKids Park by Lumosity (Free)
13. Endless Wordplay (Free + in-app purchases)
14. Curious Words (£1.49)
15. Toca Boo (£1.99)
16. Mickey’s Magical Maths World (Free + in-app purchases)
17. Tynker (Free + in-app purchases)
18. Makies Fashion (£1.99)
19. Toca Town (£1.99)
20. Gruffalo: Games (£0.69)
21. Dino Dog – A Digging Adventure with Dinosaurs (£1.49)
22. CBeebies Storytime (Free)
23. Dinosaur Mix (£1.99)
24. Dr Panda’s Toy Cars (£0.69)
25. Gory Games TV Play-along (Free)

1. Jack and the Beanstalk by Nosy Crow (£2.99)
ဗြိတိန် စာအုပ်နဲ့ Appsထုတ်ဝေသူ Nosy Crowက လှပတဲ့ပုံပြင် Appsမျိုးဆက်သစ်ကို ဖြန့်ချီခဲ့ပါတယ်။ စာဖတ်ခြင်းကို အားပေးတဲ့ Appဖြစ်ပါတယ်။ Jack and the Beanstalkက သူတို့ရဲ့ အကောင်းဆုံး အားထုတ်မှုဖြစ်ပြီး ပုံပြောတာနဲ့ ဂိမ်းကစားတာကို ရောစပ်ထားပါတယ်။ လူကြီးတွေက ပုံပြောပြတာ မဟုတ်ဘဲ ကလေးတွေက ကလေးတွေကို ပုံပြောပြတဲ့ အသံတွေကို ထည့်သွင်းပေးထားပါတယ်။

2. Toca Nature (£1.99)
ကလေး Apps Brandတွေထဲမှာ အယုံကြည်ရဆုံးထဲက တစ်ခုဖြစ်တဲ့ Toca Bocaက ၂၀၁၄မှာလည်း အကောင်းမွန်ဆုံးတွေကို လုပ်ပြခဲ့ပါတယ်။ Toca Natureက သူ့ရဲ့ ထူးချွန်တဲ့ Appဖြစ်ပါတယ်။ ကလေးတွေက သစ်ပင်တွေကို ကြီးထွားဖွံ့ဖြိုးအောင်၊ တောင်တွေကို ချွန်မောက်အောင်၊ မြစ်ချောင်းတွေကို တူးဖော်ပြီး အသက်၀င်အောင် ရေးဆွဲခြယ်မှုန်းရမှာပါ။ ကလေးတွေက သူတို့ရဲ့ သဘာ၀ပတ်၀န်းကျင်လေးကို စွဲဆောင်မှုရှိအောင် ပြုလုပ်နိုင်ပါတယ်။

3. Sago Mini Road Trip (£1.99)
Sago Sagoက Toca Bocaရဲ့ မူကြိုအရွယ်အတွက် ဗားရှင်းဖြစ်ပါတယ်။ သူ့ရဲ့ Appအားလုံးဟာ ကလေးတွေအတွက်တော့ အသုံး၀င်ပါတယ်။ Sago Mini Road Tripမှာ ရောင်စုံကာတွန်းကြောင်နဲ့ သူ့သူငယ်ချင်းများက ကားမျိုးစုံနဲ့ ခရီးသွားရမှာ ဖြစ်ပါတယ်။

4. ScratchJr (Free)
ကလေးတွေ ကျောင်းမှာ ကွန်ပျူ တာ ပရိဂရမ်းမင်းလေ့လာတဲ့အခါမှာ Scratchက နာမည်အကြီးဆုံး ဘာသာစကားပါ။ ScratchJrက Scratchကို ဖန်တီးတဲ့ MITနဲ့ ပူးပေါင်းပြီးဒီနှစ်ထဲမှာ တက်ဘလက်တွေအတွက် ထုတ်လုပ်ပေးလိုက်တာ ဖြစ်ပါတယ်။ ကလေးတွေက ကုဒ် အပိုင်းအစတွေကို စီစဉ်နေရာချပြီး ဇာတ်လမ်းတွေ ဖန်တီးရမှာပါ။

5. Night Zookeeper (Free + optional subscription)
Night Zookeeperကိုတော့ ဒေါင်းလုပ်လုပ်လို့ မရပါဘူး။ သူကတော့ ၀က်ဆိုက်ဖြစ်ပြီး တက်ဘလက်တွေနဲ့ ကစားရမှာပါ။ ကလေးတွေအနေနဲ့ တိရိစ္ဆာန်ရုံမှာ အကောင်တွေကို ရေးဆွဲဖြည့်ဆည်းရမယ့် ဖန်တီးမှု စတူဒီယို တစ်စိတ်တစ်ပိုင်းနဲ့ ဂိမ်းတစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ ကလေးတွေက သူတို့ကိုယ်တိုင် ဇာတ်လမ်းတွေ ဖန်တီးနိုင်မှာပါ။ မိဘတွေက Zookeeper Packကို ၀ယ်ယူနိုင်ပါတယ်။
https://www.youtube.com/watch?v=1KfbM2UQvSI
6. Teach Your Monster to Read: First Steps (£2.99)
နာမည်ကြီး ပညာသင်ကြားရေး ၀က်ဆိုက်ကို အခြေခံထားတဲ့ Teach Your Monster to Readဟာ ကျောင်းမှာ သင်ကြားတာကို အထောက်အကူဖြစ်စေမယ့် Phonicsကို မိတ်ဆက်ပေးတဲ့ ကောင်းမွန်တဲ့ Appဖြစ်ပါတယ်။ သင့်ကလေးတွေကို အကောင်တွေနေရာက ကစားခိုင်းမှာ မဟုတ်ဘဲ အကောင်တွေ စာဖတ်တတ်အောင် သင်ကြားပေးရသူနေရာက ကစားရမှာပါ။

7. Noisy Neighbours by Ruth Green: Tate Read & Play (£2.99)
ပန်းချီနယ်ပယ်ကနေ ၂၀၁၄မှာ ကလေး Appsများစွာကို ဖြန့်ချီပေးခဲ့ပါတယ်။ Tateမှ Noisy Neighboursကတော့ ကလေးတွေရော မိဘတွေပါ အကြိုက်တွေ့ကြပါတယ်။ Ruth Greenရဲ့ စာအုပ်ကို အခြေခံထားပြီး Appက Sid the Snailရဲ့ ပုံပြင်ကို ပြောပြပြီး ကလေးတွေကို ချော့သိပ်မှာပါ။ ကလေးတွေက ပုံပြင်ထဲမှာ ပါဖို့ သူတို့ရဲ့ အသံကို ဖမ်းယူနေစဉ်မှာပဲ ပုံတွေကို ဆွဲနိုင်ပါတယ်။

8. Skylanders Trap Team (Free, separate pack needed)
Skylanders Trap Teamကတော့ အထင်ကြီးစရာပါ။ ဂိမ်းစက်အဆင့်နဲ့ တူညီစွာ ဖန်တီးပေးထားပြီး ကလေးတွေက အရုပ်လိုမျိုးကစားနိုင်တဲ့ Joypadနဲ့ Standကို ပြုလုပ်ပေးထားပါတယ်။ ဂိမ်းက အခမဲ့ ဖြစ်ပေမယ့် အားလုံး ကစားချင်ရင် Tablet Starter Packကို ၀ယ်ယူရမှာပါ။

9. Twelve a Dozen (£1.49)
Developer Bossa Studiosက လူကြီးတွေအတွက် Thomas Was Aloneနဲ့ Surgeon Simulatorတို့လို ဂိမ်းတွေကြောင့် နာမည်ကြီးပါတယ်။ Twelve a Dozenက ကွဲပြားပါတယ်။ ကလေးတွေရဲ့ သင်္ချာစွမ်းရည်ကို ကူညီပေးဖို့ အာရုံစိုက်ထားတဲ့ ပညာသင်ကြားရေး Appတစ်ခုပါ။

10. Nosy Crow Jigsaws (Free + in-app purchases)
Nosy Crowရဲ့ နောက်ထပ် Appတစ်ခုပါ။ ဒါပေမယ့် ဒီတစ်ခါမှာတော့ ပုံပြင်မဟုတ်ပါဘူး။ ကုမ္ပဏီရဲ့ Appsနဲ့ စာအုပ်များစွာမှ အနုပညာလက်ရာတွေကို အသုံးပြုထားတဲ့ Digital Jigsaws Appဖြစ်ပါတယ်။ ထိတွေ့မျက်နှာပြင်ပေါ်မှာ Puzzlesတွေကို စုစည်းရတဲ့ အိုင်ဒီယာကို ရယူထားတဲ့ အကောင်းဆုံး ကြိုးစားမှုတွေထဲက တစ်ခုပါ။ Nosy Crow Jigsawsမှာ in-app purchasesလည်း ပါရှိပါတယ်။ မိဘတွေက in-app storeကနေ Jigsawsအပိုတွေကို ၀ယ်ယူနိုင်ပေမယ့် အခြား Nosy Crow Appsများကို ၀ယ်ထားပြီးသားဆိုရင် Puzzlesတွေကို အခမဲ့ သုံးနိုင်ပါတယ်။

11. Star Walk Kids (£0.69)
Star Walk Appsနှစ်ခုကို ညအချိန်ကောင်းကင်ကို ကြည့်ရှုတာကို အသုံးပြုရင်း လူကြီး သန်းပေါင်းများစွာက သဘောကျကြပါတယ်။ ဒီနှစ်မှာတော့ Developerက ကလေးတွေအတွက် သီးခြား Appကို ပြုလုပ်ပေးလိုက်ပါတယ်။ Star Walk Kidsဟာ လူကြီး Appကို ဒီဇိုင်းပြန်ပြင်ထားတာဖြစ်ပြီး စကြဝဠာနဲ့ ပတ်သက်တဲ့ ဗီဒီယိုအတိုလေးတွေနဲ့ ကြယ်တာရာတွေအကြောင်းကို iPadကနေ ကလေးတွေ လေ့လာနိုင်အောင် ကူညီပေးပါတယ်။

12. LumiKids Park by Lumosity (Free)
နောက်ထပ် လူကြီးAppကို ကလေးအတွက် ပြုလုပ်ပေးထားတဲ့ Appတစ်ခုပါ။ Lumosityဟာ ဦးနှောက်လေ့ကျင့်ခန်းအတွက် အသုံးပြုနေကြတဲ့ လူ သန်းနဲ့ချီရှိပါတယ်။ ဒါပေမယ့် LumiKids Parkဟာ ကလေးတွေအတွက် ရည်ရွယ်တာပါ။ စီစဉ်တာ ၊ အာရုံစိုက်တာတို့လို အဓိက စွမ်းရည်တွေကို ကျင့်သားရအောင်ကူညီပေးဖို့ ရိုးရှင်း အရောင်စုံတဲ့ ပညာသင်ကြားရေး Mini Gamesတွေပါရှိပါတယ်။

13. Endless Wordplay (Free + in-app purchases)
Developer Originatorရဲ့ Appsတွေအားလုံးဟာ လေ့လာထိုက်ပါတယ်။ Endless Wordplayက Endless Alphabet, Endless Reader and Endless Numbersတို့နောက်က ထွက်ရှိလာတာပါ။ နောက်ဆုံးထွက် ဒီAppဟာ ပဟေဌိဖြစ်စေတဲ့ အကောင် စစ်တပ်နဲ့ အတူ စကားလုံးတည်ဆောက်တာ၊ အသံထွက်တာကို အာရုံစိုက်ထားတာဖြစ်ပါတယ်။ စကားလုံး ကိုးခုကို အခမဲ့ထည့်သွင်းပေးထားပြီး အခြား Packတွေကို တစ်ခုလျှင် ယူရို ၂.၉၉ နဲ့ ၀ယ်ယူနိုင်ပါတယ်။

14. Curious Words (£1.49)
နောက်ထပ် လေ့လာသင့်တဲ့ Developerကတော့ Curious Hatပါ။ သူက ကလေးတွေကို Deviceတွေနဲ့ ကစားတာထက် တကယ့် လက်ရှိ ကမ္ဘာထဲကို ဆွဲခေါ်နိုင်အောင် ရည်ရွယ်ထားတဲ့ ဖန်တီးမှု Appတွေကို ထုတ်လုပ်ပေးတတ်သူပါ။ Curious Words ကတော့ အကောင်းဆုံး ဥပမာပါ။ Appမှာ ကလေးတွေက ကြုံရာကျပန်း စကားလုံးတွေပေါ် အခြေခံပြီး တစ်စက္ကန့်စာ ဗီဒီယိုတစ်ခုကို ပြုလုပ်ရပါတယ်။ ပြီးရင်တော့ ဗီဒီယိုတွေကို ရုပ်ရှင်အသေးစားလေးအဖြစ် ပြောင်းလဲပေးပါတယ်။ ကလေးတွေအတွက် ပျော်စရာကောင်းပြီး လူကြီးတွေတောင် ပူးပေါင်း ပါ၀င်နိုင်ပါတယ်။

15. Toca Boo (£1.99)
Toca Booကတော့ Halloweenအတွက် ထုတ်လုပ်ပေးထားပုံပေါ်ပါတယ်။ ဒါပေမယ့် တစ်နှစ်ပတ်လုံး ကစားနိုင်အောင် စွဲဆောင်မှုတွေ ရှိနေပါတယ်။ ကလေးတွေက Bonnieအမည်ရ မိန်းကလေးတစ်ယောက်အနေနဲ့ ကစားရမှာပါ။ Bonnieက Booလို့ အော်ဟစ်ပြီး အိမ်အနှံ့လျှောက်သွားပြီး မိသားစု၀င်တွေကို ခြောက်လှန့်နေတဲ့သူပါ။ တကယ်ရီရပြီး ဒီဇိုင်းလှပပါတယ်။

16. Mickey’s Magical Maths World (Free + in-app purchases)
Disneyရဲ့ ပညာသင်ကြားရေး Apps စီးရီး အသစ်ထဲက ပထမဆုံး တစ်ခုပါ။ Mickey’s Magical Maths World ဟာ Mickey, Minnie, Donald, Daisy and Goofyတို့ပါတဲ့ သင်္ချာ Mini Gameငါးခုကို ပေါင်းစုထားတာပါ။ Featureအချို့ကို အခမဲ့ ဒေါင်းလုပ်လုပ်ခွင့်ပေးထားပေမယ့်  ကျန်တာတွေကို မိဘတွေက ၀ယ်ယူနိုင်ပါတယ်။

17. Tynker (Free + in-app purchases)
မူကြိုအရွယ်ကလေးငယ်တွေအားလုံးဟာ သင်ရိုးညွှန်းတမ်းရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ ကွန်ပျူ တာ ပရိုဂရမ်းမင်း စွမ်းရည်ကို ( အနည်းဆုံး Algorithm Thinking)ကို အခုလက်ရှိမှာ သင်ယူနေကြပါတယ်။ Tynkerက ကလေးတွေ အိမ်မှာ လေ့ကျင့် သင်ကြားနိုင်ဖို့ ရည်ရွယ်ထားတဲ့ Appတွေထဲက တစ်ခုပါ။ ကုဒ်ပဟေဌိများ ပါရှိပြီး ကလေးတွေကို ပရိုဂရမ်းမင်း သင်ကြားပေးပါတယ်။ သူတို့ကိုယ်ပိုင် ဂိမ်းတွေ ဖန်တီးဖို့ Sandbox Modeပါရှိပါတယ်။ အပို ပဟေဌိတွေကိုတော့ ၀ယ်ယူရမှာပါ။

18. Makies Fashion (£1.99)
ကလေးတွေကို ဒစ်ဂျစ်တယ် အ၀တ်အစားတွေ ဆင်မြန်းပေးတဲ့ Appများစွာ ရှိပေမယ့် သိပ်မကောင်းကြပါဘူး။ Makies Fashionကတော့ အဲဒီထဲမှာ အကောင်းဆုံးပါ။ ကလေးတွေက ကိုယ်တိုင် အ၀တ်အစားလေးတွေ ဖန်တီးနိုင်ပြီး သူတို့ကိုယ်မှာ ဆင်မြန်းနိုင်မှာပါ။ ပြီးရင်တော့ ဓါတ်ပုံရိုက်ပြီး သိမ်းထားနိုင်ပါတယ်။ ကလေးတွေ ကျွမ်းကျင်လာတာနဲ့ အမျှ သူတို့ရဲ့ အရည်အချင်းတွေ တိုးတက်လာမှာပါ။

19. Toca Town (£1.99)
Toca Townမှာ ဇာတ်ကောင်များစွာ ပါရှိပါတယ်။ တစ်ချို့က ကုမ္ပဏီရဲ့ အရင် Appတွေမှာ ပါရှိပြီးသားဖြစ်ပါတယ်။ ကလေးတွေက သူတို့ကို နေရာပြောင်းရွှေ့နိုင်ပြီး အရာ၀တ္ထုတွေနဲ့လည်း ကစားနိုင်ပါတယ်။ လက်တွေ့မှာ ဖြစ်ပျက်နေတာကို သူတို့ကိုယ်ပိုင် ပုံပြင်တွေ အဖြစ် ဖန်တီးနိုင်ပါတယ်။ ကလေးတိုင်းဟာ သူတို့နှစ်သက်တဲ့ ဇာတ်ကောင်နဲ့ တည်နေရာတွေကို ရှာဖွေနိုင်ပါတယ်။

20. Gruffalo: Games (£0.69)
Gruffaloဟာ ၂၀၁၄မှာ သူ့ကိုယ်ပိုင် Appကို ဖန်တီးနိုင်ပါပြီ။ ဒါပေမယ့် Appက Julia Donaldsonရဲ့ ပုံပြင်ကို ပြန်ပြောမှာ မဟုတ်ပါဘူး။ အဲဒီအစား Gruffalo: Gamesဟာ Julia Donaldsonရဲ့ ကမ္ဘာနဲ့ ဇာတ်ကောင်များ အပေါ် အခြေခံထားတဲ့ Mini Gamesများဖြစ်ပါတယ်။

21. Dino Dog – A Digging Adventure with Dinosaurs (£1.49)
Dino Dogဟာ ၂၀၁၄ ခုနှစ်ရဲ့ စိတ်၀င်စားစရာအကောင်းဆုံး ကလေးApp Trendsထဲက တစ်ခုပါ။ ကလေးတွေကို ပုံပြောပြရာမှာ စာအုပ်တစ်အုပ်လို ဂိမ်းတစ်ခုလို လှုပ်ရှားသက်၀င်နေတဲ့ အရုပ်တစ်ခုလို မဟုတ်ဘဲ ဒါတွေအားလုံးကို အချိုးညီညီ ပေါင်းစပ်ထားပါတယ်။

22. CBeebies Storytime (Free)
ဗြိတိန်တစ်နိုင်ငံတည်းကသာ ကစားနိုင်တဲ့ CBeebies Storytimeရဲ့ မူကြို channel CBeebiesရဲ့ ဒုတိယမြောက် Appဖြစ်ပါတယ်။ CBeebies Playtimeမှ ဂိမ်းတွေထက် ဒစ်ဂျစ်တယ် ပုံပြင်တွေကို စုပေါင်းပေးထားပါတယ်။ Sarah and Duck, Peter Rabbit and Charlie and Lola starအပါအ၀င် နာမည်ကြီး ဇာတ်ကောင်များ ပါရှိပြီး ကလေးနဲ့ မိဘဆွေးနွေးနိုင်အောင် မေးခွန်းတွေထည့်သွင်းထားတဲ့ ပုံပြင်တွေပါရှိပါတယ်။

23. Dinosaur Mix (£1.99)
Dinosaursများစွာ ပါရှိပါတယ်။ ဗြိတိန် Developer Cowly Owlရဲ့ ကလေးငယ်များအတွက် လက်ရာပါ။ Dinosaur Mixမှာ အသားနဲ့ သစ်ရွက်တွေကို တစ်ကျွတ်ကျွတ်ဝါးနေတဲ့ ဒိုင်နိုဆောတစ်ကောင်ပါရှိပါတယ်။ ဥတွေလည်း ပေါ်ပေါ်လာတတ်ပါတယ်။ ကလေးတွေက ဒိုင်နိုဆောရဲ့ ခန္တာကိုယ်ကို ရုပ်လုံးပေါ်အောင် အစိတ်အပိုင်းတွေကို တွဲဆက်ကစားရမှာပါ။

24. Dr Panda’s Toy Cars (£0.69)
Dr Pandaက ပရောဖက်ရှင်တွေကို ယှဉ်ပြိုင်နိုင်တဲ့ ကလေး Appsများစွာ ဖြန့်ချီပေးထားတဲ့ နာမည်ကြီး ကလေး App Brandတစ်ခုပါ။ Dr Panda’s Toy Carsမှာ ကလေးတွေဟာ မြို့များမှာ ကားအမျိုးမျိုးကို မောင်းနှင်ရမှာပါ။ ဇာတ်လမ်းထည့်သွင်းပေးထားခြင်းမရှိတာက ကလေးတွေအတွက် သူတို့ ပုံပြင်တွေကို ပြောပြလို့မရပါဘူး။

25. Gory Games TV Play-along (Free)
နောက်ထပ် BBC Appပါ။ အခုတော့ ဗြိတိန်မှ ကလေးတွေသာ ကစားနိုင်တာပါ။ Gory Games TV Play-along ဟာ ကလေးတွေ တီဗီရှိုးကြည့်နေစဉ်မှာ ကစားရတာ ဖြစ်ပါတယ်။ ကလေးတွေက မေးခွန်းတွေကို ဖြေဆိုပြီး အခြားပြိုင်ဖက်တွေနဲ့ တိုက်ရိုက်ယှဉ်ပြိုင်ရတာပါ။ ပြိုင်ဖက်တွေကိုလည်း ဖုန်း၊ တက်ဘလက်မှာ တိုက်ရိုက် မြင်နေရမှာပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *