Featured, How-to

အသုံး၀င် iPhone Tricks ဆယ်ခု

အသုံး၀င် iPhone Tricks ဆယ်ခု

iPhoneဟာ အလွန်ကောင်းမွန်တဲ့စမတ်ဖုန်းဆိုတာ ငြင်းမရပါဘူး။ ဒါပေမယ့် iPhoneရဲ့ Settingsတွေကို သင့်ရဲ့ အသုံးပြုပုံပေါ်မူတည်ပြီး ပြောင်းလဲအသုံးပြုမှသာ အစွမ်းထက်မှာပါ။ နောက်ပြီး iPhoneမှာ စွမ်းဆောင်ချက်များစွာ ပါရှိတဲ့ အတွက် အဲဒါတွေအားလုံးကို သိနိုင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ အခုဆောင်းပါးမှာ အသုံး၀င်တဲ့ iPhone Tricksတွေကို ဖော်ပြလိုက်ပါတယ်။ ဒါတွေက iOS 7အတွက်ဖြစ်ပြီး iOS 8 Betaအတွက် မဟုတ်တာကို သတိပြုပါ။

ဓါတ်ပုံများ ပွားနေတာကို ပိတ်ပါ။

iPhoneမှာ HDR(High Dynamic Range) စွမ်းဆောင်ချက်ပါရှိပြီး ဓါတ်ပုံများ အရည်အသွေးကောင်းမွန်စေပါတယ်။ ဒါပေမယ့် ဓါတ်ပုံများရိုက်ကူးတဲ့ အခါမှာ HDRနဲ့ ရိုက်ထားတဲ့ ဓါတ်ပုံရော သာမာန်အတိုင်းရိုက်ထားတဲ့ ဓါတ်ပုံကိုပါ သိမ်းပေးထားတာဖြစ်တဲ့အတွက် ဓါတ်ပုံများပွားနေတာက မနှစ်သက်စရာပါ။ သာမာန်အတိုင်းရိုက်ထားတဲ့ ဓါတ်ပုံတွေကို မလိုချင်ရင် အောက်က Settingsထဲမှာ ပိတ်ထားနိုင်ပါတယ်။

Settings > Photos & Camera > Keep Normal Photo

ကြေညာရှင်တွေရဲ့ စောင့်ကြည့်နေမှုကို ပိတ်ပါ။

Appleက iOSမှာ Appများက သင့်ရဲ့ အသုံးပြုမှုကို စောင့်ကြည့်နိုင်ပြီး သင့်တော်တဲ့ ကြော်ညာများ ပြသပေးနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ သင့်ရဲ့ ပုဂ္ဂလိက လုံခြုံရေးကို ကြော်ညာရှင်များ မသိစေချင်ရင် အောက်က Settingsမှာ ပိတ်ထားနိုင်ပါတယ်။

Settings > Privacy > Advertising > Limit Ad Tracking

first photo

Emailများရဲ့ Previewကို ပိုမိုသိအောင် ပြုလုပ်ပါ။

Appleရဲ့ Email Appကို အသုံးပြုသူများအတွက် အီးမေးတစ်ခုကို ဖွင့်မကြည့်ခင်မှာ Previewအနေနဲ့ ပြသပေးထားတဲ့ စာကြောင်းရေကို တိုးမြှင့်နိုင်ပါတယ်။ အဲဒီအတွက် အရေကြီးတဲ့ အီးမေးတွေကို အလွယ်တကူသိနိုင်တာပေါ့။ စာကြောင်းရေ ငါးကြောင်းအထိ တိုးမြှင့်နိုင်ပါတယ်။

Settings > Mail, Contacts, Calendar > Preview

ဖုန်း၀င်လာရင် စာပြန်ပို့မယ့် စာသားများကို သတ်မှတ်ရေးသားပါ။

ဖုန်း၀င်လာတဲ့ အခြေအနေမှာ ဖုန်းပြောဖို့ မအားသေးရင် Messageနဲ့ အကြောင်းပြန်နိုင်တဲ့ စွမ်းဆောင်ချက်ဟာ iPhoneမှာ ပါရှိပါတယ်။ “I’ll call you later,” or “I’m on my way.”စသဖြင့်ပေါ့။ အဲဒီစာသားများကို အောက်က Settingsမှာ ရေးသားသတ်မှတ်ထားနိုင်ပါတယ်။

Settings > Phone > Respond with Text

သင့်ရဲ့ အဖိုးတန်အချိန်တွေကို ကာကွယ်ပါ။

သင့်ရဲ့ အနားယူချိန်တွေ၊ အိပ်စက်ချိန်တွေ၊ ထမင်းစားချိန်တွေမှာ သင့်ဖုန်းမှ အချက်ပေးမှုတွေ၊ ဖုန်း၀င်လာမှုတွေက စိတ်ပျက်စရာပါ။ ဒီလိုအဖိုးတန်အချိန်တွေမှာ အနှောင့်အယှက်မဖြစ်စေချင်ရင် Do Not Disturb စွမ်းဆောင်ချက်ကို အသုံးပြုနိုင်ပါတယ်။

Settings > Do Not Disturb

second photo

အဲဒီစွမ်းဆောင်ချက်ကို Settingsထဲမှာ ဖွင့်နိုင်ပါတယ်။ သာမာန်အချိန်တွေမှာတော့ ပြန်ပိတ်ဖို့ မမေ့နဲ့ပေါ့။ ဖွင့်ထားတဲ့ အချိန်မှာ အရေးကြီး မိတ်ဆွေများက ဖုန်းဆက်ရင် သိနိုင်ဖို့ Allow Calls Fromမှာ သတ်မှတ်နိုင်ပါတယ်။

သင့်ရဲ့ အီမေးအကောင့်များမှ မှားယွင်းမပို့မိအောင် တားဆီးပါ။

လူတွေမှာ ကိုယ်ရေးကိုယ်တာအတွက်၊ အလုပ်အတွက် အီးမေးအကောင့်များစွာ ရှိတတ်ပါတယ်။ iPhoneရဲ့ Mail Appမှာလည်း အီးမေးအကောင့်များစွာ အသုံးပြုနိုင်ပါတယ်။ ပြဿနာက အလုပ်အတွက် အီးမေးပို့တဲ့အခါမှာ ကိုယ်ရေးကိုယ်တာ အီးမေးအကောင့်ကနေ ပို့မိတတ်တာပါပဲ။ ဒီလိုမဖြစ်အောင် အောက်က Settingsထဲမှာ Default Accountကို သတ်မှတ်ထားနိုင်ပါတယ်။

Settings > Mail, Contacts, Calendar > Default Account

ဖုန်းရဲ့ Equalizer Settingsကို ချိန်ညှိပါ။

iPodတွေ ခေတ်စားချိန်မှာတော့ EQ Settingsတွေကို ချိန်ညှိပြီး အသုံးပြုရတာကို လူတွေတော်တော် အကြိုက်တွေ့ကြပါတယ်။ သင့်ရဲ့ iPhoneမှာလည်း EQ Settingsကို ချိန်ညှိနိုင်ပါတယ်။ ဒါဆိုရင် သင့် iPhoneကို iPodလို အသုံးပြုနိုင်ပါပြီ။

Settings > Music > EQ

Stock Notificationတွေကို ပိတ်ပါ။

သင်ဟာ Stockကစားသူမဟုတ်ရင် Notification Centerမှာ Stockတွေပြနေတာ စိတ်ရှုပ်စရာပါ။ အဲဒါကို အောက်က Settingsမှာ ပိတ်နိုင်ပါတယ်။

Settings > Notification Center > Include/Don’t Include

လျှင်မြန်စွာ စာရိုက်ပါ။

စကားစုတစ်ခုကို အမြဲရိုက်နေကျဆိုရင် Shortcutကို အသုံးပြုနိုင်ပါတယ်။ ဥပမာအားဖြင့် omwလို့ ရိုက်လိုက်ရင် On my wayလို့ အကျယ်ဖြန့်ပေးမှာပါ။

Settings > General > Keyboard > Shortcuts

သင့်ရဲ့ လုံခြုံရေးကို အဆင့်မြှင့်ပါ။

Touch IDကို အသုံးမပြုချင်သူများအတွက် Passcodeကို အသုံးပြုသင့်ပါတယ်။ ဒါပေမယ့် ဖုန်းကို Unlockလုပ်တိုင်း ကုဒ်တွေရိုက်ထည့်ရတာ အလုပ်ရှုပ်ပါတယ်။ အဲဒီအလုပ်ရှုပ်မှုကို လျှော့ချပေးနိုင်ဖို့ ငါးမိနစ်ကြာ ဒါမှမဟုတ် ဆယ်မိနစ်ကြာမှ ဖုန်းကို Lockလုပ်ဖို့ သတ်မှတ်ထားနိုင်ပါတယ်။

Settings > Passcode > Require Passcode (After five minutes)

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *