How-to

Android ဖုန်းတွေမှာ Install Blocked ဖြစ်ရခြင်း

install-blocked

ဖုန်းတွေကို အကြောင်းတစ်ခုခုကြောင့် Factory Reset ချလိုက်ပြီဆိုရင်၊ Settingတွေ အကုန်လုံး ပြောင်းလဲသွား တတ်ပါတယ်။ Date and Timeတွေက အစပေါ့။ Settingတွေ အကုန်လုံး ပြန်ပြောင်း ပေးရတတ်ပါတယ်။ Factory Reset ချပြီးသွားပြီဆိုရင် Applicationတွေ အကုန်လုံး ပြန်သွင်းရပါမယ်။ Applicationတွေ ပြန်သွင်းတဲ့အခါ တွေ့ရတတ်တဲ့ Error တစ်ခု အကြောင်း ပြောပြပေးချင်ပါတယ်။

Install Blockedဆိုတဲ့ Errorတစ်ခု ပေါ်လာပါတယ်။ သူက ကိုယ်Install လုပ်မယ့် Applicationတွေကို Blockedလုပ်ထားပါတယ်။ ဖုန်းရဲ့ Security ကြောင့်ပါဆိုပြီး သတိပေးထားတာပါ။ အဲ့ဒီ Errorက အရေးမကြီးပေမယ့် မသိသေးတဲ့ သူအတွက်ကတော့ ဘာဖြစ်တာလဲဆိုပြီး လန့်သွားတတ်ပါတယ်။ အဲ့ဒီ Error ဘာကြောင့် ပေါ်လာတာလဲဆိုတဲ့ အကြောင်းအရင်းက ဖုန်းရဲ့ Unkown Sourcesကို OFF လုပ်ထားလို့ပါ။ On လုပ်လိုက်ရင် Applicationတွေ စိတ်ကြိုက် Install လုပ်လို့ရပါတယ်။ Unkown Sourcesကို ဘယ်မှာ ရှာရမလဲဆိုရင် Settingထဲက Security ထဲမှာရှိပါတယ်။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *