မြန်မာပြည်မှာလည်း ကားတွေအခိုးခံရတယ်ဆိုတာမကြာခဏ ကြားနေရပါတယ်။ နိုင်ငံတကာမှာတော့ ကားသူခိုးတွေဟာ တကယ့်ကိုပရော်ဖက်ရှင်နယ်ကျကျ အလုပ်တစ်ခုလိုလုပ်နေကြပါတယ်။ အခုတစ်ခါမှာလည်း ကမ္ဘာမှာဘယ်ကားတွေက အခိုးခံရဆုံးလဲဆိုတာနဲ့ ကားခိုးမှုအဖြစ်ပွားဆုံးဒေသ တွေကို အိုင်စီတီပရိတ်သတ်ကြီးအတွက် မျှေ၀ပေးလိုက်ပါတယ်။ ရာဇ၀တ်မှုအများစုကတော့ အမေရိကားမှာဖြစ်ပွားကြတာများပါတယ်။ အခုလည်းကားခိုးမှုတွေအများစုဟာ အမေရိကပြည်နယ်အများစုမှာ ဖြစ်ပွားလျက်ရှိနေပါတယ်။
ကယ်လီဖိုးနီးယား၊ ဖလော်ရီဒါ၊ နယူးဂျာစီ၊ နယူးယောက်၊ မီချီဂန်၊ Texas, Georgia, Illinois, Pennsylvania, Maryland စတဲ့ ပြည်နယ်တွေမှာ ကားခိုးမှုအဖြစ်ပွားဆုံးပါတဲ့။ အခိုးခံရဆုံး နာမည်ကြီးဇိမ်ခံကားတွေကိုတော့ အောက်မှာဖော်ပြပေးလိုက်ပါတယ်။
1. Mercedes-Benz C-Class (compact)
2. BMW 3-Series (compact)
3. Infiniti G-Series (compact)
4. Mercedes-Benz E-Class (mid-size)
5. Cadillac CTS (mid-size)
6. BMW 5-Series (mid-size)
7. Lincoln MKZ (mid-size)
8. Acura TSX (compact)
9. Lexus IS (compact)
10. Mercedes-Benz S-Class (premium)
Ref: http://www.businessinsider.com/the-10-luxury-cars-that-thieves-go-after-the-most-2013-7