Featured, News

ဟိုလိုလန်းစ် (HoloLens)နဲ့ ပြန်လန်းတော့မယ့် Microsoft

HoloLens from Microsoft

Microsoftက Windows 10 Operating System အသစ် မိတ်ဆက်ပွဲမှာ အများ မျှော်လင့်ထားတဲ့ featuresများကို ပြန်လည်ထည့်သွင်းပြီး အခြား စိတ်ဝင်စားဖွယ် features အသစ်များနှင့် အတူ နည်းပညာ လောကမှာ အများပြည်သူ သုံးဖို့ မရှိသေးဘူးတဲ့ ပစ္စည်းအသစ်များကိုပါ မိတ်ဆက် ပြသခဲ့ပါတယ်။

Word Cup ဘောလုံးပွဲမှာ နိုင်မည့်အသင်းကို မှန်းဆပေးနိုင်ခဲ့တဲ့ အသံနဲ့ မေးခွန်းထုတ်နိုင်တဲ့ ကိုယ်ရေးလက်ထောက်လို့ ဆိုရမယ့် Cortanaလို့ အမည်ပေးထားတဲ့ ဆော့ဝဲလ်ကို Windows 10 တင်ထားတဲ့ မိုက်ခရိုဆော့ဖ် ပစ္စည်းအားလုံးမှာ ထည့်သွင်းပေးမယ်လို့ ကြေညာလိုက်ပါတယ်။

_80430706_af63d3a8-1799-41d5-a6bd-7b0d3f5392f5

စိတ်ဝင်စားမှု အကောင်းဆုံးကတော့ holography နည်းပညာကို ကျွန်တော်တို့ physical ကမ္ဘာထဲမှာ အသုံးပြုနိုင်ရန် မိတ်ဆက်ပေးလိုက်တဲ့ ပစ္စည်းတစ်ခုပါပဲ။ ဒီပစ္စည်းလေးကို HoloLensလို့ အမည်ပေးထားတယ်။ ကွန်ပျူတာ ပစ္စည်းများပေါ်မှာ ယခု ကျွန်တော်တို့ အားလုံး mouse, keyboard, pen အစရှိသည်တို့ကို မှီဝဲပြီး  သုံးစွဲနေတဲ့ digital contents အားလုံးဟာတော့ HoloLens Headsetကို တပ်ဆင်ပြီး သုံးစွဲမယ်ဆိုရင် မိမိ လက်ရှိ အပြင်ဘဝမှာ မြင်တွေ့နေရသည့် အရာဝတ္ထုများအတိုင်း 2D, 3D အသွင်သို့ ပြောင်းလဲသွားမှာ ဖြစ်လို့ပါပဲ။ ဒီလို လက်နှင့်ဖြစ်စေ၊ အသံနှင့် ဖြစ်စေ ထိတွေ့စေခိုင်းလို့ ရနိုင်မယ့်  HoloLens နည်းပညာကို ပြသခဲ့ခြင်းဟာ လက်တလောလေးမှ ရောင်းချမှုတွေ ရပ်ဆိုင်းခဲ့တဲ့ VRနည်းပညာသုံး Goolge Glass ဘယ်ကို သွားမလဲဆိုတာလည်း စတ်ဝင်စားဖွယ် ဖြစ်လာစေပါတယ်။

အခြားသရုပ်ပြမှုတွေထဲကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

• ဧည့်ခန်း ပရိဘောဂတွေကြားမှာ ဗီဒီယိုဂိမ်း ဂရစ်ဖစ်တွေနဲ့ အတူ Minecraftကို ကစားပြပါတယ်။
• Skype Video Chatမှ ရုပ်ပုံများကို နံရံပေါ်မှာ မြင်တွေ့ရပါတယ်။
• Droneပုံစံတစ်ခုကို လက်နဲ့ ဖန်တီးပြပြီး အသံနဲ့ ထိန်းချုပ်ပြခဲ့ပါတယ်။

_80432198_c7c51e84-9972-49d5-9872-114cb69c7d65

HoleLens Headsetကို မည်သည့် Deviceနှင့်မျှ ချိတ်ဆက်စရာမလိုပဲ Windows 10 ရောင်းချချိန်မှာ ဝယ်ယူ ရရှိနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ စျေးနှုန်းကိုတော့ ဖော်ပြခြင်း မရှိပါဘူး။

ဒါ့အပြင် Microsoftက တစ်ခါမှ မလုပ်ဘူးသေးတဲ့ OS အသစ်ကို ပထမနှစ်မှာ Windows 7, 8 version တင်ထားသူများအတွက် အခမဲ့ အသုံးပြုခွင့်ပေးမယ်လို့လည်း ကြေညာခဲ့ခြင်းဟာ CEO အသစ် Satya Nadellaရဲ့ New Microsoftဖြစ်အောင် ကြိုးစားနေမှု ပေါ်လွင်စေပါတယ်။

လက်ရှိ ကမ္ဘာပေါ်ရှိ PCများရဲ့ ၁၀ ရာခိုင်နှုန်းလောက်သာ ဝင်းဒိုး ၈ကို အသုံးပြုနေကြသေးကြောင်း ပညာရှင်များက ထောက်ပြခြင်းဟာလည်း ဖော်ပြပါ အခမဲ့ ပေးခြင်းက ပြောင်းလဲနိုင်မယ်လို့ ယူဆရပါတယ်။

Spartan Web Browser

လျှို့ဝှက်အမည် Project Spartanလို့ အမည်ပေးထားတဲ့ စီမံကိန်းအသစ်က Internet Explorerကို အစားထိုးမယ်ဆိုတဲ့ သတင်းတွေကိုလည်း အတည်ပြုခဲ့ပါတယ်။

ဘရောက်စာ အသစ်မှာ အသံနဲ့ အမိန့်ပေးနိုင်တဲ့ Cortanaကို ထည့်သွင်းထားပြီး စားသောက်ဆိုင် ဝက်ဆိုက်တစ်ခုကို ကြည့်ရှုသူ တစ်ယောက်ဟာ ၎င်းဆိုင်ကို ဘယ်လိုသွားရမှာလဲဆိုတဲ့ လမ်းညွှန်ကိုပါ​ထုတ်ပြပေးနိုင်တဲ့ စွမ်းဆောင်ချက်တွေလည်း ပါရှိပါတယ်။ ဒါ့အပြင် ဝက်စာမျက်နှာတစ်ခုအပေါ်မှာ စာရေး၊ စာရိုက်နိုင်ပြီး အခြားသူများနဲ့ မျှဝေနိုင်တဲ့ Noting Modeလည်း ပါရှိပါတယ်။

Gamerများအတွက်

_80432191_71bc90fe-3e65-4f22-9368-102a2011e47d

OS အသစ်မှာ တူညီတဲ့ ဝိုင်ဖိုင်ကွန်ရက်အတွင်းမှ Xbox One Video Gamesတွေကို အခြား ဝင်းဒိုး ၁၀ ပီစီ၊ တက်ဘလက် ထံသို့ လွှင့်ထုတ်ပေးတဲ့ စွမ်းရည်ပါရှိလာပါတယ်။ တီဗီကို တစ်ယောက်ယောက်က ကြည့်နေတယ်ဆိုရင်လည်း Xbox One Gameတွေကို အခြား Deviceတစ်ခုကနေ ကစားနိုင်မှာ ဖြစ်ပါတယ်။

အဲဒီစွမ်းရည်ဟာ Play Station 4 Gamesတွေကို Xperia Phones , Tablets , Play Station TV Mini Consoleကနေ ကစားနိုင်တဲ့ Sonyရဲ့ ဝန်ဆောင်မှုနဲ့ တူညီပါတယ်။

_80432194_22831fa3-a59c-47a3-9da9-3870ba366b80

ခြုံပြောရမယ်ဆိုရင်တော့ Microsoftရဲ့ ကြေညာမှုတွေထဲက အဓိက သတင်းအများစုဟာ HoloLensကလွဲရင် မျှော်လင့်ထားသလိုပါပဲ။

အဓိက မေးခွန်းက အရင် ဝင်းဒိုးဗားရှင်းတွေရဲ့ ရင်းနှီးကျွမ်းဝင်မှုတွေနဲ့ စွမ်းဆောင်ချက် အသစ်တွေက အသုံးပြုသူတွေကို Upgradeလုပ်ဖို့ စွဲဆောင်နိုင်မလားဆိုရယ်၊ ၎င်းရဲ့ မိုဘိုင်း ဂေဟစနစ်မှာပါ အသုံးပြုလို့ရတဲ့ Windows 10ရဲ့ Universal Appsတွေဟာ ပြိုင်ဖက်တွေမှ သုံးစွဲသူများကို စွဲဆောင်နိုင်မလားဆိုတာပါပဲ။်

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *