Featured, Review

Cortana vs. Siri vs. Google Nowတို့ကို နှိုင်းယှဉ်သုံးသပ်ခြင်း

Cortana vs. Siri vs. Google Now: The ultimate showdown continues

အဓိက မိုဘိုင်း Operating Systemသုံးခုမှာ အခုဆိုရင် ကိုယ်ရေးလက်ထောက်တွေ ပိုင်ဆိုင်နေကြပါပြီ။ ဒါပေမယ့်လည်း ဘယ်တစ်ခုဟာ အကောင်းဆုံးလဲဆိုတာကို ဆုံးဖြတ်လို့ မရနိုင်သေးပါဘူး။ အမှန်တကယ်မှာတော့ ကိုယ်ရေးလက်ထောက်တွေကို အမြဲ Updateလုပ်ပေးနေတဲ့ အတွက်ကြောင့် အနိုင်ရသူကို ကြေညာနိုင်ဖို့ မဖြစ်နိုင်တာပါ။ ဒါပေမယ့်လည်း သူတို့ကို အမြဲ နှိုင်းယှဉ်ဖို့ မဖြစ်နိုင်တာလို့ မဆိုလိုပါဘူး။ ဒီနှစ်အစောပိုင်းမှာ WPCentralက ပိုမိုစွမ်းဆောင်ရည်ကောင်းတဲ့ တစ်ယောက်ကို သိနိုင်ဖို့ တူညီတဲ့မေးခွန်းတွေကို ကိုယ်ရေးလက်ထောက်သုံးယောက်ကို မေးမြန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် နို၀င်ဘာလတုန်းက Phonebuffက မတူညီတဲ့ Voice Commandများကို ကိုယ်ရေးလက်ထောက် တစ်ယောက်ချင်းစီကို မေးမြန်းခဲ့ပါသေးတယ်။ Google Nowက ပထမရွေးချယ်ခံရပြီး အဲဒီနောက်မှာ Siriပါ။ အခုတော့ Cortanaရဲ့ အလှည့်ပါ။ Cortanaဟာ Windows Phone 8.1မှာ Betaအဆင့်သာ ရှိသေးပေမယ့် Appleနဲ့ Googleတို့ရဲ့ ကိုယ်ရေးလက်ထောက်တွေလို စွမ်းဆောင်နိုင်ပါတယ်။

Cortanaရဲ့ ပြိုင်ဖက်တွေကို အနိုင်ယူနိုင်တဲ့ တစ်ချက်က နောက်ထွက်မယ့် Windows 9မှာ ပါရှိမှာ ဖြစ်ပါတယ်။ လာမယ့် ရက်သတ္တပတ် အနည်းငယ်မှာ ထွက်ရှိလာမယ့် Preview Versionမှာတောင် Cortanaပါလာမယ်လို့ သတင်းတွေထွက်နေပါတယ်။

အောက်က ဗီဒီယိုသုံးခုကို လေ့လာပြီး ဘယ်ကိုယ်ရေးလက်ထောက်က စွမ်းဆောင်ရည်အမြင့်ဆုံးလဲဆိုတာ စာဖတ်သူ ဆုံးဖြတ်ကြည့်ပါ။

Google Now

Siri

Cortana

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *