Featured, News, Review

Appleက အောက်တိုဘာလ ၁၆ ရက်နေ့မှာ ပြုလုပ်မယ့် iPad Eventအတွက် ဖိတ်စာများကို ပေးပို့

Appleက အောက်တိုဘာလ ၁၆ ရက်နေ့မှာ ပြုလုပ်မယ့် iPad Eventအတွက် ဖိတ်စာများကို ပေးပို့

Appleက iPadအသစ်တွေကို ပြသမယ်လို့ သတင်းထွက်ပေါ်နေတဲ့ အောက်တိုဘာလ ၁၆ ရက်နေ့ကတော့ အမှန်တကယ် ဖြစ်လာပါပြီ။ Appleက သူ့ရဲ့ ရုံးချုပ်တည်ရှိရာ အမေရိကန် ပြည်ထောင်စု Califပြည်နယ် Cupertinoမြို့ကို လာရောက်ဖို့ ဂျာနယ်လစ်တွေကို ဖိတ်ကြားလိုက်ပြီလို့ Cnetက သတင်းရေးသားထားပါတယ်။ အဲဒီပွဲမှာ CEO Tim Cookနဲ့ သူ့ရဲ့ အရာရှိတွေဟာ တက်ဘလက် အသစ်တွေကို ပြသကြတော့မှာပါ။

Appleက iPhone အသစ်တွေနဲ့ စမတ်နာရီကို ပြီးခဲ့တဲ့လက ပွဲမှာ ပြသပြီးနောက်မှာ iPad အသစ်များကို ပွဲထုတ်တော့မှာပါ။ အဲဒီပွဲမှာ Macsအသစ်တွေကိုတောင် ကြေညာနိုင်ပါတယ်။ Appleဟာ OS X Desktop Operating Systemရဲ့ နောက်ဆုံး ဗားရှင်းဖြစ်တဲ့ Yosemiteကို အာရုံစိုက်ထားတယ်လို့ မျှော်လင့်ရပါတယ်။ အွန်လိုင်းပေါ်မှာလည်း iPad Air 2ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်နေတာ ပလူပျံနေပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ တည်ထောင်သူ Steve Jobsက လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ် အကြာက Macintoshကို မိတ်ဆက်ခဲ့တဲ့ Flint Center စင်မြင့်ပေါ်မှာ Appleဟာ လွန်ခဲ့တဲ့လကပဲ အသစ်ဆုံးနဲ့ အကြီးဆုံး iPhoneတွေကို မိတ်ဆက်ခဲ့ပြီးပါပြီ။ အခုတစ်ကြိမ်မှာတော့ Appleအဖွဲ့ဟာ တက်ဘလက်အသစ်တွေကို သူ့ရဲ့ Infinite Loop Campusရှိ Town Hallမှာပဲ ပြသတော့မှာပါ။

အောက်တိုဘာလ ၁၆ ရက်နေ့မှာ ပြသမယ့် Appleရဲ့ iPad အသစ်တွေကို မျှော်လင့်စောင့်စား ရင်ခုန်ကြပါစို့။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *