Apps, Featured, News, Review

Windows 7 Patch အသစ်မှာ အမှားများ ဖြစ်ပေါ်နေ

Windows 7 Patch အသစ်မှာ အမှားများ ဖြစ်ပေါ်နေ

Windows 7 အသုံးပြုသူတွေ အနေနဲ့အင်္ဂါနေ့တိုင်းမှာ အလိုအလျှောက် Updateပြုလုပ်ဖို့ သတ်မှတ်ထားတယ်ဆိုရင်တော့ အဲဒီသတ်မှတ်ထားမှုကို ပြင်ဆင်ဖို့ အချိန်ကျပါပြီ။ KB 3004394 ပါ၀င်တဲ့ မကြာမီက ဖြန့်ချီပေးလိုက်တဲ့ Update ဟာပြဿနာ များစွာကို ဖြစ်ပေါ်စေတဲ့အတွက် ဖယ်ရှားဖို့ Microsoftက အတည်ပြုပေးလိုက်ပါတယ်။

အာရုံစိုက်မိတဲ့ ပထမဆုံး ပြဿနာက AMDရဲ့ Robert Hallockရဲ့ ကြောင့်ဖြစ်ပါတယ်။ သူက KB 300439 ဟာ AMD ရဲ့ Catalyst Omega လို Graphic Driverအသစ်တွေကို အင်စတောလုပ်ခြင်း သို့မဟုတ် Update လုပ်ခြင်းကို ပိတ်ပင်တယ်လို့ ပြောပါတယ်။ Nvidia အသုံးပြုသူတွေကလည်း GeForce Driverတွေကို အင်စတောလုပ်ရာမှာ အခက်အခဲတွေ ဖြစ်နေတယ်လို့ သတင်းပေးပို့ နေကြပါတယ်။ Hallockကတော့ Updateကို ကိုယ်တိုင် ပြန်ဖြုတ်ဖို့ အကြံပေးခဲ့ပါတယ်။ အခုတော့ Microsoftကလည်း အဲဒီအတိုင်း ကြေညာလိုက်ပါပြီ။

Update အသစ်ဟာ Graphic ပြဿနာတွေကိုသာ ဖြစ်စေတာ မဟုတ်ပါဘူး။ Microsoft ကတော့ ပြဿနာတိုင်းကို ကြေညာခြင်း မရှိပေမယ့် Microsoftရဲ့ အမေး အဖြေဖိုရမ်မှာတော့ နည်းပညာ ကျွမ်းကျင်သူ Userတွေက USB 3.0 Drivers တွေပျက်ဆီးသွားပြီး User Account Control (UAC) ကလည်း အလုပ်မလုပ်တော့ဘူးလို့ သတင်းပေး ထားပါတယ်။ Microsoft ကအခု Updateဟာ နောက်ထွက်မယ့် Windows Updatesတွေကို အင်စတောလုပ်ဖို့ ကိုတောင် ပိတ်ပင်မယ်လို့ ၀န်ခံထားပါတယ်။ ပြဿနာ အဖြစ်ဆုံးကတော့ Virus, Malwareတွေကို တားဆီးနိုင်တဲ့ အရေးကြီးတဲ့ ဆော့ဝဲဖြစ်တဲ့ Windows Defender Serviceကို Update ကပိတ်လိုက်တာပါပဲ။ ဒီပြဿနာတွေဟာ Windows 7အသုံးပြုသူတွေမှာသာ သီးသန့် ဖြစ်ပေါ် နေတာပါ။

KB 3004394ကို ဖယ်ရှားခြင်း

Microsoftက Updateအသစ်ကို ဖယ်ရှားနိုင်တဲ့ Patchတစ်ခုကို ဖြန့်ချီခဲ့ပါတယ်။ KB 3024777 ဖြစ်ပြီး Windows Update ကနေတိုက်ရိုက် ရယူနိုင်ပါတယ်။ အကြံပြုချင်တာက ကိုယ်တိုင် ဖယ်ရှားတဲ့ နည်းလမ်းပါ။ Control Panel > Windows Update> View Update History> Installed Updates ထဲသွားပြီး KB 3004394ကို တစ်ချက်နှိပ် ပြီး Uninstall ခလုတ်ကို နှိပ်ပါ။ ဒါဆိုရင် ပြဿနာ ပြေလည်ပါပြီ။ Microsoft ကလည်း ပြဿနာဖြစ်စေတဲ့ Update ကိုဆက်လက် မဖြန့်ချီတော့ဘဲ ဖယ်ရှားထားပြီးပါပြီ။

Automatic Updates ပြုလုပ်ထား သူများအတွက် KB3024777ကို အင်စတောလုပ်ပြီးသား ဖြစ်နေရင်တော့ ပြဿနာ မဖြစ်နိုင်ပါဘူး။ ဂိမ်မာတွေကနေ ကွန်ပျူ တာကို ခဏတာ သို့မဟုတ် အလွန်အကျွံ အသုံးပြုကြတဲ့ Windows 7 အသုံးပြုသူ တော်တော်များများကတော့ အခုထိပြဿနာတွေ တက်နေကြတုန်းပါပဲ။ အင်တာနက် စာမျက်နှာတွေမှာလည်း ပြဿနာတွေ ဖြစ်နေတဲ့ အသုံးပြုသူတွေရဲ့ သတင်းတွေကိုလည်း ဖတ်နေကြရပါတယ်။ တစ်ချို့ဆိုရင် ကွန်ပျူ တာ ပြင်ဆိုင်တွေမှာ ပိုက်ဆံပေး ပြင်နေကြရပါတယ်။ ဒီလို ပြဿနာ မဖြစ်အောင် Windows Update ကဏ္ဍမှာ “ Install updates automatically” အစား ” Check for updates but let me choose whether to download and install them.” ကို ပြောင်းလဲထားသင့်ပါတယ်။

Microsoft ဟာ Windows Update တွေကို ဖြန့်ချီရာမှာ အမှားများစွာ ရှိခဲ့တဲ့သာဓကတွေ ရှိပြီးအခုတစ်ကြိမ်ဟာ System ကိုပျက်ဆီးစေတဲ့ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ အကြံပေးချင်တာကတော့ သူတို့ ဖြန့်ချီပြီး နှစ်ပတ် အကြာမှ System Update တွေကို အင်စတော လုပ်သင့်ပါတယ်။ အဲလိုလုပ်မှသာ အခြားအသုံးပြုသူတွေရဲ့ ပြဿနာကို တင်ပြချက်တွေ၊ မီဒီယာတွေရဲ့ သတင်းတွေနဲ့ Microsoft ရဲ့ ပြင်ဆင်မှုတွေကို သိနိုင်မှာပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *