News

Android အတွက် Microsoft Office App ထွက်ပြီ

Android 4.0 နဲ့အထက်မှာမှအသုံးပြုနိုင်မယ့် Microsoft ရဲ့ Office Application ကိုထုတ်လုပ်လိုက်ပါပြီ။ Google Play Store မှာအခမဲ့ Download ရယူအသုံးပြုနိုင်မယ်ဆိုပေမယ့် Office 365 Home Premium နဲ့ Pro Plus Service ရဲ့ Subscribers တွေဖြစ်ထားဖို့တော့လိုပါတယ်။ Microsoft ရဲ့ Product Manager တစ်ဦးဖြစ်သူ Guy Gilbert ကတော့ Office 365 Subscribers တွေကို ထောက်ပံ့ပေးဖို့ အစီအစဉ်သစ်တစ်ခုဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

Android မှာ မောင်းနှင်ဖို့ Microsoft Office App မှာ Word, Excel, PowerPoint တို့ပါ၀င်ပြီး Office App တွေကို နေ့တိုင်းသုံးနေကြတဲ့ User တွေမြန်မြန်ဆန်ဆန်နဲ့ အလုပ်တွေကိုပြီးမြောက်စေဖို့ရည်ရွယ်ပါတယ်။ Microsoft ရဲ့ SkyDrive Web Storage နဲ့ပါချိတ်ဆက်ထားပြီး User တွေသူတို့ရဲ့ ကွန်ပျူတာတွေကိုထားပြီး မိုဘိုင်းဖုန်းတွေနဲ့အလုပ်လုပ်တဲ့အခါ ဖိုင်တွေကို ေ၀မျှဖို့၊ ရေးမှတ်ဖို့၊ ဖွင့်ကြည့်ဖို့ များစွာအသုံး၀င်မှာဖြစ်ပါတယ်။
ယခုပွဲဦးထွက်ပြသလိုက်တဲ့ Microsoft Office App ဟာ Android Smartphone တွေအတွက်သာဖြစ်ပြီးတော့ Android Tablet မှာတော့အသုံးပြုလို့မရသေးပါဘူး။

PC တွေ၊ Mac တွေ နဲ့ Smartphone တွေမှာသုံးလို့ရပေမယ့် Tablet နဲ့ iPad မှာသုံးလို့မရသေးဘူးဆိုတာ စိတ်၀င်စားစရာကောင်းနေပါတယ်။ နောက်ပိုင်းကျရင်တော့ Windows Phone တွေမှာ Microsoft အနေနဲ့၎င်းရဲ့ Mobile Office App ကို Default ပါ၀င်အောင်လုပ်ဆောင်သွားဖို့ အစီအစဉ်လည်းရှိပါတယ်။

Google Play Store မှာတော့ Office Application ကို အမေရိကမှာပဲ Download ရနိုင်ပါသေးတယ်။ သို့သော်လည်း မကြာခင်မှာတော့ အဆိုပါ App ကိုနိုင်ငံစုံမှနေ Download ရယူနိုင်အောင် စီစဉ်ပေးသွားမှာဖြစ်ပါတယ်။

Ref: http://news.cnet.com/8301-10805_3-57596245-75/microsoft-debuts-office-mobile-app-for-android-smartphones/

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *