News

NSA ရဲ့ ထောက်လှမ်းမှုကို ရပ်တန့်စေမယ့် Blackphone

အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီ ရဲ့ ထောက်လှမ်းမှုတွေကို Google ,Facebook, Microsoft စတဲ့ အမေရိကန် Company တွေရဲ့ ၀န်ဆောင်မှုတွေကို အသုံးပြုသူတိုင်း ကြုံတွေ့ကြရပါတယ်။ NSA က ကွန်ပြူတာတွေသာမက ဖုန်းလိုင်းတွေကိုပါ ထောက်လှမ်းနိုင်တဲ့ အရည်အချင်းလည်းရှိပါတယ်။ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေကိုတောင် NSA က ထောက်လှမ်းခဲ့လို့ ပြဿနာတွေဖြစ်ပွားခဲ့ပါတယ်။ India ရဲ့ ခေါင်းဆောင် မန်မိုဟန်ဆင်းကိုတော့ NSA က ထောက်လှမ်းနိုင်ခြင်း မရှိပါဘူး။ ဘာလို့လဲဆိုတော့ India ၀န်ကြီးချုပ်မှာ Cell Phone နဲ့ အီးမေး မရှိလို့ဖြစ်ပါတယ်။ အဲဒီသတင်းတွေကို အောက်ကလင့် နှစ်ခုမှာ ဖတ်ရှုနိုင်ပါတယ်။

/news/nsa/

/news/india-email-cell-phone/

အခုတော့ NSA က ထောက်လှမ်းလို့ မရမယ့် Cell Phone ကို တီထွင်လိုက်နိုင်ပါပြီ။ Blackphone လို့နာမည်ပေးထားပြီး Android OS ကို ပြုပြင်ထားတဲ့ PrivateOS ကို အသုံးပြုထားပါတယ်။ ဖုန်းခေါ်ဆိုမှုများ၊ စာပေးပို့မှုများ၊ Video Chat ၊ File Transfer များကို လုံခြုံစိတ်ချစွာ ပြုလုပ်နိုင်တယ်လို့ Company က ပြောပါတယ်။ Virtual Private Network ကို အသုံးပြုပြီး ခြေရာဖျောက်ပေးနိုင်တယ်လို့ ဆိုပါတယ်။

အဆိုပါ စီမံကိန်း ကို Silent Circle နဲ့ Firefox OS Device များကိုထုတ်လုပ်တဲ့ စပိန် Company ဖြစ်တဲ့ Geeksphone တို့က ပူးပေါင်းတီထွင်နေတာဖြစ်ပါတယ်။ Silent Circle ရဲ့ ပိုင်ရှင် Zimmermann ဟာ Email Encryption Standard ကို တီထွင်ပြုလုပ်ခဲ့ဖူးလို့ နာမည်ကြီးပါတယ်။ Silent Circle ကို မတည်ထောင်မီ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ Silent Circle ဟာ Encrypted Communication တွေကို အဓိက ပြုလုပ်နေတာဖြစ်ပါတယ်။ Blackphone ဟာ အသုံးပြုသူတွေရဲ့ ပုဂ္ဂလိက အခွင့်အရေးတွေကို ကာကွယ်ပေးမှာဖြစ်ပါတယ် လို့ Zimmermann က ပြောပါတယ်။ Blackphone မှာ စွမ်းဆောင်ရည်မြင့် Specification တွေထည့်သွင်းထားပါတယ်လို့ ဖြည့်စွက်ပြောဆိုပါတယ်။

Blackphone ရဲ့ အသေးစိတ် သတင်းအချက်အလက်တွေကို ဖေဖော်ဝါရီလမှာ ဘာစီလိုနာတွင် ပြုလုပ်မယ့် Mobile World Congress မှာ ထုတ်ဖော်ပြောဆိုမယ်လို့ မျှော်လင့်ရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *