Mobile

HTCရဲ့ ပထမဆုံး Windowsဖုန်း HTC 8XT

HTCကတော့ သူ့ရဲ့ ပထမဆုံး Windowsစနစ်သုံး ဖုန်းကို ဈေးကွက်မှာ ဇူလိုင်လ ၁၉ရက်နေ့က စတင် ဖြန့်ချိခဲ့တာ ဖြစ်ပြီး တန်ကြေးကတော့ ဒေါ်လာ ၉၉ဖြစ်တာကြောင့် တန်ကြေးနည်း ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာပြည် ဈေးကွက်ကိုလည်း မကြာခင် ၀င်ရောက်လာနိုင်တာမို့ သူ့ရဲ့ အကြောင်းစုံကို ဖော်ပြ ပေးလိုက်ပါတယ်။

အားသာချက်

ပါးလွှာပေါ့ပါးတဲ့ ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတာ တွေ့ရပြီးတော့ ဆွဲဆောင်မှု အပြည့်ရှိတာ တွေ့ရပါတယ်။ နောက်ပြီး စွမ်းအင်စား သက်သာအောင် ထုတ်လုပ်ထားတာမို့ အချိန်အကြာကြီး သုံးနိုင်မှာ ဖြစ်ပါတယ်။ နောက်ဆုံး တစ်ချက် ကတော့ 4G LTEစနစ်မှာပါ သုံးစွဲနိုင်အောင် ထုတ်လုပ် ထားတာတွေ့ရပြီး အသံထွက် အားကောင်းမွန်တဲ့ Speakerတွေ တပ်ဆင်ထားတာ တွေ့ရပါတယ်။

အားနည်းချက်

Dual-core Processorကို အသုံးပြုထားတာကြောင့် စွမ်းဆောင်ရည် အပိုင်းမှာ အနည်းငယ် နှေးနိုင်သလို Appတွေ Loadingအပိုင်းမှာလည်း အချိန်ယူတာ ကြာမြင့်ပါတယ်။ နောက်ပြီး Windows 8စနစ်ကို သုံးထားပြီး Androidနဲ့ iOSစနစ်သုံး ဖုန်းတွေမှာ ပါရှိတဲ့ Appတွေလောက် များများစားစား မရှိတာ ဖြစ်ပါတယ်။

ဒီဇိုင်း

HTC 8XTရဲ့ ဖုန်းကတော့ ကျွန်တော်တို့ မြင်တွေ့နေကျ HTCရဲ့ ပုံစံမျိုး ဖြစ်တာကြောင့် သိပ်ပြီး ထူးဆန်းမှု မရှိလှပါဘူး။ အနားသတ်တွေမှာ လိုင်းစင်းလေးတွေနဲ့ အလှဆင်ထားပြီး ဖုန်းရဲ့ ထောင့်နေရာတွေကို လုံး၀န်းအောင် လုပ်ထားပါတယ်။ ဖုန်းရဲ့ အရောင်က အပြာရောင် အဖြစ်နဲ့ ထုတ်လုပ်ထားပြီး Tone Light နှစ်ခုလည်း ပါ၀င် ပါသေးတယ်။


ကိုယ်ထည်

ဖုန်းရဲ့ အမြင့်ကတော့ ၅.၂ လက်မရှိမှာ ဖြစ်ပြီးတော့ မျက်နှာစာ အကျယ်က ၂.၆ လက်မရှိမှာ ဖြစ်ကာ အထူ ကတော့ ၀.၃၉ လက်မပဲ ရှိမှာ ဖြစ်ပါတယ်။ ဖုန်းရဲ့ အလေးချိန်က ၄.၉ အောင်စပဲ ဖြစ်တာကြောင့် ပေါ့ပါးတာ တွေ့နိုင်ပါတယ်။

ပြသနိုင်မှုနဲ့ အသံပိုင်း

Screenရဲ့ အကျယ်ကတော့ ၄.၃ လက်မ ဖြစ်တာကြောင့် အနေတော် လောက်ပဲ ဖြစ်ပြီး LCDစနစ်နဲ့ ဖြစ်ကာ Resolutionနှုန်း 800×480 Pixelနဲ့သာ ပြသပေးနိုင်မှာ ဖြစ်တာကြောင့် Displayအပိုင်းမှာ အားနည်းချက် နည်းနည်း ရှိပါလိမ့်မယ်။ အသံပိုင်းမှာတော့ HTCရဲ့ နောက်ဆုံး နည်းပညာဖြစ်တဲ့ BoomSoundစနစ်ကို အသုံးပြု ထားတာကြောင့် တကယ်ကို ကောင်းမွန်တဲ့ အသံစနစ်ကို ရရှိမှာ ဖြစ်ပါတယ်။ နောက်ပြီး Headphoneတွေ အတွက်ကိုတော့ 3.5 mm Jackပါရှိမှာလည်း ဖြစ်ပါတယ်။

ကင်မရာ

ရှေ့ဖက် ကင်မရာ အဖြစ် 1.6 MPရှိမယ့် ကင်မရာကို တပ်ဆင်ထားမှာ ဖြစ်လို့ မှတ်တမ်းတင်ရုံလောက်ပဲ ရရှိမှာ ဖြစ်ပါတယ်။ နောက်ပြီး Video Chatတွေလည်း လုပ်ဆောင်နိုင်မှာပါ။ နောက်ဖက် ကင်မရာမှာတော့ 8 MPရှိတဲ့ ကင်မရာ တပ်ဆင်ထားမှာ ဖြစ်ပြီး LED Flashကိုပါသုံးပြီး ပုံရိပ်တွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။


ဘက်ထရီ

အသုံးပြုထားတဲ့ ဘက်ထရီကတော့ 1,800 mAhသိုလှောင် နိုင်စွမ်းရှိတဲ့ ဘက်ထရီ ဖြစ်တာကြောင့် အချိန် အကြာကြီး ထိအောင် သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး ဘက်ထရီက အသေ တပ်ဆင် ထားတာ မဟုတ်ပဲ ဖြုတ်နိုင် တပ်နိုင်အောင် ဖန်တီးထားတာမို့ အပို ဘက်ထရီ ဆောင်ပြီးလည်း သုံးနိုင်မှာပါ။

Ref: www.cnet.com

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *