Featured, Review

သမိုင်းကြောင်းတစ်လျှောက် iPhoneကို အကြီးမားဆုံး ပြစ်တင်ကဲ့ရဲ့ခြင်းများကို အဆင့်သတ်မှတ်ခြင်း

Ranking the biggest iPhone ‘scandals’ of all time

iPhone 6 Plusဟာ ကွေးကောက်တယ်ဆိုတဲ့ ဗီဒီယို လက်တွေ့ပြချက်တွေ ပေါ်ထွက်ခဲ့ပေမယ့်လည်း ဒါဟာ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတစ်ခု ထုတ်လုပ်ပြီးနောက်မှာ Appleကြုံတွေ့ရတဲ့ ပထမဆုံးအကြိမ် ပြစ်တင်ကဲ့ရဲ့ခြင်း မဟုတ်ပါဘူး။ တကယ်တော့ S အမျိုးအစားမဟုတ်တဲ့ နောက်ဆုံး iPhoneတွေ ဖြစ်တဲ့ iPhone 4, iPhone 5, iPhone 6တို့ဟာလည်း မီဒီယာတွေ ဂရုပြုလောက်အောင် အပြစ်အနာအဆာတွေ ရှိခဲ့ပါတယ်။

အဲဒီ ပြစ်တင်ကဲ့ရဲ့ခြင်းတွေနဲ့ ပတ်သက်တဲ့ အဓိက အချက်ကတော့ Appleရဲ့ ကံကြမ္မာကို အကျိုးသက်ရောက်မှု မရှိဘူးဆိုတာပါပဲ။ တကယ်တော့ ကွေးကောက်တဲ့ ပြစ်တင်မှုဟာ အရှိန်မသေသေးပေမယ့်လည်း အရင်လိုပဲ ပပျောက်သွားတော့မှာပါ။ Appleကလည်း iPhoneအသစ်တွေကို စံချိန်တင်ရောင်းချနေရအုံးမှာပါပဲ။ Android ပရိသတ်တွေက Appleကို လှောင်ပြောင်နေပေမယ့်လည်း နောက်ဆုံးမှာတော့ Android Lကို သူတို့ဖုန်းတွေမှာ အသုံးပြုရဖို့ လပေါင်းများစွာ စောင့်ဆိုင်းနေရတဲ့ ဒုက္ခနဲ့ပဲ အဆုံးသတ်သွားအုံးမှာပါ။ Apple Bloggerတွေကလည်း ချေပနေတာတွေကို အဆုံးသတ်ပြီး Androidနဲ့ Windowsတွေရဲ့ အပြစ်အနာတွေကို ဆက်လက်ရှာဖွေနေတော့မှာပါ။

ပြစ်တင်ကဲ့ရဲ့ခြင်းတွေဟာ iPhoneကို ထိခိုက်မှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း အဲဒီပြဿနာတွေဟာ Appleဖြေရှင်းစရာမလိုဘူးလို့ မဆိုလိုပါဘူး။ အောက်မှာတော့ အကြီးမားဆုံး ပြစ်တစ်မှုလေးခုနဲ့ Appleက ဘယ်လို ဖြေရှင်းခဲ့လဲဆိုတာကို ဖော်ပြလိုက်ပါတယ်။

နံပါတ်လေး ။ ။ US Albumကို အခမဲ့ပေးခြင်း။

iPhoneအသစ်ထွက်ရှိခြင်းနဲ့ အတူ ပေါ်ပေါက်လာတဲ့ ပြစ်တင်မှုအားလုံးထဲမှာတော့ အခက်အတွေ့ဆုံး တစ်ခုပါ။ ဒီပြစ်တင်မှုဟာ Appleက U2ရဲ့ နောက်ဆုံးထုတ် သီချင်းခွေအတွက် ဒေါ်လာသန်း တစ်ရာပေးပြီး ဖေါက်သည်တွေကို အခမဲ့ပေးခဲ့တဲ့ ဇာတ်လမ်းက စတာပါ။ Appleက U2 သီချင်းခွေကို စားသုံးသူတွေရဲ့ ခွင့်ပြုချက်မရဘဲနဲ့ သူတို့ရဲ့ iTunes Libraryမှာ ထည့်သွင်းခဲ့တာပါ။ U2 မကြိုက်သူများအတွက်တော့ Cloud Storageမှာ နေရာ အသားလွတ် ပေးလိုက်ရတာပါ။ အဲဒီအတွက် စိတ်အနှောင့်အယှက်တွေ ဖြစ်ကြပါတယ်။ အဲဒီအတွက် Appleက သီချင်းခွေကို ဖျက်ဖို့ နည်းလမ်းကို ပေးခဲ့ရပါတယ်။ ဖျက်ဖို့နည်းလမ်းပေးလိုက်ပေမယ့်လည်း အချိန်ကုန် အလုပ်ရှုပ် တဲ့အတွက် ပြစ်တင်သူတွေရဲ့ တုန့်ပြန်မှုတွေဟာ လွန်စွာ များပြားခဲ့ပါတယ်။

နံပါတ်သုံး။ ။ ကွေးကောက်ခြင်း။

iPhone 6 Plusပိုင်ရှင် အချို့က ဖုန်းကို ဘောင်းဘီရဲ့ နောက်ဘက် အိတ်ကပ်ထဲထည့်ပြီး ထိုင်နေချိန်မှာ ဖုန်းဟာ ကွေးကောက်သွားတယ်လို့ သတင်းပို့ပါတယ်။ အဲဒီ ပြဿနာက YouTubeမှာ ဖုန်းတွေကို စမ်းသပ်ပြီး ပြသတဲ့ နာမည်ကြီး အဖွဲ့ဆီ ရောက်သွားပါတယ်။ သူတို့ရဲ့ စမ်းသပ်ချက် ဗီဒီယိုမှာ iPhone 6ဟာ Galaxy Note 3 နဲ့ အရွယ်သေး iPhone 6ထက် ပိုမိုကွေးလွယ်တာကို တွေ့ရပါတယ်။

ဒါပေမယ့်လည်း uBreakFixCoရဲ့ စမ်းသပ်မှု ဗီဒီယိုမှာ iPhone 6 Plusနဲ့ Note 3တို့ကို အဆင့်လေးဆင့်နဲ့ စမ်းသပ်ခဲ့ပြီး ပေါင်တစ်ရာစီ ဖိအားပေးလိုက်တဲ့အခါမှာလည်း iPhone 6 Plusဟာ ပိုကွေးတယ်ဆိုတဲ့ ရလဒ်ပဲထွက်လာပါတယ်။

Appleအနေနဲ့ကတော့ iPhone 6 Plusရဲ့ ဒီဇိုင်းကို အပြင်းအထန် ခုခံနေပြီး ကွေးညွှတ်တယ်လို့ သတင်းပို့မှု ကိုးခုပဲရှိတယ်လို့ ပြောပါတယ်။ အဲဒီပြဿနာဟာ Appleက iPhone 6 Plusကို စတင်ရောင်းချချိန်မှာ ပိုမိုကြီးမားလာမှာပါ။

နံပါတ် နှစ်။ ။ အန်တင်နာ ပြဿနာ။

ဒီပြဿနာကတော့ မှတ်သားစရာပါပဲ။ ဘာလို့လဲဆိုတော့ Appleရဲ့ ပုံရိပ်ဟာ အမှားအယွင်းလုံး၀ မရှိတဲ့ အချိန်ဖြစ်တဲ့ Steve Jobs စီအီးအို အဖြစ် ရှိနေချိန်မှာ ဖြစ်ပွားခဲ့လို့ပါ။

ပြဿနာက iPhone 4ဟာ တစ်ခါတစ်လေမှာ ဖုန်းတွေကို အလိုလို ခေါ်ဆိုနေတာပါ။ Appleက ပထမပိုင်းမှာ iPhone 4ရဲ့ Wirelessစွမ်းဆောင်ချက်က ထုတ်ပြီး သမျှထဲမှာ အကောင်းဆုံးနဲ့ iPhone 3GSထက် အဘက်ဘက်မှာ ကောင်းတယ်လို့ စမ်းသပ်တွေ့ရှိတယ်လို့ ခုခံပေမယ့် ဒါကတော့ သိသာထင်ရှားတဲ့ အင်ဂျင်နီယာ အမှားပါပဲ။

Appleက iPhone 4အတွက် အင်တင်နာ အသစ်တပ်ဆင်ထားတဲ့ ရာဘာကိုယ်ထည်အခွံကို iPhone 4ပိုင်ရှင်တွေကို ပေးခြင်းဖြင့် ပြဿနာကို ဖြေရှင်းခဲ့ပါတယ်။

နံပါတ် တစ်။ ။ Apple Maps

အပေါ်က ပြဿနာတွေက iPhoneအသုံးပြုသူ အနည်းငယ်ကိုသာ အကျိုးသက်ရောက်စေခဲ့ပေမယ့် ဒီတစ်ခုကတော့ အဲလိုမဟုတ်ပါဘူး။ ၂၀၁၂ ခုနှစ်မှာ iPhone 5ကို ရောင်းချချိန်မှာ Apple Mapsဟာ လမ်းညွန်ချက်အမှားတွေနဲ့ အနီးအနားက တည်နေရာတွေကိုလည်း မှားယွင်းပြသခဲ့ပါတယ်။

Apple CEO Tim Cookက ပြဿနာအတွက် တောင်းပန်ခဲ့ပြီး App Storeမှ အခြား မြေပုံ Appများကို အသုံးပြုဖို့ ထောက်ခံခဲ့ပါတယ်။ လအနည်းငယ်အကြာမှာတော့ Googleက iOS 6အတွက် Google Mapsအသစ်ကို ဖြန့်ချီပေးလိုက်ချိန်မှာတော့ iPhone အသုံးပြုသူတွေရဲ့ ကျေနပ်မှုတွေ ရရှိခဲ့ပါတယ်။ Appleအရာရှိတွေကလည်း ချီးကျူးခဲ့ကြပါတယ်။

Apple Mapsရဲ့ ပြဿနာကြောင့် အရင် iOS အရာရှိ Scott Forstallဟာ ကံဆိုးမိုးမှောင်ကျခဲ့ပြီး iOS 7က စပြီး iOS Software Designရာထူးကို Jony Iveကို လွှဲပြောင်းပေးလိုက်ရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *