How-to

Android ဗဟုသုတ

Andriodဆိုတာဘာလဲ ဆိုတာတော့ သိကြမှာပါ။ ဒါပေမဲ့ Androidဖုန်းတစ်လုံးရဲ့ လျှို့ဝှက်ချက်တွေကိုတော့ သိပ်မသိကြပါဘူး။ လျှို့ဝှက်ချက်ဆိုတာ ဘာမှတော့ မဟုတ်ပါဘူး။ သာမာန် အသုံးပြုသူ Userအများစု မသိတဲ့ အကြောင်းလေးတွေပါ။ ဥပမာRecovery Modeဆိုတာကို ကြားဖူးရင် ကြားဖူးပါလိမ့်မယ်။ သူက ဘာလဲဆိုတာ သိမှာမဟုတ်ပါဘူး။ Recovery Modeထဲမှာ ဘာတွေရှိတယ် ဆိုတာလဲသိမှာ မဟုတ်ပါဘူး။ ကျွန်တော်လဲ သိသလောက်ပြောရရင် Recovery Modeဆိုတာ မြင်နေကျ Andriodပုံစံကို မမြင်ရခင် Volume+,Powerခလုတ်တို့ အတူတူနှိပ်ထားပြီး Recovery Modeထဲ၀င်သွားရင် မြင်ရတာကို ပြောတာပါ။ ရှုပ်သွားလားတော့ မသိဘူး။ သိချင်ရင်တော့ ဖုန်းကို Powerပိတ်ပြီး Volume+,Powerခလုတ်ကို နှိပ်ကြည့်ရင် တွေ့နိုင်ပါတယ်။ Recovery Modeထဲ၀င်ပြီး ဘာလုပ်ရမှာလဲ။ လုပ်ဆောင်ချက်တစ်ချို့ကို လုပ်နိုင်ဖို့အတွက် ပါ၀င်နေတာ ဖြစ်ပါတယ်။

ကွန်ပျူတာမှာဆိုရင်တော့ Delete Keyနှိပ်ပြီး Boot Screenပေါ်လာအောင် လုပ်တဲ့ သဘောမျိုးပါ။ Dataတွေကို Back Up/ Restoreလုပ်တာတို့၊ Wipe Cache Partition, Wipe data/ Factory resetလုပ်တာတွေ ပါ၀င်ပါတယ်။ တစ်ချို့ဖုန်းတွေဆိုရင် Memoryကို Recovery Modeထဲကနေ  Partitionကြိုက်သလို ပြန်ပိုင်းနိုင်ပါတယ်။ နောက်ပြီး Pattern Lockမေ့သွားတဲ့အခါတို့ ဖုန်းဟန်းသွားတဲ့ အချိန်တို့ဆိုရင် Recovery Modeထဲ၀င်ပြီး Factory resetလုပ်လိုက်ရင် ပြန်ကောင်း သွားတတ်ပါတယ်။ Recovery Modeဆိုတာ ဒီလို လုပ်ဆောင်ချက်တွေ အပြင် တစ်ခြားလုပ်ဆောင်ချက်တွေ အတွက်ပါ ထည့်ပေးထားတဲ့ Androidရဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ဘာမှမသိသေးတဲ့ Userတွေ အတွက် ဗဟုသုတ ရနိုင်ပါတယ်။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *