News, Review

Facebook က Microsoft ကို စွန့်ခွာ

Facebookက Microsoftကို စွန့်ခွာ

၂၀၀၇ ခုနှစ်မှာ Microsoftက ရှယ်ယာ ၁.၆ ရာခိုင်နှုန်းအတွက် Facebook ထံမှာ ဒေါ်လာ ၂၄၀ သန်းရင်းနှီးမြှပ်နှံခဲ့ ပါတယ်။ Facebookရဲ့ တန်ဖိုးဟာလည်း ဒေါ်လာ ၁၅ ဘီလီယမ်အထိ မြင့်တက်ခဲ့ပါတယ်။ အဲဒီတုန်းကတော့လူရီ စရာဖြစ်ခဲ့ပါသေးတယ်။ အခုတော့ Facebook ဟာ ဒေါ်လာ ၂၀၀ ဘီလီယမ်တန်တဲ့ ကုမ္ပဏီဖြစ်နေပြီး အဲဒီအနည်း ငယ်ရင်းနှီးမြှပ်နှံမှုဟာ Microsoft ရဲ့ CEOအနေနဲ့ Steve Ballmer ပြုလုပ်ခဲ့တဲ့ ရင်းနှီးမြှပ်နှံမှုတွေ ထဲမှာအကောင်း ဆုံး တစ်ခု ဖြစ်ခဲ့ပါတယ်။ Microsoftက ၂၀၁၂ မှာ Facebook ရှယ်ယာ အချို့ကို ရောင်းချခဲ့ပေမယ့် အချို့ကို အခုထိ ကိုင်ထားပုံပါပဲ။ Microsoftရဲ့ SECနဲ့ မှတ်ပုံတင်ထားတဲ့ နောက်ဆုံး နှစ်စဉ် စာရင်းများအရ ၂၀၁၄ ခုနှစ် ဇွန်လမှာ Facebook ရှယ်ယာအချို့ကိုသာ ထုတ်ရောင်းခဲ့တာပါ။

အဲဒီရောင်းချမှုမှာ ငွေကြေးများစွာ ရရှိကောင်းရရှိမှာပါ။ ဒါပေမယ့်လည်း Microsoft နဲ့ လက်တွဲတာဟာ ဒီနေ့ခေတ် မှာ အထင်ကြီးစရာမကောင်းတော့တဲ့ ပုံပါပဲ။ ဒီနေ့မှာတော့ Facebookက သူ့ရဲ့လူမှုကွန်ရက်မှာ Bingရဲ့ ရှာဖွေမှု ရလဒ်များကို ပြသမှာ မဟုတ်တော့ဘူးလို့ အတည်ပြုပါတယ်။ Facebookက Bingကို အသုံးပြုခဲ့တာဟာ Microsoft က Facebook ရှယ်ယာကို ၀ယ်ယူခဲ့တဲ့အချိန်က စခဲ့တာပါ။ ၂၀၁၀ မှာလည်း သဘောတူညီမှုကို ထပ်မံပြုလုပ်ခဲ့ ပါတယ်။ အခု ပြောင်းလဲမှုဟာ Microsoftရဲ့ စားသုံးသူ ၀က်ဆိုက်ဖြစ်တဲ့ MSN ကို ဒီဇိုင်းပြောင်းလဲပြီး နောက်မှာ ကျဆင်းသွားခဲ့တဲ့ Bingရှာဖွေမှု ဈေးကွက်ဝေစုကို ထိခိုက်စေမှာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ရှာဖွေမှုဟာ Facebookအတွက် ပိုအရေးကြီးလာပါပြီ။ ဒီတစ်ပတ် အစောပိုင်းမှာ Facebookက Pages များသာမကဘဲ ပို့စ်များကို ရှာဖွေနိုင်တဲ့ ရှာဖွေမှုစွမ်းဆောင်ချက် အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ Facebook ဟာ ၀က်ရှာဖွေမှုမှာ Googleကို တိုက်ရိုက်ယှဉ်ပြိုင်တယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့်လည်း Facebook ဟာ သင့်ရဲ့ အဆက်အသွယ်များ ၊ သူငယ်ချင်းများ တင်ထားတဲ့ သတင်းအချက်အလက်တွေကို ရှာဖွေရာမှာ ပိုမို အသုံး၀င် လာပါပြီ။ Facebookနဲ့ Microsoftတို့ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက လမ်းကြောင်းခွဲ လာခဲ့တာပါ။

သူတို့ရဲ့ မူလ သဘောတူညီချက်က Microsoftကို Third-Party ကြော်ညာလက်တွဲဖော်အဖြစ် ပါ၀င်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Microsoftရဲ့ ကြော်ညာ ပလက်ဖောင်း စီးပွားရေးဟာ ဘယ်တော့မှ ဦးမော့မလာခဲ့ပါဘူး။ Microsoftက အွန်လိုင်း ကြော်ညာလုပ်ငန်းအတွက် aQuantiveဆိုတဲ့ ကုမ္ပဏီကို ဒေါ်လာ ၆.၃ ဘီလီယမ်နဲ့ ၀ယ်ယူခဲ့တယ်လို့ ရေးသားထားပါတယ်။ ဒီလိုရေးသားဖော်ပြပြီး လအနည်းငယ် အကြာဖြစ်တဲ့ ၂၀၁၃ ခုနှစ်မှာတော့ Facebook ဟာယခင် aQuantive ကြော်ညာ ကုမ္ပဏီဖြစ်တဲ့ Atlasကို Microsoftထံမှ ၀ယ်ယူခဲ့ပါတယ်။

Facebook ဟာ Microsoft ရဲ့ Windows Phone Platform အတွက် သူ့ရဲ့ Appကိုတောင် မပြုလုပ်ပေးထားပါဘူး။ အဲဒီအလုပ်ကို Microsoftကို လွှဲပေးထားတာပါ။ Microsoftက “ Facebookဟာ သူ့ရဲ့ လှုမှုကွန်ရက်မှာ မျှဝေထား ကြတဲ့ သတင်းအချက်အလက်တွေကို ရှာဖွေရာမှာ လွယ်ကူအောင် ကူညီရာမှာ အာရုံစိုက်ဖို့ ရှာဖွေမှု စွမ်းရည်ကို မကြာမီက ပြောင်းလဲခဲ့ပါတယ်။ ၀က် ရှာဖွေမှုတွေကိုတော့ လျစ်လျူရှုထားပါတယ်။ ကျွန်တော်တို့ဟာ အခြားကဏ္ဍ များစွာမှာ Facebook နဲ့ ပူးပေါင်းဖို့ ဆက်လက်လုပ်ဆောင်မှာပါ။” လို့ ပြောခဲ့ပါတယ်။

အခုနောက်ဆုံး ခွာပြဲမှုဟာ Microsoftရဲ့ Bingဈေးကွက်ဝေစုကို ထိခိုက်စေမှာ ဖြစ်ပေမယ့် Microsoftဟာ Satya Nadellaရာထူးရပြီးနောက်မှာ အွန်လိုင်း ကြော်ညာမှာ ၀င်ငွေရှာဖို့ သိပ်စိတ်၀င်စားမှု မရှိတော့ပါဘူး။ ဒီအကျိုးဆက် နဲ့ ပတ်သက်ပြီး တရား၀င် ကြေညာခြင်းတော့ မရှိသေးပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ လအနည်းငယ်က Microsoftဟာ ကမ္ဘာလုံးဆိုင်ရာ ကြော်ညာ အရောင်းအင်အားစု ဌာနမှ ၀န်ထမ်းအများစုကို အလုပ်ထုတ်ခဲ့ပါတယ်။ အွန်လိုင်း ကြော်ညာ လုပ်ငန်းမှာ အောင်မြင်ဖို့ Microsoft ရဲ့ အိပ်မက်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကပါ။ အခု Microsoft ကတော့ တစ်ခြား နယ်ပယ်ကို အာရုံစိုက်နေတာပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *