Featured, News

Simpsonsဇာတ်ကောင်များကို နောက်လတွင် Xboxရှိ Minecraftတွင် တွေ့ရမည်

Simpsonsဇာတ်ကောင်များကို နောက်လတွင် Xboxရှိ Minecraftတွင် တွေ့ရမည်

Microsoftက နောက်လထဲမှာ The Simpsonsဇာတ်ကောင်များကို Minecraft ဂိမ်းမှာ ကစားနိုင်အောင် ဆောင်ကျဉ်း ပေးတော့မှာ ဖြစ်ပါတယ်။ Homer, Marge, Bart, Lisa, and Maggie ဇာတ်ကောင်များကို အခြား နာမည်ကျော် တီဗီစီးရီး များမှ ဇာတ်ကောင် ၁၉ ခုနဲ့ အတူ ဖေဖော်ဝါရီလနှောင်းပိုင်းမှာ ဒေါင်းလုပ်ပြုလုပ်နိုင်တဲ့ Skin Packအနေနဲ့ ရယူကစားနိုင် တော့မှာ ဖြစ်ပါတယ်။ “Xboxမှာ ဒေါင်းလုပ်ပြုလုပ်နိုင်တဲ့ ဂိမ်းများစွာကို နှစ်သက်နေကြတဲ့ Xbox Live ၀န်ဆောင်မှုမှာ Minecraft ပရိသတ် ၁၄ သန်းကျော်ရှိနေပါပြီ။ သူတို့က Simpsonsဇာတ်ကောင်များကို Minecraftမှာ ထည့်သွင်းပေးဖို့ တောင်းဆိုနေကြပါတယ်။“ လို့ Xboxရဲ့ အရာရှိ Phil Spencerက ပြောပါတယ်။

Microsoftက ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ Minecraftကို ဒေါ်လာ ၂.၅ ဘီလီယမ်နဲ့ ၀ယ်ယူခဲ့တာ ဖြစ်ပြီး Springfield ဇာတ်ကောင်များကို ဂိမ်းထဲထည့်သွင်းဖို့ Twentieth Century Fox, Gracieတို့နဲ့ ပူးပေါင်းနေပါတယ်။ Simpsons Minecraft Packကလည်း အောက်တိုဘာလတုန်းက Doctor Whoဇာတ်ကောင်များကို Minecraftထဲထည့်သွင်းဖို့ BBCနဲ့ သဘောတူညီချက်လို ဖြစ်ပါတယ်။ Microsoftက Simpsons ဇာတ်ကောင်များကို Skin Packအနေနဲ့ Xbox 360နဲ့ Xbox Oneတို့မှာ ဒေါင်းလုပ်ပြုလုပ်နိုင်ပြီး ၁.၉၉ ဒေါ်လာ ဈေးနှုန်းသတ်မှတ်ထားတယ်လို့ ပြောပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *