Mobile, News

Huawei ရဲ့ ပထမဆုံး Eight-Core Processor သုံး Honor 3X

Huawei ဟာ သူ့ရဲ့ ပထမဆုံး Eight-Core Processor သုံး Honor 3X ကို စတင်မိတ်ဆက်လိုက်ပါပြီ ။ Glory 3X လို့လည်း ကြိုတင်ပြီး လူသိများခဲ့တဲ့ Honor 3X မှာ Core Processor ရှစ်လုံးပါရှိပြီး Processor ရှစ်လုံး ဟာ တစ်ပြိုင်နက် အလုပ်လုပ်နိုင်တယ်လို့လည်း သိရှိရပါတယ် ။ ဒါဟာ Samsung ရဲ့ Exynos 5 Octa Processor ရဲ့ အလုပ်လုပ်နိုင်စွမ်းနဲ့ အတူတူပဲဖြစ်ပါတယ် ။ ဒါပေမဲ့ Huawei ဟာ Samsung ရဲ့ Exynos 5 Octa Processor ကိုအသုံးပြုထားတာမဟုတ်ပါဘူး ။ Honor 3X ဟာ ဒီနှစ်အစောပိုင်းမှာ စတင် မိတ်ဆက်ခဲ့တဲ့ MediaTek MT6592 chipset (octa-core Cortex-A7, 1.7GHz) True Core Processor ကိုအသုံးပြုထားတာဖြစ်ပါတယ် ။ RAM ကတော့ 2GB ဖြစ်ပါတယ် ။

Honor 3X မှာ အရှေ့ နဲ့ အနောက် ကင်မရာ နှစ်လုံး ပါရှိပါတယ် ။ အရှေ့ ကင်မရာ ကတော့ 5 Mega Pixel ရှိပြီး ကျောဘက် ကင်မရာ ကတော့ 13 Mega Pixel ပါရှိပါတယ် ။ Honor 3X ဟာ IPS Screen ကိုအသုံးပြုထားပြီး Resolution ကတော့ 720P ဖြစ်ပါတယ် ။ Smartphone ဈေးကွက်မှာရှိတဲ့ တစ်ခြားသော Smartphone အမျိုးအစားတွေနဲ့ ယှဉ်ရင်တော့ Resolution က နည်းပါတယ် ။ Huawei ကတော့ Honor 3X ကို 1080P Screen Resolution ကို သုံးရင် Battery ဟာ ၂၀ ရာခိုင်နှုန်းလောက် ပိုကုန်တယ်လို့ ဆင်ခြေပေးထားပါတယ် ။ Honor 3X ရဲ့ Battery ကတော့ 3000 mAh ကိုအသုံပြုထားတာဖြစ်ပါတယ်။

Horna 3X ဟာ Dual-Sim အမျိုးအစား ဖုန်း ဖြစ်ပါတယ် ။ Worldwide 3G Networks ကိုလည်း Support လုပ်ပေးတယ်လို့လည်း သိရှိရပါတယ် ။ ဈေးနှုန်းကတော့ တရုတ်ယွမ်ငွေရဲ့ဆိုရင် 1700 ဖြစ်ပြီး အမေရိကန် ဒေါ်လာနဲ့ဆိုရင်တော့ 280 ဖြစ်တယ်လို့သိရပါတယ် ။ ယခုလောလောဆယ်တော့ တရုတ်နိုင်ငံ မှာပဲ ၀ယ်ယူအသုံးပြုလို့ရပါတယ် ။ နောက် လ အနည်းငယ် အတွင်းမှာ ပဲ နိုင်ငံတစ်ကာကို ရောင်းချမယ်လို့ သိရှိရပါတယ် ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *